The Natyale Blog

The Blog

image
About Me

Who Is U Natyale?

U Natyale is a history researcher who live in Myanmar and the person who love Myanmar. Why am I making this Blog? The weakness of our Asians is the preservation of historical records. So no matter how great the history of Asians in the past, it is very difficult to find a record in practice. That is why I am writing this blog what I can find all the historical documents that I have access to and study them all, for everyone.

ဦးနတ်ရဲဆိုတာ မြန်မာနိုင်ငံမှာနေထိုင်ပြီး မြန်မာနိုင်ငံကိုချစ်မြတ်နိုးတဲ့ မြန်မာနိုင်ငံသား သမိုင်းဝါသနာရှင်တစ်ဦးမျှသာဖြစ်ပါတယ်။ ကျွန်တော်ဘာလို့ ဒီ Blog ကိုစတင်ရေးသားဖြစ်ခဲ့တာလဲဆိုရင် ကျွန်တော်တို့အာရှသားတွေရဲ့အားနည်းချက်ဟာ သမိုင်းမှတ်တမ်းမှတ်ရာတွေ ထိန်းသိမ်းမှုပဲဖြစ်ပါတယ်။ ဒါကြောင့် အာရှသားတွေရဲ့သမိုင်းဟာ အတိတ်မှာဘယ်လောက်ပဲကြီးကျယ်ခဲ့ကြီးကျယ်ခဲ့ လက်တွေ့မှာတော့ မှတ်တမ်း မှတ်ရာဆိုတာ ရှာဖွေရအလွန်ခက်ပါတယ်။ ဒါကြောင့် လက်လှမ်းမီသမျှ သမိုင်းမှတ်တမ်းတွေကို တစ်ခုမကျန်ရှာဖွေနေပြီး အားလုံးလေ့လာနိုင်အောင် ဒီ Blog ကို စီစဉ်ရေးသားရခြင်းဖြစ်ပါတယ်။


Education
University of Economics

Bachelor of Business Administration

College of Awesomeness

Diploma in International Pali Language

School of Amusement

Bachelor of Fine Arts


Experience
Lead Researcher

Myanmar History Lover Team

Author

First Light of Mandalay Journal

Free Lance

History researcher


My Skills
Community Engagement
Reading
Researching
Writing

764

Awards Won

1664

Happy Customers

2964

Projects Done

1564

Article Done

Credit Page

ကျွန်ုပ်၏ရည်မှန်းချက်

အတိတ်မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများ၊ သမိုင်းဖတ်စာများတွင်မပါသည့်လစ်ဟာချက်များအား တစ်နေရာတည်းတွင် ပြည့်ပြည့်စုံစုံလေ့လာနိုင်စေရန်အတွက်စီစဉ်ရေးသားသွားရန်

စာမူပေးပို့လိုပါက

သင်ကိုယ်တိုင်လည်း သမိုင်းဖြစ်စဉ်များကိုမြတ်နိုးဝါသနာပါပြီး မိမိသိသမျှကိုအခြားသူများအား Knowledge Sharing ပြုလုပ်လိုပါက Contact box တွင် လွတ်လပ်စွာဆက်သွယ်နိုင်ပါသည်

How to Supprot Me

ယခု Blog အားရေးသားနေခြင်းသည် ဝါသနာအရ မိမိကိုယ်ပိုင်စိုက်ထုတ်ငွေအင်အား၊ လူအင်အား၊ လေ့လာမှုအင်အားဖြင့် ဆောင်ရွက်နေခြင်းသာဖြစ်ပြီး ဤ Blog ရည်ရှည်တည်တံ့နိုင်ရေးအတွက် ထောက်ပံ့ပေးနိုင်မည့်အဖွဲ့အစည်းများအားလဲ လက်ကမ်းကြိုဆိုလျှက်ရှိပါသည်။

မှီငြမ်းကိုးကားမှုများ

ဤ Blog အတွင်းရေးသားထားသည့် ဆောင်းပါးများသည် အထွေထွေအရပ်ရပ်သော ရှေးဆရာကြီးများပြုစုထားသည့် ကျမ်းအစောင်စောင်မှလည်းကောင်း၊ မိမိကိုယ်တိုင်သွားရောက်လေ့လာ၍သော်လည်းကောင်း စီစဉ်ရေးသားခြင်းဖြစ်ပါသည်။

ဓာတ်ပုံအသုံးပြုမှုများ

ဤ Blog အတွင်းအသုံးပြုထားသည့် ဓာတ်ပုံများအား ဓာတ်ပုံ Free Support ပေးသည့် Pexels.com မှလည်းကောင်း အခြားအခြားသော ပညာရှင်များရိုက်ကူးထားသည့် ဓာတ်ပုံများအား ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ စာရေးသားကိုယ်တိုင် ရိုက်ကူးထားခြင်းဖြင့်လည်းကောင်း ဖော်ပြပါသည်။

အနာဂတ်တွင်

အနာဂတ်တွင် သမိုင်းဖြစ်စဉ်များအား မှတ်တမ်းမှတ်ရာများဖြင့် လေ့လာနိုင်မည့် Online စာဖတ်ခန်းတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါသည်

The Articles

မွန်ဂိုတွေပုဂံကိုသိမ်းပိုက်ခဲ့ပေမဲ့ ဘာလို့မြန်မာပြည်တရုတ်လက်ထဲမရောက်ခဲ့ရသလဲ

 

ခရစ်နှစ် ၁၂၈၇ ခုနှစ် ကူဗလိုင်ခန်မင်းကြီး၏ မွန်ဂိုတပ်များသည် ပုဂံနိုင်ငံတော်အားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပုဂံတပ်များ ငဆောင်ချမ်းတိုက်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီးနောက် ဗန်းမော်အငူတိုက်ပွဲ၊ မန်လည်တောင်တိုက်ပွဲတို့တွင် ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် မွန်ဂိုတပ်များ တရုတ်မော်တွင်တပ်စွဲထားရာ ပုဂံပြည့်ရှင် နရသီဟပတေ့သည် မြို့ကိုစွန့်ခွာ၍ အောက်ပြည်အောက်ရွာသို့ ထွက်ပြေးခဲ့ပါသည်။ ထို့အချိန်တွင် ဆရာတော်ရှင်ဒိဿာပါမောက်မှ တရုတ်ပြည်သို့စွန့်စားထွက်ခွာ၍ မွန်ဂိုဘုရင်ကူဗလိုင်ခန်မင်းနှင့်တွေ့ဆုံ၍ တရားဟောပြောခဲ့ရာ ကူဗလိုင်ခန်မင်းသည် ပုဂံနေပြည်တော်မှ ထွက်ပြေးသွားသည့် တရုတ်ပြေးမင်းခေါ်  နရသီဟပတေ့မင်းအား လိုက်လံဖမ်းဆီးမည့်အစီအစဉ်ကိုဖျက်သိမ်းခဲ့ပါသည်။ ထို့နောက် မွန်ဂိုတပ်များသည် ဂျပန်နိုင်ငံသို့သွားရောက်ကျူးကျော်တိုက်ခိုက်နေရသဖြင့် ထိုနှစ်များတွင် မွန်ဂိုတို့သည် ကျန်ရှိနေသောအောက်မြန်မာနိုင်ငံအား ဆက်လက်သိမ်းပိုက်ခြင်းမပြုပေးပေ။


 မြန်မာနိုင်ငံအားဆက်လက်သိမ်းပိုက်မပြုသေးမီကာလ ၁၂၉၇ ခုနှစ် ဒီဇင်ဘာလတွင် ရှမ်းညီနောင်သုံးဦးတို့သည် ပုဂံမင်းဆက်၏နောက်ဆုံးမင်းဖြစ်သည့် ကျော်စွာမင်းအားနန်းချကာ မြင်စိုင်း၊ ပင်းယနှင့် ပင်လယ်မြို့တို့တွင် အသီးသီးနိုင်ငံထူထောင်လိုက်ကြလေသည်။ ထိုအချိန်တွင် အထက်မြန်မာနိုင်ငံတွင် တကောင်းကိုဗဟိုပြုကာ မွန်ဂိုတပ်များတပ်စွဲထားပြီး အထက်မြန်မာနိုင်ငံကိုလဲ တရုတ်ပြည်၏ပိုင်နက် "မီယန်ချွန်" ပြည်နယ်အဖြစ်ထည့်သွင်းထားလေသည်။ ရှမ်းညီနောင်သုံးဦးတို့သည် ကျော်စွာမင်း၏သားစောမွန်နစ်အား ပုဂံဘုရင်အဖြစ်ထားရှိခဲ့သော်လည်း ရုပ်သေးဘုရင်အဖြစ်သာစိုးစံရလေသည်။ ပုဂံမင်းဆက်၏နောက်ဆုံးသွေးဖြစ်သည့် ကျော်စွာမင်းနန်းကျပြီးနောက် သားတော်နောက်တစ်ဦးဖြစ်သည့် ကုမာရကဿဖမင်းသားသည် တရုတ်ပိုက်နက်အတွင်းသို့ဝင်ရောက်ခိုလှုံခဲ့လေသည်။ ထိုအချိန်မှသာ ဂျပန်နိုင်ငံသိမ်းပိုက်ရေးကို အာရုံရောက်နေသည့် မွန်ဂိုတပ်များသည် အောက်မြန်မာနိုင်ငံကိုဆက်လက်သိမ်းပိုက်ရန်စီစဉ်လေသည်။ ခရစ်နှစ် ၁၃၀၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြင်စိုင်းတပ်များသည် မန္တလေးမြို့မြောက်ဘက်ရှိ မွန်ဂိုတို့၏ခံတပ်များသည်ဖြစ်သည့် စဉ့်ကူးခံတပ်နှင့် အခြားခံတပ်များအား ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြလေသည်။ 


ထို့ကြောင့် မွန်ဂိုအစိုးရမှ ကုမာရကဿဖမင်းသားသာလျှင် မြန်မာနိုင်ငံ၏ ဘုရင်ဖြစ်ကြောင်းကြေငြာ၍ ၁၃၀၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တွင် တကောင်းရှိမွန်ဂိုတပ်များသည် ယူနန်တွင်တပ်စွဲထားသည့်တပ်များနှင့်ပူးပေါင်း၍ မြင်စိုင်းနိုင်ငံတော်အားချီတက်သိမ်းပိုက်လေသည်။ သို့သော် အင်အားကြီးမားလှသောမွန်ဂိုတပ်များကို မြင်စိုင်း၏နာမည်ကျော်ကာစွဲကိုင်တပ်ဖွဲ့များမှ ရုတ်တရက်အလစ်ဝင်ရောက်တိုက်ခိုက်၍ မိုးရာသီတစ်လျှောက်လုံး မွန်ဂိုတပ်များမြင်စိုင်းသို့မရောက်ရှိရေး ဖြည်းဖြည်းချင်းအချိန်ဆွဲ၍တိုက်ခိုက်ရာ မြန်မာပြည်တောနက်အတွင်းတွင် မွန်ဂိုတပ်များသည် မြန်မာပြည်ငှက်ဖျားဒဏ်ကိုခံရခြင်း၊ မြွေကင်းပေါများလှခြင်းတို့ကြောင့် အင်အားချိနဲ့လာလေသည်။


ခရစ်နှစ် ၁၃၀၁ ခုနှစ် ဇန်နဝါရီလတွင် မွန်ဂိုတပ်များသည် မြင်စိုင်းအားဝိုင်းမိလေသည်။ သို့သော် ပုဂံအား လျှင်လျှင်မြန်မြန်သိမ်းပိုက်နိုင်လိုက်သော မွန်ဂိုတပ်များသည် မြင်စိုင်းသို့ရောက်ရှိသည့်အချိန်တွင် အင်အားချိနဲ့၍ စိတ်ဓာတ်ကျဆင်းနေပြီဖြစ်ပါသည်။ ၎င်းကိုအခွင့်ကောင်းယူ၍ မြင်စိုင်းတပ်များသည် မြို့ရိုးပေါ်မှနေရ မွန်ဂိုတပ်များအတွင်းသို့ မြှားမိုးရွာခြင်း၊ မြင်းသည်တော်များဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခြင်း၊ မွန်ဂိုများတပ်စွဲရာ နေရာများဆီသို့ ကင်း၊ မြွေနှင့်အဆိပ်ရှိသောသတ္တဝါများ လွှတ်ခြင်းစသည့်နည်းလမ်းမျိုးစုံတို့ဖြင့် အမျိုးမျိုး ဒုက္ခပေးလေရာ ခရစ်နှစ် ၁၃၀၁ ခုနှစ် ဧပြီလတွင် မွန်ဂိုတပ်များအား မြင်စိုင်းစစ်မျက်နှာမှပြန်လည်ဆုတ်ခွာခဲ့ရပါသည်။ မြင်စိုင်းတွင်စစ်ရှုံးခဲ့သည့်အတွက် မွန်ဂိုဗဟိုအစိုးရသည် ပါဝင်တိုက်ခိုက်ခဲ့သည့် မွန်ဂိုတပ်မှူးများအား ကွပ်မြတ်ခဲ့ပြီးနောက် ကူဗလိုင်ခန်မင်း၏နောက်ပိုင်း တီမူရာခန်မင်းလက်ထက်တွင် မွန်ဂိုများအချင်းချင်းသွေးကွဲကြပြီး မွန်ဂိုအင်ပါယာကြီး (၄)ပိုင်းကွဲသွားရာ အင်အားချိနဲ့လာသဖြင့် တကောင်းတွင်တပ်စွဲထားသည့် မွန်ဂိုတပ်များသည် ၁၃၀၃ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံအတွင်းမှ လုံးဝတပ်ဆုတ်သွားခဲ့ပါသည်။ ဤသို့ဖြင့် ပထမမြန်မာနိုင်ငံတော်ကြီးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သော မွန်ဂိုတပ်များအား မြင်စိုင်းနိုင်ငံငယ်ကလေးမှ တိုက်ခိုက်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအား မွန်ဂိုတို့သိမ်းပိုက်မည့်အရေးမှ ကာကွယ်နိုင်ခဲ့ပါသည်။


ဦးနတ်ရဲ


ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ဖျားက ကမ္ဘာကျော်ခံတပ်ကြီးများ



ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗြိတိသျှတပ်များသည် မြန်မာနိုင်ငံကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီးနောက် မဟာမိတ် တရုတ်တပ်များနှင့် ဆက်သွယ်ရန်လမ်းကြောင်းများအားလုံးအား ဂျပန်တပ်များက ထိန်းသိမ်းထား လိုက်သည့်အတွက် မဟာမိတ်တပ်များစုပေါင်း၍ Burma Campaign ထိုးစစ်အဖြစ် ဂျပန်တို့၏ လှုပ်ရှားမှုများအား ရပ်တံ့သွားနိုင်ရေးအတွက် အစီအစဉ်များချမှတ်၍ တိုက်ခိုက်ရန်စီစဉ်ကြလေတော့သည်။ ကမ္ဘာကျော်အင်ဖာထိုးစစ်ကြီးအပြီး အင်အားချိနဲ့သွားသော ဂျပန်တပ်များအား မြန်မာပြည်မြောက်ဖျားပိုင်း ဒေသမှ တိုက်ထုတ်ရန်အတွက် ပျောက်ကြားထိုးစစ်ကြီးကို မဟာမိတ်တပ်များစီစဉ်ကြလေတော့သည်။ 

မြန်မာပြည်မြောက်ဖျားပျောက်ကြားထိုးစစ်ကြီးအတွက် ပျောက်ကြားစစ်များတွင်နာမည်ကျော်သည့် ဗြိတိသျှ ဗိုလ်ချုပ်ဝင်းဂိတ်မှ ဦးဆောင်တာဝန်ယူပြီး ပျောက်ကြားစစ်ပွဲကိုဆင်နွဲရန်အတွက် ယခင်က ရည်ရှည်ပျောက်ကြားစစ်ပွဲများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အမှတ်(၇၇)အိန္ဒိယခြေမြန်တပ်မကြီးမှ စစ်သည်များအား ဗိုလ်ချုပ်ဝင်းဂိတ်ကိုယ်တိုင်အိန္ဒိယတောများအတွင်း ခက်ခဲကြမ်းတမ်းသည့်မိုးရာသီအတွင်းတွင် လေ့ကျင့်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ဘုရင့်လီဗာပူးတပ်ရင်းမှ အမှတ်(၁၃)တပ်ခွဲ၊ အမှတ်(၁၄၂)ကွန်မန်ဒိုတပ်ရင်း၏အမှတ်(၃)တပ်ခွဲ၊ အမှတ်(၂)ဂေါ်ရခါးတပ်ရင်း၏ အမှတ်(၂)တပ်ခွဲ၊ ဗားမားရိုင်ဖယ်တပ်များကိုစုစည်း၍ မြန်မာပြည်မြောက်ပိုင်းတွင်လှုပ်ရှားမည့် တပ်ဖွဲ့ကြီးအဖြစ်ဖွဲ့စည်းခဲ့ပါသည်။

ယင်းတပ်ဖွဲ့များကိုစုစည်းပြီးနောက် မြန်မာပြည်မြောက်ဖျားတွင်စစ်ဆင်ရေးများဆောင်ရွက်ရန် အထူးတပ်ဖွဲ့အဖြစ် "ချင်းဒချ်"တပ်ဖွဲ့ဟု နာမည်ပေးခဲ့ပြီး အဆိုပါနာမည်ကို မြန်မာအမည်ခြင်္သေ့အား မပီမသရွတ်ဆိုရာမှ တွင်ခဲ့သောနာမည်ဖြစ်ပြီး မြန်မာလူမျိုးဗိုလ်ကြီးအောင်သင်းမှ အကြံပြုခဲ့ခြင်းဖြစ်ပါသည်။ ၎င်းတပ်ဖွဲ့ကြီး၏ စစ်ချီရာလမ်းတစ်လျှောက်တွင် ရိက္ခာများထောက်ပံ့ပေးနိုင်ရန် လေကြောင်းမှထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြပြီး၊ စစ်သည်များအားလုံးမြန်မာပြည်တောနက်များအတွင်းတွင် ပုန်းအောင်နေထိုင်နိုင်ရန် အထူးလေ့ကျင့်ကြရပါသည်။ တပ်ဖွဲ့ကြီး၏ဖွဲ့စည်းပုံအားလည်း ဗြိတိသျှတို့၏တပ်ရင်းဖွဲ့စည်းပုံမှခွဲထွက်၍ လက်နက်ငယ်များနှင့် ၂ လက္မစိန်ပြောင်းကိုင်တပ်ဖွဲ့ငယ်များ၊ ထောက်ပံ့ရေးအဖွဲ့များအဖြစ် တင့်ဖျက်လက်နက်ကိုင်များ၊ လေယာဉ်ပစ်လက်နက်ကိုင်များ၊ ဆက်သွယ်ရေးတပ်များဖြင့်ဖွဲ့စည်းခဲ့ပြီး ဆေးတပ်ဖွဲ့နှင့် ဆက်သွယ်ရေးတပ်ဖွဲ့ကို တပ်ဖွဲ့ဌာနချုပ်တွင်သာထားရှိရန် အစီအစဉ်များပြုလုပ်ခဲ့ကြပါသည်။ 

၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကြာသာပတေးစစ်ဆင်ဆင်ရေး (Operation Thursday)အဖြစ် အင်အား ၈၀၀၀ ခန့်ရှိသော ချင်းဒချ်တပ်ဖွဲ့များသည် အခြားတပ်ဖွဲ့များနှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ချီတက်လာခဲ့ကြပါသည်။ ဗိုလ်မှူးချုပ်ဖာဂူဆန်၏ အမှတ်(၁၆)ခြေလျင်တပ်မသည် လီဒိုလမ်းမကြီးအတိုင်း ဂျပန်တပ်များ၏နောက်ကျောဖက်သို့ချီတက်ခဲ့ပါသည်။ ၁၉၄၄ ခုနှစ် မတ်လတွင် မဟာမိတ်တပ်များသည် အင်ဖာတွင်စစ်ရှုံးထားသော ဂျပန်တပ်များ၏နောက်ကျောမှ ဝင်ရောက်တိုက်ခိုက်နိုင်ရန် လေယာဉ်ကွင်းအပါအဝင် ခံတပ်များတည်ဆောက်ခဲ့ရပြီး ၎င်းတို့အထဲတွင် ဗိုလ်မှူးချုပ် မိုက်ကယ် ကယ်လ်ဗတ်၏ Broadway ဟု အမည်ဝှက်ပေးထားသည့် လေယာဉ်ကွင်းနှင့်  မော်လူးမြို့အနီး ဟဲနုကျေးရွာရှိ မြို့တော်ဖြူခံတပ်(White City)ခံတပ်တို့လည်းပါဝင်ပါသည်။ မြို့တော်ဖြူခံတပ်(White City) ခံတပ်သည် ချင်းဒချ်တပ်ဖွဲ့များမှ ဂျပန်များအား ရက်သတ္တပတ်များစွာခုခံထားခဲ့နိုင်သည့် မြန်မာပြည်ထိုးစစ်တွင်အရေးပါသောခံတပ်တစ်ခုလည်းဖြစ်ပါသည်။ မြို့တော်ဖြူ( White City)ဟု အမည်ပေးခဲ့ရခြင်းမှာလည်း Broadway လေယာဉ်ကွင်းသို့ မဟာမိတ်လေတပ်များမှ ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများချပေးသည့်အခါ လေထီးဖြူဖြူများ တောင်ရိုးတစ်လျှောက် ဖုံးအုပ်နေသည့်အတွက်ထိုကဲ့သို့အမည်ပေးခဲ့ကြခြင်းလည်းဖြစ်ပါသည်။
မြို့တော်ဖြူခံတပ်နေရာအား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့စဉ်

ထို့အပြင် ဂျပန်တပ်များသည်လည်း အင်ဖာထိုးစစ်နှင့် Broadway လေယာဉ်ကွင်းအားသိမ်းပိုက်နိုင်ရေးအတွက်တိုက်ခိုက်သည့် မြို့တော်ဖြူခံတပ်တိုက်ပွဲတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်သားများအား ကုသနိုင်ရေး အင်းတော်မြို့တွင် မြေအောက်စစ်ဆေးရုံကြီးအား အခိုင်အမာတည်ဆောက်ခဲ့ကြပါသည်။ ၎င်းစစ်ဆေးရုံကြီးအားလည်း ၂၀၁၈ ခုနှစ်မှစတင်၍ မြို့နေဒေသခံများဦးဆောင်၍  ပြန်လည်တူးဖော်လျှက်ရှိပါသည်။ ၎င်းမြေအောက်စစ်ဆေးရုံသည် အင်းတော်ချောင်းအနီးရှိ တောင်ကုန်းအတွင်း ဝှက်၍တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ဆေးရုံတူးဖော်ရာမှရရှိသည့် စစ်ကျန်သမိုင်းမှတ်တမ်းဝင်ပစ္စည်းများအားထိန်းသိမ်းထားနိုင်ရန် ကိုယ်ထူကိုယ်ထသမိုင်းပြတိုက်တည်ဆောက်ထားရှိပြီး စစ်ဆေးရုံတူးဖော်ခြင်းလုပ်ငန်းမှာ ပြီးမြောက်သေးခြင်းမရှိသေးပါ။ 

စစ်ဆေးရုံအတွင်းသို့ဝင်သည့် လှိုဏ်ပေါက်တစ်နေရာ

ထိုနေရာများသည် မြန်မာပြည်ထိုးစစ်တွင်ပါဝင်ခဲ့သည့် ချင်းဒချ်တပ်ဖွဲ့များနှင့် ဂျပန်တပ်ဖွဲ့တို့၏ အရေးပါသောနေရာများအဖြစ် ယနေ့တိုင်တည်ရှိလျှက်ရှိပြီး မြို့တော်ဖြူခံတပ်သို့လည်းကောင်း ဂျပန်စစ်ဆေးရုံနေရာသို့လည်းကောင်း ပြည်ပခရီးသွားဧည့်သည်များလာရောက်လေ့လာလျှက်ရှိပြီး ထိုဒေသတွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ဆွေမျိုးများမှ မကြာခဏအရိုးကောက်လာရောက်လေ့ရှိပြီး ကျဆုံးခဲ့သူများအတွက် ဆုတောင်းခြင်းများပြုလုပ်ပေးလေ့ရှိကြပါသည်။

ချင်းဒချ်တပ်များ၏လက်မောင်းတံဆိပ်
ထို့အပြင် လန်ဒန်မြို့တွင်လည်း မြန်မာပြည်ထိုးစစ်တွင် အသေအကျေတိုက်ခိုက်ခဲ့ကြသော နှစ်ဖက်စစ်သည်များ၏ရေးသားထားသည့်မှတ်တမ်းမှတ်ရာများ၊ ဓာတ်ပုံများ၊ သမိုင်းမှတ်တမ်းများအားထိန်းသိမ်းထားရှိရန်နှင့်ကျန်ရစ်သူမိသားစုဝင်များနှစ်ဖက်သင့်မြတ်နိုင်ရေးတို့အတွက် Burma Campaign Society အဖွဲ့ကိုဖွဲ့စည်းထားလျှက်ရှိပါသည်။ 

ဦးနတ်ရဲ






မြန်မာတို့ရဲ့မြေအောက်ခံတပ်ကြီးနှင့် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ



ခရစ်နှစ် ၁၈၈၅ ခုနှစ် နှောင်းပိုင်းကာလ

တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ စတင်တော့မည့် ခရစ်နှစ် ၁၈၈၅ ခုနှစ်နှောင်းပိုင်းကာလများတွင် ဘုံဘေဘားမားသစ်ကိစ္စပေါ်ပေါက်လာပြီးနောက် အင်္ဂလိပ်တပ်များ အင်အားအလုံးအရင်းဖြင့် အထက်မြန်မာနိုင်ငံ ကုန်းဘောင်နိုင်ငံတော်အားသိမ်းပိုက်ရန်ချီတက်လာခဲ့သည်။ ထို့ကြောင့် ကုန်းဘောင်နိုင်ငံတော်မှလည်း ခုခံတိုက်ခိုက်ရန် စစ်ပြင်ရလေတော့သည်။ မြန်မာတို့သည် အစဉ်အဆက်ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့များဖွဲ့စည်းပြီး စစ်အင်အားကိုထူထောင်ခဲ့ရာ အစဉ်အဆက်တိုက်ပွဲကြီးများတွင် မြန်မာတပ်များဘက်မှ အင်အားသိန်းချီစေလွှတ်နိုင်ခဲ့သော်လည်း ကုန်းဘောင်ခေတ်၏နောက်ဆုံးနေဝင်ချိန် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအတွင်း သီပေါဘုရင်စေလွှတ်ခဲ့သည့် အင်အားစုစုပေါင်းမှ ထောင်ပြုတပ်(၃၀) စုစုပေါင်းအင်အား (၃၀၀၀၀)ခန့်သာရှိလေသည်။

အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်ရန် မြန်မာဘုရင်ဘက်မှ ရေကြောင်းအထူးကျွမ်းကျင်သည့်လှေသင်းအတွင်းဝန်မင်းကြီးအားဦးဆောင်စေ၍ အောက်မြစ်စဉ်စစ်ကြောင်း၊ အက္ကပတ်မြင်းဝန်ဦးစီးသည့် တောင်တွင်းကြီးစစ်ကြောင်း၊ မန္တလေးရွှေမြို့တော်ဝန် ဗိုလ်ချုပ်ရွှေလှံဗိုလ်ဦးစီးသည့် တောင်ငူစစ်ကြောင်းအဖြစ် စစ်ကြောင်းကြီး (၃)ကြောင်းခွဲ၍ ခုခံရန်စေလွှတ်လိုက်လေသည်။ အောက်မြစ်စဉ်စစ်ကြောင်းတွင် စစ်သည် ၃၄၀၀၊ အမြောက်ကြီး (၁၀)လက်၊ စိန်လက်နက် (၁၀)ခုနှင့်အခြားအမြောက်ငယ်များပါရှိလေသည်။

စစ်ဦးစီးဖြစ်သည့် လှေသင်းအတွင်းဝန်ကြီးသည် ၎င်းအင်အားစုများအား ဆင်ပေါင်ဝဲခံတပ်၊ ထူးပေါက်ခံတပ်၊ ကွေ့ချောင်းခံတပ်၊ မင်းလှခံတပ်တို့တွင်ခုခံရန်အင်အားဖြည့်တင်းထားလိုက်သည်။ နောက်ချန်တပ်အဖြစ်အင်းဝဆင်ကျုံးခံတပ်နှင့် စစ်ကိုင်းအစေခံခံတပ်တို့တွင် ကနောင်မင်းသားကြီး၏လူယုံ ဗိုလ်ချုပ်ကြီးရွှေဗြင်ဦးစီးသည့် စစ်တပ်ကြီးကတပ်စွဲထားလေသည်။ အင်္ဂလိပ်တပ်များဘက်မှ အင်္ဂလိပ်တို့ဘက်မှလည်း ရေကြောင်းဗိုလ်ချုပ်ကြီး ဆာ-ဖရက်ဒရစ်ချတ်၏ (ကပ္ပတိန် အာရ်- ဝုဒ်ဝပ်) ရေကြောင်းတပ်စုပြီးမှ ဦးစီးသော ရေတပ်ဖွဲ့တဖွဲ့ပါရှိသည်။ ၎င်းအဖွဲ့တွင် သင်္ဘော ၂၄ စင်း၊ တွဲသမ္ဗာန်ကြီး ၂၃ စင်း ပါဝင်သည်။ ခြေလျင်တပ်ကို ဗြိတိသျှတပ်မဟာ ( ၃ )၊ အိန္ဒိယ အမျိုးသားတပ်မဟာ (၇)၊ စစ်မြေပြင် စက်မှု-လက်မှု တပ်ခွဲပေါင်း (၆) တပ်၊ မြေပြင်အဝေးပစ် အမြောက်တပ်ကြီး တပ်တစ်တပ်၊ တောင်ပေါ်ပစ်အမြောက်တပ်ဖွဲ့ ၃ ဖွဲ့စသည်အားဖြင့် အင်အားပေါင်း ၁၀၀၀၀ ကျော်ပါဝင်၍ အမြောက်ကြီး (၇၀)ကျော်ပါဝင်ကာ အမြန်ပစ်ခတ်နိုင်သည့် စက်သေနတ်များလည်းပါဝင်လေသည်။

မြန်မာတပ်များဘက်မှပြင်ဆင်ထားသည့် အောက်မြစ်စဉ်ကြောင်းရှိ ခံတပ်ကြီးများသည် အဆင့်မြင့်သောခံတပ်ကြီးများဖြစ်ပါသည်။ အင်းဝခံတပ်နှင့်စစ်ကိုင်းခံတပ်ကြီးများအကြားတွင် ရေမြုတ်ဗုံးများထောင်ထားသကဲ့သို့ စစ်ကိုင်းခံတပ်သည် ဧရာဝတီမြစ်ရေတက်ချိန်တွင် မြစ်ရေနှင့်တစ်တန်းတည်းကျ၍ ပျောက်နေစေရန်တည်ဆောက်ထားသည့် နည်းပညာမြင့်ခံတပ်ကြီးဖြစ်၍ ကွေ့ချောင်းခံတပ်ကြီးသည် ကနောင်မင်းသားကြီးကိုယ်တိုင်ဦးစီးတည်ဆောက်ထား၍ (၃)ဆင့်ခံတပ်ကြီးဖြစ်ကာ တတိယအဆင့်သာမြေပေါ်တွင်ပေါ်၍ ပထမအဆင့်နှင့် ဒုတိယအဆင့်မှာ မြေအောက်တွင်ငုတ်လျှိုးတည်ဆောက်ထားလေသည်။

ခရစ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အင်္ဂလိပ်တပ်များသည် အင်္ဂလိပ်-မြန်မာနယ်ခြားစည်းကိုကျော်ဖြတ်၍ ဆင်ပေါင်ဝဲခံတပ်သို့ အင်္ဂလိပ်တို့အား ကြည်းရေစုစုပေါင်းအင်အား (၁၀၀၀၀)ခန့်ဖြင့်ဝင်ရောက်တိုက်ခိုက်လေသည်။ ဆင်ပေါင်ဝဲခံတပ်ကြီးကျဆုံးခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထူးပေါက်ခံကတုတ်တွင်အားထပ်မံတိုက်ခိုက်ရန်ချီတက်လာခဲ့လေသည်။ ၃ နာရီခန့်အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ထူးပေါက်ခံကတုတ်ကျဆုံး၍ မြန်မာတပ်များ ကွေ့ချောင်းခံတပ်သို့ဆုတ်ခွာခဲ့ရပြီး အင်္ဂလိပ်တပ်များမှ ခံကတုတ်အားမီးရှို့၍ မြန်မာဘုရင်ပိုင် ကြေးနန်းရုံကိုပါသိမ်းပိုက်ခဲ့ပါသည်။

ထို့နောက် အောက်မြစ်စဉ်ကြောင်းချီ အင်္ဂလိပ်ရေတပ်သည် ကွေ့ချောင်းခံတပ်ကြီးအား တိုက်ခိုက်ရန် ချီတက်လာခဲ့လေသည်။ ကွေ့ချောင်းခံတပ်ကြီးသည် တောင်နံရံအားဖောက်၍ တံတိုင်းကြီးများဖြင့် တည်ဆောက်ထားသောခံတပ်ကြီးဖြစ်ကာ (၁၂)ပေမြင့်ကာ ထု (၄)ပေအထိထူသော ထုထည်ကြီးမားသည့်ခံတပ်ကြီးအမျိုးအစားတွင်ပါဝင်ပြီး ဧရာဝတီမြစ်စွယ်မြစ်ရေသည် ခံတပ်အခြေအထိသို့ရောက်ရှိကာ ၎င်းမြစ်ရေစီးကြောင်းအတွင်းမျောပါသွားပါက ခံတပ်မှပစ်သမျှ လှိမ့်ခံရမည့်အနေအထားဖြစ်စေရန် ကနောင်မင်းသားကြီးဦးဆောင်၍ အီတာလျှံလူမျိုးအင်ဂျင်နီယာများနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်းတည်ဆောက်ထားသောခံတပ်ကြီးဖြစ်ပါသည်။ ထို့ပြင်ခံတပ်အတွင်းတွင် (၁၄)ပေကျယ်၍ အလျား (၁၆၉)ပေရှည်သော မြေအောက်ဥမင်ကြီးအား ခံတပ်၏ဒုတိယအဆင့်အဖြစ်တည်ဆောက်ထားပြီး ထိုဥမင်အတွင်းတွင် တိုက်ဆင်များထားရှိရန် စီစဉ်ဆောင်ရွက်ထားကာ ပထမအဆင့်မြေအောက်ခံတပ်ကြီး၏အလယ်တွင် အလျား(၇၂)ပေ၊ အနံ(၁၇)ပေ အနက်(၈၅)ပေရှိရေကန်ကြီးထားရှိ၍ ရေသိုလှောင်နိုင်ရန် ဆောင်ရွက်ထားသည့်ကနောင်မင်းသားကြီး၏အစီအမံပင်ဖြစ်ပါသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်စောစောတွင် ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်၏ရေကြောင်းချီတက်များသည် ကွေ့ချောင်းခံတပ်ကြီးအနီးသို့ရောက်ရှိလာခဲ့လေသည်။ ရှေ့ခံတပ်ငယ်များအား အလွယ်တကူအနိုင်ရရှိခဲ့သော အင်္ဂလိပ်တပ်များသည် မြန်မာတို့၏ခံတပ်ကြီးအားအထင်အမြင်သေးစွာဖြင့် ဧရာဝတီစစ်သင်္ဘောကြီးဦးဆောင်၍ ခံတပ်အနီးသို့ချဉ်းကပ်လာလေသည်။ အင်္ဂလိပ်တို့ခံတပ်အနီးသို့ရဲတင်းစွာချဉ်းကပ်လာခြင်းမှာ ရှေ့တိုက်ပွဲများတွင် ဖမ်းဆီးရမိခဲ့သော အီတာလျံလူမျိုးအင်ဂျင်နီယာများသည် ကွေ့ချောင်းခံတပ်ကြီးအတွင်းတွင် စစ်သည် ၁၅၀ ခန့်နှင့် သံလုံးအမြောက် ၁၀ လက်ခန့်သာရှိကြောင်း သတင်းမှားပေးသဖြင့် ရဲတင်းစွာချဉ်းကပ်လာခြင်းဖြစ်သည်။ သို့သော် ထူးပေါက်ခံကတုတ်တိုက်ပွဲဖြစ်စဉ်ကပင် ကွေ့ချောင်းခံတပ်သို့ အောက်မြစ်ကြောင်းချီတပ်ဖွဲ့များမှ လှေသင်းဗိုလ် မင်းကျော်သိဒ္ဓိရန်အောင်နှင့် စစ်သည် ၅၅၀၊ ကနောင်မင်းသား၏ လက်နက်စက်ရုံမှထုတ်လုပ်သည့် ဝဇီရာဓုတခေါ် ခေတ်မီနှစ်ဆင့်ကွဲ တာဝေးပစ်အမြောက်ကြီး (၁၀)လက် စစ်ကူရောက်ရှိနေ သည်ကို အင်္ဂလိပ်တို့သိရှိခဲ့ခြင်းမရှိချေ။


ဧရာဝတီစစ်သင်္ဘောနှင့်အခြားစစ်သင်္ဘောငယ်များ ခံတပ်အနီးသို့ချဉ်းကပ်မိစဉ်မှာပင် ကနောင်မင်းသားကြီးကြိုတင်တွက်ဆထားသည့်အတိုင်းပင် ရေစီးကြောင်းဖြင့်မျော၍ သင်္ဘောများအား ထိန်းသိမ်း၍မရဖြစ်နေသည့်အချိန်တွင် ခံတပ်ပေါ်မှ မြန်မာတပ်များကစိတ်ကြိုက်ပစ်ခတ်ကြလေတော့သည်။ စစ်သင်္ဘောများစက်ကုန်ဖွင့်၍ ရေစီးကြောင်းအားအံတုနိုင်ရန်ကြိုးပမ်းသော်လည်း မြန်မာတပ်များ၏ပစ်ခတ်မှုအားခံနိုင်ခြင်းမရှိဘဲ အတင်းပြန်ဆုတ်ရကာ ဧရာဝတီစစ်သင်္ဘာကြီး၏ ဦးပိုင်းသည်အကြီးအကျယ်ပျက်စီးသွားပြီး အခြားသင်္ဘာငယ်များ နစ်မြုတ်ကြကုန်လေသည်။ ပထမထိုးစစ်ရှုံးနိမ့်သွားသောအခါ ဗိုလ်ချုပ်ကြီးပရင်ဒါဂတ်သည် ဧရာဝတီစစ်သင်္ဘောထက် ပို၍စက်အားကောင်းသော ကတ်တလင်းစစ်သင်္ဘောအားအစားထိုးချီတက်စေ၍ ခံတပ်အား ပစ်ခံစေသည်။ ထိုအချိန်တွင် ခံတပ်၏အောက်ဖက်ပတ္တနဂိုရ်မှ ဘင်္ဂလားတပ်များမှ ကမ်းတပ်၍ ခံတပ်အားနှစ်ဖက်ညှပ်တိုက်ရန် ကြိုးစားလေသည်။ 

ထို့ကြောင့် မြန်မာတပ်များဘက်မှ တပ်မှူးမင်းကျော်သိဒ္ဓိရန်အောင်ဦးဆောင်၍ ခံတပ်မှထွက်ကာ ဆီးကြိုတိုက်ခိုက်လေသည်။ ရေကြောင်းတွင်အထိနာနေသောအင်္ဂလိပ်တပ်များသည် ကမ်းတက်တပ်များတွင် ခေတ်မီစက်သေနတ်များဖြင့်ရှေ့တမ်းတင်၍ တိုက်ခိုက်စေသည်။ တစ်ဖြောဖြောပစ်ခတ်နေသော ကျည်ဆံများအကြားမှပင် မြန်မာတပ်များက ဘင်္ဂလားတပ်များအား အတင်းဓားနှင့်ဝင်ပိုင်းကြလေသည်။ အနီးကပ်တိုက်ပွဲကြီးဖြစ်ပွား၍ ထိုတိုက်ပွဲတွင်နှစ်ဖက်တပ်များအထိ နာကြပြီး မြန်မာတို့ဘက်မှ တပ်မှူးမင်းကျော်သိဒ္ဓိရန်အောင်ကိုယ်တိုင်ကျဆုံးခဲ့လေသည်။

ထိုအချိန်တွင် မြန်မာ့သမိုင်းတွင်ရုပ်အဆိုးဆုံးကိစ္စကြီးဖြစ်ပွားခဲ့လေသည်။ ၎င်းမှာလွှတ်တော်မှ "အင်္ဂလိပ်တို့အားမခုခံရ ခုခံလျှင်သူပုန်" ဟူသောကြေးနန်းစာကြီးရောက်ရှိလာခြင်းပင်ဖြစ်လေသည်။ ထို့နောက်မကြာမီမှာပင် "အင်္ဂလိပ်တို့အားဆက်လက်တိုက်ခိုက် စစ်ကူများထပ်မံပေးပို့မည်" ဟူသောကြေးနန်းထပ်၍ဝင်လာပြန်လေသည်။ ထိုကြေးနန်းနှစ်စောင်ကြောင့် မြန်မာတပ်များ မည်သို့ပြုလုပ်ရမည်ကိုဝေခွဲနိုင်ခြင်းမရှိသည့်အချိန်တွင် အင်္ဂလိပ်တို့သည် ရေကြောင်း ကြည်းကြောင်းနှစ်ဖက်ညှပ်၍ ကွေ့ချောင်းခံတပ်ကြီးအားဝင်ရောက်တိုက်ခိုက်ရာ နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီတွင် ကွေ့ချောင်းခံတပ်ကြီးကျဆုံးခဲ့ပါသည်။

ကွေ့ချောင်းခံတပ်ကြီးကျဆုံးခဲ့ပြီးနောက် မြန်မာတပ်များသည် ဦးကင်းဘုရားတွင် စုစည်း၍ အင်္ဂလိပ်တို့အား ထပ်မံခုခံတိုက်ခိုက်ကြပြန်လေသည်။ သို့သော်လည်း အင်္ဂလိပ်တို့ဘက်မှ စစ်ကူများထပ်မံရောက်ရှိလာခြင်းကြောင့် နောက်ဆုတ်ပေးခဲ့ရပြီး မင်းလှခံတပ်သို့ပြန်လည်ဆုတ်ခွာပေးခဲ့ရပါသည်။ ဤသို့ဖြင့် ကနောင်မင်းသားကြီး၏အကွက်ကျသော အမျှော်အမြင်နှင့် အင်ဂျင်နီယာပညာဖြင့်ပူးပေါင်း၍ခေတ်မီစွာတည်ဆောက်ထားသော မြန်မာတို့၏ခံတပ်ကြီးသည် ဝေခွဲမရသော မြန်မာဘုရင်နှင့်လွှတ်တော်တို့၏အမိန့်များအကြား ကျဆုံးခဲ့ရလေသည်။ ယခုလက်ရှိအချိန်တွင် ကွေ့ချောင်းခံတပ်ကြီးအား ရှေးဟောင်းသမိုင်းဝင်အဆောက်အဦးတစ်ခုအဖြစ် အစိုးရမှထိန်းသိမ်းထားရှိပြီး လာရောက်လေ့လာသူများရှိနေပြီဖြစ်ပါသည်။

ကွေ့ချောင်းခံတပ်သို့ မကွေးမြို့ မှ မိုင် ၂၀ ကျော်အကွာရှိ မကွေးှူတောင်တွင်း ကြီးကားလမ်းပေါ်ရှိ ပဋ္ဌနဂိုရ်လမ်း (ခွဲ) မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဆိုင်းဘုတ်ရှိရာသို့ရောက်လျှင် ခံတပ်ရှိရာသို့ ကားလမ်းခုနစ်မိုင်ခန့်ဝင်ရပါသည်။

သက်တံ့နောင်( Wizardry Myanmar)


ခရစ္ႏွစ္ ၁၈၈၅ ခုႏွစ္ ေနာင္းပိုင္းကာလ

တတိယအဂၤလိပ္ျမန္မာစစ္ပြဲ စတင္ေတာ့မည့္ ခရစ္ႏွစ္ ၁၈၈၅ ခုႏွစ္ေႏွာင္းပိုင္းကာလမ်ားတြင္ ဘုံေဘဘားမားသစ္ကိစၥေပၚေပါက္လာၿပီးေနာက္ အဂၤလိပ္တပ္မ်ား အင္အားအလုံးအရင္းျဖင့္ အထက္ျမန္မာနိုင္ငံ ကုန္းေဘာင္နိုင္ငံေတာ္အားသိမ္းပိုက္ရန္ခ်ီတက္လာခဲ့သည္။ ထို႔ေၾကာင့္ ကုန္းေဘာင္နိုင္ငံေတာ္မွလည္း ခုခံတိုက္ခိုက္ရန္ စစ္ျပင္ရေလေတာ့သည္။ ျမန္မာတို႔သည္ အစဥ္အဆက္ေထာင္ျပဳၿမိဳ႕၊ ရာျပဳၿမိဳ႕၊ ဆယ္ျပဳၿမိဳ႕မ်ားဖြဲ႕စည္းၿပီး စစ္အင္အားကိုထူေထာင္ခဲ့ရာ အစဥ္အဆက္တိုက္ပြဲႀကီးမ်ားတြင္ ျမန္မာတပ္မ်ားဘက္မွ အင္အားသိန္းခ်ီေစလႊတ္နိုင္ခဲ့ေသာ္လည္း ကုန္းေဘာင္ေခတ္၏ေနာက္ဆုံးေနဝင္ခ်ိန္ တတိယအဂၤလိပ္ျမန္မာစစ္ပြဲအတြင္း သီေပါဘုရင္ေစလႊတ္ခဲ့သည့္ အင္အားစုစုေပါင္းမွ ေထာင္ျပဳတပ္(၃၀) စုစုေပါင္းအင္အား (၃၀၀၀၀)ခန႔္သာရွိေလသည္။

အဂၤလိပ္တို႔အား ခုခံတိုက္ခိုက္ရန္ ျမန္မာဘုရင္ဘက္မွ ေရေၾကာင္းအထူးကၽြမ္းက်င္သည့္ေလွသင္းအတြင္းဝန္မင္းႀကီးအားဦးေဆာင္ေစ၍ ေအာက္ျမစ္စဥ္စစ္ေၾကာင္း၊ အကၠပတ္ျမင္းဝန္ဦးစီးသည့္ ေတာင္တြင္းႀကီးစစ္ေၾကာင္း၊ မႏၲေလးေရႊၿမိဳ႕ေတာ္ဝန္ ဗိုလ္ခ်ဳပ္ေရႊလွံဗိုလ္ဦးစီးသည့္ ေတာင္ငူစစ္ေၾကာင္းအျဖစ္ စစ္ေၾကာင္းႀကီး (၃)ေၾကာင္းခြဲ၍ ခုခံရန္ေစလႊတ္လိုက္ေလသည္။ ေအာက္ျမစ္စဥ္စစ္ေၾကာင္းတြင္ စစ္သည္ ၃၄၀၀၊ အေျမာက္ႀကီး (၁၀)လက္၊ စိန္လက္နက္ (၁၀)ခုႏွင့္အျခားအေျမာက္ငယ္မ်ားပါရွိေလသည္။

စစ္ဦးစီးျဖစ္သည့္ ေလွသင္းအတြင္းဝန္ႀကီးသည္ ၎အင္အားစုမ်ားအား ဆင္ေပါင္ဝဲခံတပ္၊ ထူးေပါက္ခံတပ္၊ ေကြ႕ေခ်ာင္းခံတပ္၊ မင္းလွခံတပ္တို႔တြင္ခုခံရန္အင္အားျဖည့္တင္းထားလိုက္သည္။ ေနာက္ခ်န္တပ္အျဖစ္အင္းဝဆင္က်ဳံးခံတပ္ႏွင့္ စစ္ကိုင္းအေစခံခံတပ္တို႔တြင္ ကေနာင္မင္းသားႀကီး၏လူယုံ ဗိုလ္ခ်ဳပ္ႀကီးေရႊျဗင္ဦးစီးသည့္ စစ္တပ္ႀကီးကတပ္စြဲထားေလသည္။ အဂၤလိပ္တပ္မ်ားဘက္မွ အဂၤလိပ္တို႔ဘက္မွလည္း ေရေၾကာင္းဗိုလ္ခ်ဳပ္ႀကီး ဆာ-ဖရက္ဒရစ္ခ်တ္၏ (ကပၸတိန္ အာရ္- ဝုဒ္ဝပ္) ေရေၾကာင္းတပ္စုၿပီးမွ ဦးစီးေသာ ေရတပ္ဖြဲ႕တဖြဲ႕ပါရွိသည္။ ၎အဖြဲ႕တြင္ သေဘၤာ ၂၄ စင္း၊ တြဲသမၺာန္ႀကီး ၂၃ စင္း ပါဝင္သည္။ ေျခလ်င္တပ္ကို ၿဗိတိသၽွတပ္မဟာ ( ၃ )၊ အိႏၵိယ အမ်ိဳးသားတပ္မဟာ (၇)၊ စစ္ေျမျပင္ စက္မႈ-လက္မႈ တပ္ခြဲေပါင္း (၆) တပ္၊ ေျမျပင္အေဝးပစ္ အေျမာက္တပ္ႀကီး တပ္တစ္တပ္၊ ေတာင္ေပၚပစ္အေျမာက္တပ္ဖြဲ႕ ၃ ဖြဲ႕စသည္အားျဖင့္ အင္အားေပါင္း ၁၀၀၀၀ ေက်ာ္ပါဝင္၍ အေျမာက္ႀကီး (၇၀)ေက်ာ္ပါဝင္ကာ အျမန္ပစ္ခတ္နိုင္သည့္ စက္ေသနတ္မ်ားလည္းပါဝင္ေလသည္။

ျမန္မာတပ္မ်ားဘက္မွျပင္ဆင္ထားသည့္ ေအာက္ျမစ္စဥ္ေၾကာင္းရွိ ခံတပ္ႀကီးမ်ားသည္ အဆင့္ျမင့္ေသာခံတပ္ႀကီးမ်ားျဖစ္ပါသည္။ အင္းဝခံတပ္ႏွင့္စစ္ကိုင္းခံတပ္ႀကီးမ်ားအၾကားတြင္ ေရျမဳတ္ဗုံးမ်ားေထာင္ထားသကဲ့သို႔ စစ္ကိုင္းခံတပ္သည္ ဧရာဝတီျမစ္ေရတက္ခ်ိန္တြင္ ျမစ္ေရႏွင့္တစ္တန္းတည္းက်၍ ေပ်ာက္ေနေစရန္တည္ေဆာက္ထားသည့္ နည္းပညာျမင့္ခံတပ္ႀကီးျဖစ္၍ ေကြ႕ေခ်ာင္းခံတပ္ႀကီးသည္ ကေနာင္မင္းသားႀကီးကိုယ္တိုင္ဦးစီးတည္ေဆာက္ထား၍ (၃)ဆင့္ခံတပ္ႀကီးျဖစ္ကာ တတိယအဆင့္သာေျမေပၚတြင္ေပၚ၍ ပထမအဆင့္ႏွင့္ ဒုတိယအဆင့္မွာ ေျမေအာက္တြင္ငုတ္လၽွိုးတည္ေဆာက္ထားေလသည္။

ခရစ္ႏွစ္ ၁၈၈၅ ခုႏွစ္ နိုဝင္ဘာလ ၁၄ ရက္ေန႔တြင္ အဂၤလိပ္တပ္မ်ားသည္ အဂၤလိပ္-ျမန္မာနယ္ျခားစည္းကိုေက်ာ္ျဖတ္၍ ဆင္ေပါင္ဝဲခံတပ္သို႔ အဂၤလိပ္တို႔အား ၾကည္းေရစုစုေပါင္းအင္အား (၁၀၀၀၀)ခန႔္ျဖင့္ဝင္ေရာက္တိုက္ခိုက္ေလသည္။ ဆင္ေပါင္ဝဲခံတပ္ႀကီးက်ဆုံးခဲ့ၿပီးေနာက္ နိုဝင္ဘာလ ၁၆ ရက္ေန႔တြင္ ထူးေပါက္ခံကတုတ္တြင္အားထပ္မံတိုက္ခိုက္ရန္ခ်ီတက္လာခဲ့ေလသည္။ ၃ နာရီခန႔္အျပင္းအထန္တိုက္ခိုက္ခဲ့ၿပီးေနာက္ ထူးေပါက္ခံကတုတ္က်ဆုံး၍ ျမန္မာတပ္မ်ား ေကြ႕ေခ်ာင္းခံတပ္သို႔ဆုတ္ခြာခဲ့ရၿပီး အဂၤလိပ္တပ္မ်ားမွ ခံကတုတ္အားမီးရွို႔၍ ျမန္မာဘုရင္ပိုင္ ေၾကးနန္း႐ုံကိုပါသိမ္းပိုက္ခဲ့ပါသည္။

ထို႔ေနာက္ ေအာက္ျမစ္စဥ္ေၾကာင္းခ်ီ အဂၤလိပ္ေရတပ္သည္ ေကြ႕ေခ်ာင္းခံတပ္ႀကီးအား တိုက္ခိုက္ရန္ ခ်ီတက္လာခဲ့ေလသည္။ ေကြ႕ေခ်ာင္းခံတပ္ႀကီးသည္ ေတာင္နံရံအားေဖာက္၍ တံတိုင္းႀကီးမ်ားျဖင့္ တည္ေဆာက္ထားေသာခံတပ္ႀကီးျဖစ္ကာ (၁၂)ေပျမင့္ကာ ထု (၄)ေပအထိထူေသာ ထုထည္ႀကီးမားသည့္ခံတပ္ႀကီးအမ်ိဳးအစားတြင္ပါဝင္ၿပီး ဧရာဝတီျမစ္စြယ္ျမစ္ေရသည္ ခံတပ္အေျခအထိသို႔ေရာက္ရွိကာ ၎ျမစ္ေရစီးေၾကာင္းအတြင္းေမ်ာပါသြားပါက ခံတပ္မွပစ္သမၽွ လွိမ့္ခံရမည့္အေနအထားျဖစ္ေစရန္ ကေနာင္မင္းသားႀကီးဦးေဆာင္၍ အီတာလၽွံလူမ်ိဳးအင္ဂ်င္နီယာမ်ားႏွင့္ ျမန္မာအင္ဂ်င္နီယာမ်ားပူးေပါင္းတည္ေဆာက္ထားေသာခံတပ္ႀကီးျဖစ္ပါသည္။ ထို႔ျပင္ခံတပ္အတြင္းတြင္ (၁၄)ေပက်ယ္၍ အလ်ား (၁၆၉)ေပရွည္ေသာ ေျမေအာက္ဥမင္ႀကီးအား ခံတပ္၏ဒုတိယအဆင့္အျဖစ္တည္ေဆာက္ထားၿပီး ထိုဥမင္အတြင္းတြင္ တိုက္ဆင္မ်ားထားရွိရန္ စီစဥ္ေဆာင္ရြက္ထားကာ ပထမအဆင့္ေျမေအာက္ခံတပ္ႀကီး၏အလယ္တြင္ အလ်ား(၇၂)ေပ၊ အနံ(၁၇)ေပ အနက္(၈၅)ေပရွိေရကန္ႀကီးထားရွိ၍ ေရသိုေလွာင္နိုင္ရန္ ေဆာင္ရြက္ထားသည့္ကေနာင္မင္းသားႀကီး၏အစီအမံပင္ျဖစ္ပါသည္။


နိုဝင္ဘာလ ၁၇ ရက္ေန႔ နံနက္ေစာေစာတြင္ ဗိုလ္ခ်ဳပ္ႀကီး ပရင္ဒါဂတ္၏ေရေၾကာင္းခ်ီတက္မ်ားသည္ ေကြ႕ေခ်ာင္းခံတပ္ႀကီးအနီးသို႔ေရာက္ရွိလာခဲ့ေလသည္။ ေရွ႕ခံတပ္ငယ္မ်ားအား အလြယ္တကူအနိုင္ရရွိခဲ့ေသာ အဂၤလိပ္တပ္မ်ားသည္ ျမန္မာတို႔၏ခံတပ္ႀကီးအားအထင္အျမင္ေသးစြာျဖင့္ ဧရာဝတီစစ္သေဘၤာႀကီးဦးေဆာင္၍ ခံတပ္အနီးသို႔ခ်ဥ္းကပ္လာေလသည္။ အဂၤလိပ္တို႔ခံတပ္အနီးသို႔ရဲတင္းစြာခ်ဥ္းကပ္လာျခင္းမွာ ေရွ႕တိုက္ပြဲမ်ားတြင္ ဖမ္းဆီးရမိခဲ့ေသာ အီတာလ်ံလူမ်ိဳးအင္ဂ်င္နီယာမ်ားသည္ ေကြ႕ေခ်ာင္းခံတပ္ႀကီးအတြင္းတြင္ စစ္သည္ ၁၅၀ ခန႔္ႏွင့္ သံလုံးအေျမာက္ ၁၀ လက္ခန႔္သာရွိေၾကာင္း သတင္းမွားေပးသျဖင့္ ရဲတင္းစြာခ်ဥ္းကပ္လာျခင္းျဖစ္သည္။ သို႔ေသာ္ ထူးေပါက္ခံကတုတ္တိုက္ပြဲျဖစ္စဥ္ကပင္ ေကြ႕ေခ်ာင္းခံတပ္သို႔ ေအာက္ျမစ္ေၾကာင္းခ်ီတပ္ဖြဲ႕မ်ားမွ ေလွသင္းဗိုလ္ မင္းေက်ာ္သိဒၶိရန္ေအာင္ႏွင့္ စစ္သည္ ၅၅၀၊ ကေနာင္မင္းသား၏ လက္နက္စက္႐ုံမွထုတ္လုပ္သည့္ ဝဇီရာဓုတေခၚ ေခတ္မီႏွစ္ဆင့္ကြဲ တာေဝးပစ္အေျမာက္ႀကီး (၁၀)လက္ စစ္ကူေရာက္ရွိေန သည္ကို အဂၤလိပ္တို႔သိရွိခဲ့ျခင္းမရွိေခ်။



ဧရာဝတီစစ္သေဘၤာႏွင့္အျခားစစ္သေဘၤာငယ္မ်ား ခံတပ္အနီးသို႔ခ်ဥ္းကပ္မိစဥ္မွာပင္ ကေနာင္မင္းသားႀကီးႀကိဳတင္တြက္ဆထားသည့္အတိုင္းပင္ ေရစီးေၾကာင္းျဖင့္ေမ်ာ၍ သေဘၤာမ်ားအား ထိန္းသိမ္း၍မရျဖစ္ေနသည့္အခ်ိန္တြင္ ခံတပ္ေပၚမွ ျမန္မာတပ္မ်ားကစိတ္ႀကိဳက္ပစ္ခတ္ၾကေလေတာ့သည္။ စစ္သေဘၤာမ်ားစက္ကုန္ဖြင့္၍ ေရစီးေၾကာင္းအားအံတုနိုင္ရန္ႀကိဳးပမ္းေသာ္လည္း ျမန္မာတပ္မ်ား၏ပစ္ခတ္မႈအားခံနိုင္ျခင္းမရွိဘဲ အတင္းျပန္ဆုတ္ရကာ ဧရာဝတီစစ္သဘၤာႀကီး၏ ဦးပိုင္းသည္အႀကီးအက်ယ္ပ်က္စီးသြားၿပီး အျခားသဘၤာငယ္မ်ား နစ္ျမဳတ္ၾကကုန္ေလသည္။ ပထမထိုးစစ္ရႈံးနိမ့္သြားေသာအခါ ဗိုလ္ခ်ဳပ္ႀကီးပရင္ဒါဂတ္သည္ ဧရာဝတီစစ္သေဘၤာထက္ ပို၍စက္အားေကာင္းေသာ ကတ္တလင္းစစ္သေဘၤာအားအစားထိုးခ်ီတက္ေစ၍ ခံတပ္အား ပစ္ခံေစသည္။ ထိုအခ်ိန္တြင္ ခံတပ္၏ေအာက္ဖက္ပတၱနဂိုရ္မွ ဘဂၤလားတပ္မ်ားမွ ကမ္းတပ္၍ ခံတပ္အားႏွစ္ဖက္ညႇပ္တိုက္ရန္ ႀကိဳးစားေလသည္။ 


ထို႔ေၾကာင့္ ျမန္မာတပ္မ်ားဘက္မွ တပ္မႉးမင္းေက်ာ္သိဒၶိရန္ေအာင္ဦးေဆာင္၍ ခံတပ္မွထြက္ကာ ဆီးႀကိဳတိုက္ခိုက္ေလသည္။ ေရေၾကာင္းတြင္အထိနာေနေသာအဂၤလိပ္တပ္မ်ားသည္ ကမ္းတက္တပ္မ်ားတြင္ ေခတ္မီစက္ေသနတ္မ်ားျဖင့္ေရွ႕တမ္းတင္၍ တိုက္ခိုက္ေစသည္။ တစ္ေျဖာေျဖာပစ္ခတ္ေနေသာ က်ည္ဆံမ်ားအၾကားမွပင္ ျမန္မာတပ္မ်ားက ဘဂၤလားတပ္မ်ားအား အတင္းဓားႏွင့္ဝင္ပိုင္းၾကေလသည္။ အနီးကပ္တိုက္ပြဲႀကီးျဖစ္ပြား၍ ထိုတိုက္ပြဲတြင္ႏွစ္ဖက္တပ္မ်ားအထိ နာၾကၿပီး ျမန္မာတို႔ဘက္မွ တပ္မႉးမင္းေက်ာ္သိဒၶိရန္ေအာင္ကိုယ္တိုင္က်ဆုံးခဲ့ေလသည္။

ထိုအခ်ိန္တြင္ ျမန္မာ့သမိုင္းတြင္႐ုပ္အဆိုးဆုံးကိစၥႀကီးျဖစ္ပြားခဲ့ေလသည္။ ၎မွာလႊတ္ေတာ္မွ "အဂၤလိပ္တို႔အားမခုခံရ ခုခံလၽွင္သူပုန္" ဟူေသာေၾကးနန္းစာႀကီးေရာက္ရွိလာျခင္းပင္ျဖစ္ေလသည္။ ထို႔ေနာက္မၾကာမီမွာပင္ "အဂၤလိပ္တို႔အားဆက္လက္တိုက္ခိုက္ စစ္ကူမ်ားထပ္မံေပးပို႔မည္" ဟူေသာေၾကးနန္းထပ္၍ဝင္လာျပန္ေလသည္။ ထိုေၾကးနန္းႏွစ္ေစာင္ေၾကာင့္ ျမန္မာတပ္မ်ား မည္သို႔ျပဳလုပ္ရမည္ကိုေဝခြဲနိုင္ျခင္းမရွိသည့္အခ်ိန္တြင္ အဂၤလိပ္တို႔သည္ ေရေၾကာင္း ၾကည္းေၾကာင္းႏွစ္ဖက္ညႇပ္၍ ေကြ႕ေခ်ာင္းခံတပ္ႀကီးအားဝင္ေရာက္တိုက္ခိုက္ရာ နိုဝင္ဘာလ ၁၇ ရက္ေန႔ ေန႔လည္ ၁ နာရီတြင္ ေကြ႕ေခ်ာင္းခံတပ္ႀကီးက်ဆုံးခဲ့ပါသည္။

ေကြ႕ေခ်ာင္းခံတပ္ႀကီးက်ဆုံးခဲ့ၿပီးေနာက္ ျမန္မာတပ္မ်ားသည္ ဦးကင္းဘုရားတြင္ စုစည္း၍ အဂၤလိပ္တို႔အား ထပ္မံခုခံတိုက္ခိုက္ၾကျပန္ေလသည္။ သို႔ေသာ္လည္း အဂၤလိပ္တို႔ဘက္မွ စစ္ကူမ်ားထပ္မံေရာက္ရွိလာျခင္းေၾကာင့္ ေနာက္ဆုတ္ေပးခဲ့ရၿပီး မင္းလွခံတပ္သို႔ျပန္လည္ဆုတ္ခြာေပးခဲ့ရပါသည္။ ဤသို႔ျဖင့္ ကေနာင္မင္းသားႀကီး၏အကြက္က်ေသာ အေမၽွာ္အျမင္ႏွင့္ အင္ဂ်င္နီယာပညာျဖင့္ပူးေပါင္း၍ေခတ္မီစြာတည္ေဆာက္ထားေသာ ျမန္မာတို႔၏ခံတပ္ႀကီးသည္ ေဝခြဲမရေသာ ျမန္မာဘုရင္ႏွင့္လႊတ္ေတာ္တို႔၏အမိန႔္မ်ားအၾကား က်ဆုံးခဲ့ရေလသည္။ ယခုလက္ရွိအခ်ိန္တြင္ ေကြ႕ေခ်ာင္းခံတပ္ႀကီးအား ေရွးေဟာင္းသမိုင္းဝင္အေဆာက္အဦးတစ္ခုအျဖစ္ အစိုးရမွထိန္းသိမ္းထားရွိၿပီး လာေရာက္ေလ့လာသူမ်ားရွိေနၿပီျဖစ္ပါသည္။

ေကြ႕ေခ်ာင္းခံတပ္သို႔ မေကြးၿမိဳ႕ မွ မိုင္ ၂၀ ေက်ာ္အကြာရွိ မေကြးႉေတာင္တြင္း ႀကီးကားလမ္းေပၚရွိ ပ႒နဂိုရ္လမ္း (ခြဲ) ျမန္မာ့ ေရနံထြက္ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္း ဆိုင္းဘုတ္ရွိရာသို႔ေရာက္လၽွင္ ခံတပ္ရွိရာသို႔ ကားလမ္းခုနစ္မိုင္ခန္႔ဝင္ရပါသည္။
သက်တံ့နောင်( Wizardry Myanmar)


































ပထမဘဝကဆုတောင်းကြောင့် တတိယဘဝမှာနတ်စိမ်းဖြစ်ခဲ့တဲ့ ရာဇဝင်ထဲကသူရဲကောင်း



Unicode Version

မြန်မာသက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီးမင်းသည် အင်းဝနေပြည်တော်၏ ပိုင်နက်များဖြစ်သည့် ယောနယ်၊ ဆောနယ်များကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လေသည်။ ထိုအချိန်သည် အင်းဝ-ဟံသာဝတီအနှစ် (၄၀)စစ်ပွဲကြီးဖြစ်ပွားနေသည့်အချိန်ဖြစ်သဖြင့် အင်းဝနေပြည်တော်တွင် ရခိုင်တပ်များကိုတိုက်ခိုက်ရလောက်အောက် ထက်မြတ်သည့်စစ်သူကြီးမရှိ။ ထိုအချိန်တွင်နောင်တစ်ချိန်တွင် မြန်မာ့ရာဇဝင်တွင် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည့်သူတစ်ဦးပေါ်ထွက်လာခဲ့သည်။ ၎င်းမှာအင်းဝဘုရင်မင်းခေါင်၏သားတော် အသက်(၁၃)နှစ်သာရှိသေးသည့် မင်းသားငယ် မင်းရဲကျော်စွာပင်ဖြစ်လေသည်။ 

မင်းရဲကျော်စွာဟုဆိုလိုက်လျှင် မြန်မာရာဇဝင်တွင် သတ္တိအလွန်ကောင်းသော ကလေးစစ်ဘုရင်ဟုလူအများသိပြီးကြပြီးဖြစ်ပါသည်။ မင်းရဲကျော်စွာသည်နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ် ဇာတိဿရဉာဏ်ခေါ် ရှေးဘဝကိုပြန်လည်သိရှိနိုင်သည့် မှတ်ဉာဏ်မျိုးပါရှိသည့် လူဝင်စားတစ်ဦးပင်ဖြစ်ပါသည်။ ၎င်းသည်ယခင်ဘဝက မွန်ဘုရင် ရာဇဓိရာဇ်၏သားတော် ဗောလောကျန်းဒေါဖြစ်ခဲ့သောပုဂ္ဂိုလ်ဖြစ်လေသည်။ မွန်မင်းသားဘဝကတည်းပင် ဗောလောကျန်းဒေါမင်းသားသည် ဓားရေး လှံရေးတို့ကိုနှစ်သက်သူဖြစ်သဖြင့် အရွယ်မရောက်မီကပင် ဆင်မြင်း ဓားလှံတို့ဖြင့်လေ့ကျင့်လေသည်။ ထိုအကြောင်းကိုရာဇဓိရာဇ်သိရှိသောအခါ အရွယ်မရောက်မီကပင် ဓားလှံကိုင်နေပြီ ကြီးလာလျှင် လုပ်ကြံနိုင်သည်ဟုတွေးကာ သူသတ်သမားလွှတ်၍ သတ်စေသည်။ ထိုအကြောင်းကို ဗောလောကျန်းဒေါမင်းသားသိရှိသောအခါ သူသတ်သမားတို့အား ခေတ္တတောင်းပန်၍ ကိုယ်တွင်ဝတ်ဆင်ထားသည့်လက်ဝတ်တန်ဆာများအား ရွှေမောဓောဘုရားတွင်လှူ၍ နောင်ဘဝတွင် ရာဇဓိရာဇ်မင်းနှင့်စီးချင်းထိုးလိုကြောင်း ဆုတောင်းပြီးနောက် သူသတ်သမားတို့၏ သတ်ခြင်းကိုခံရလေသည်။

ထိုဘဝမှကွယ်လွန်ပြီးသောအခါ ဘုရင်မင်းခေါင်၏မိဘုရားခေါင်ကြီး၏ဝမ်းတွင်ဝင်စား၍ မင်းရဲကျော်စွာဟူသောမင်းသားဖြစ်လာလေသည်။ ရခိုင်ဘုရင်၏တပ်များအင်းဝနယ်နိမိတ်များကို ဝင်ရောက်တိုက်ခိုက်သောအခါ မင်းရဲကျော်စွာသည် တပ်ကြီး ၁၃ တပ်ကိုဦးစီး၍ခုခံရန်ချီတက်လေသည်။ အင်းဝတပ်များချီတက်လာကြောင်းကြားသိသောအခါ ရခိုင်ဘုရင်သည် နနွင်းတောင်တွင်ခံတပ်ကြီးဖွဲ့၍ စောင့်နေလေသည်။ မင်းရဲကျော်စွာသည် ၎င်း၏တပ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ ပင်မစစ်ကြောင်းတွင် ၎င်းကိုယ်တိုက်ဦးစီးကာ မြင်းသည် ၃၀၀၀ ခြံရံ၍ ဆင်စီး၍ ရခိုင်တပ်များအား အတင်းဝင်ရောက်တိုက်ခိုက်လေသည်။ အင်းဝတပ်များ၏အတင်းတိုက်ခိုက်မှုအားမခံနိုင်သောကြောင့် ရခိုင်ဘုရင်လည်း ဆင်ပေါ်မှမြင်းသို့ပြောင်း၍ ဆုတ်ခွာသော်လည်း အင်းဝတပ်များ၏လက်ချက်ဖြင့်ကျဆုံးလေသည်။

ထိုအကြောင်းကိုသိရှိသောအခါ ဘုရင်မင်းခေါင်သည် မင်းရဲကျော်စွာအား မြန်မာသက္ကရာဇ် ၇၆၈ ခုနှစ်တွင် စောမင်းလှမင်းသမီးနှင့်လက်ထပ်ပေး၍ သူကောင်းပြုထားလေသည်။ ထိုကြောင့်ဘုရင်မင်းခေါင်၏     မင်းသိဒ္ဓတ်မှ မကျေမနပ်ဖြစ်၍ ဘုရင်မင်းခေါင်အားပုန်ကန်ပြီး ရာဇဓိရာဇ်ထံခိုလှုံလေသည်။ ထိုကြောင့်မင်းရဲကျော်စွာသည် မြန်မာသက္ကရာဇ် ၇၇၂ ခုနှစ် အသက် ၂၀ အရွယ်တွင် ရာဇဓိရာဇ်အားတိုက်ခိုက်ရန် ချီတက်လာခဲ့လေသည်။ ပထမဦးဆုံးမြောင်းမြကိုတိုက်ခိုက်ရာ မြောင်းမြရှိ မွန်သူရဲကောင်း မဟာသမိန်ဗရမ်းနှင့် လဂွန်းအိမ်တို့၏ရေတပ်ကိုတိုက်ခိုက်၍ မနိုင်ပဲဖြစ်နေလေသည်။ ထိုအချိန်တွင် သိန္နီစော်ဘွားပုန်ကန်ပြန်သဖြင့် မင်းရဲကျော်စွာသည် ဟံသာဝတီစစ်မြေပြင်မှ ရှမ်းစစ်မြေပြင်သို့ချီတက်ရပြန်သည်။ ထိုအကြောင်ကို ရာဇဓိရာဇ်သိသောအခါ ပြည်မြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်လေသည်။  မြန်မာသက္ကရာဇ် ၇၇၄ ခုနှစ်တွင် သိန္နီစော်ဘွားအားအနိုင်ရရှိခဲ့ပြီးနောက် ဟံသာဝတီသို့ထပ်မံချီတက်ရပြန်သည်။ ထိုအချိန်တွင် ရေးမြိုကို ယိုးဒယားတို့လာရောက်တိုက်ခိုက်သဖြင့် ရာဇဓိရာဇ်သည် ရေးမြို့တွင်ခုခံရန်အိမ်ရှေ့မင်းသားအားစေလွှတ်ကာ ကိုယ်တိုင်ကမူ မုတ္တမခံတပ်တွင် တပ်စွဲနေလေသည်။

ပြည်မြို့ရှိမွန်တပ်များအား အင်းဝတပ်များက တိုက်ခိုက်ကြောင်း ရာဇဓိရာဇ်သိရှိကြောင်းအခါ ပြည်မြို့သို့ ထပ်မံချီတက်လာပြန်လေသည်။ ထိုတစ်ကြိမ်တွင်မူ အင်းဝတပ်များဘက်မှ ဘုရင်မင်းခေါင်က ရေကြောင်း၊ မင်းရဲကျော်စွာက ကြည်းကြောင်းဖြင့်နှစ်ဖက်ညှပ်၍တိုက်ခိုက်ရာ ဟံသာဝတီနာမည်ကျော်သူရဲကောင်း လဂွန်းအိမ်ကျဆုံးလေသည်။  ထိုတိုက်ပွဲတွင်အောင်မြင်ခဲ့ပြီးနောက် ရာဇဓိရာဇ်သည် မုတ္တမခံတပ်သို့ဆုတ်ခွာခဲ့ပြီးနောက် မင်းရဲကျော်စွာသည် ဒလမြို့တွင် တပ်စွဲထားလေသည်။ 


ထို့နောက် ရာဇဓိရာဇ်သည် အင်အားပြန်လည်စုဖွဲ့၍ ဒလသို့ချီတက်လာပြီး မင်းရဲကျော်စွာအား စီးချင်းထိုးရန် စိန်ခေါ်လေသည်။ မင်းရဲကျော်စွာအား ဇာတာမသန့်သဖြင့် စီးချင်းထိုးချင်းကို လက်မခံရန် ပုဏ္ဏတို့ပြောသောကြောင့် အကြောင်းမပြန်ပဲရှိလေရာ ရာဇဓိရာဇ်သည် ငယ်ရွယ်သော မင်းရဲကျော်စွာအား ဒေါသထွက်စေရန် ပရိယာယ်ဖြင့် ၎င်း၏ညာလက်ရုံးစစ်သူကြီး အမတ်ဒိန်အား ဆင်တပ်မြင်းတပ်အနည်းငယ်ကိုဦးစီး၍ မင်းရဲကျော်စွာ၏ တပ်အနီးတွင်စခန်းချခါ အင်းဝတပ်များအား စိန်ခေါ်စေလေသည်။ ထိုအချိန်တွင် မင်းရဲကျော်စွာသည် အရက်မူးနေသည့်အချိန်ဖြစ်သဖြင့် ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ပဲ မွန်တပ်များအား တိုက်ခိုက်လေသည်။ တိုက်ပွဲစသည်နှင့် မွန်တပ်များမှ ထွက်ပြေးဟန်ပရိယာယ်ပြု၍ နောက်သို့ဆုတ်သည်ကို မင်းရဲကျော်စွာက မွန်များနောက်ပြန်ဆုတ်ပြေးသည်အထင်နှင့် အတင်းလိုက်၍တိုက်ခိုက်လေသည်။ ထိုအချိန်တွင် မြေဒူးမြိုစားစီးသော ဗကမတ်ဆင်သည် မုန်ယို၍ အင်းဝတပ်အား အတင်းပြန်လည်တိုက်ခိုက်ရာ အင်းဝတပ်များဖရိုဖရဲဖြစ်လေသည်။ ထိုအချိန်တွင် အရက်မူးနေသော မင်းရဲကျော်စွာသည် အင်းဝတပ်များနှင့်ကွဲ၍ ဟံသာဝတီတပ်အလယ် တစ်ဦးတည်းရောက်ရှိသွားလေသည်။ ဟံသာဝတီတပ်များဝန်းရံထားသော်လည်း လက်ရုံးရည်ကောင်းသော မင်းရဲကျော်စွာသည် ဟံသာဝတီတပ်(၄)တပ်အား နိုင်အောင်တိုက်လေသည်။ အချိန်ကြာ၍ စစ်ပန်းသည့်အချိန်ရောက်သောအခါ ရာဇဓိရာဇ်မှထွက်၍ မင်းရဲကျော်စွာအား စီးချင်းထိုးလေသည်။ သို့သော်လည်း ဟံသာဝတီတပ်(၄)တပ်အား နိုင်အောင်တိုက်ခိုက်ထားသော မင်းရဲကျော်စွာသည် လက်ပမ်းကျကာ စီးလာသည့်ဆင်တော်ပေါ်မှ ပြုတ်ကျ၍ ခါးကျိုးလေသည်။


မင်းရဲကျော်စွာအားဖမ်းမိသောအခါ ရာဇဓိရာဇ်သည် ငယ်ရွယ်သူမင်းသားအားမသတ်လိုသဖြင့် ဒဏ်ရာအားကုသပါ ပြီးနောက် သမီးတော်နှင့်လက်ထပ်ပေးမည်ဟုဆိုသော်လည်း မင်းရဲကျော်စွာသည် ဆေးဝါးများအား သုံးဆောင်ခြင်းမပြုဘဲနေသဖြင့် မြန်မာသက္ကရာဇ် ၇၇၆ ခုနှစ် တန်ခူးလဆန်း ၄ ရက်နေ့ အသက်(၂၅)နှစ်အရွယ်တွင် ကွယ်လွန်လေသည်။ မင်းရဲကျော်စွာ၏အလောင်းအား ရာဇဓိရာဇ်မှ ဒလတွင်ကောင်းမွန်စွာသင်္ဂြိုလ်၍ တပ်များဆုတ်ခွာ ခဲ့လေသည်။ ထို့နောက်ဘုရင်မင်းခေါင်လည်း ဒလသို့ချီတက်လာကာ အရိုးပြာအိုးအားတူးဖော်ယူ၍ ပသဝ အရပ်တွင် မြုတ်နှံခဲ့လေသည်။ မင်းရဲကျော်စွာသည် နို့စို့အရွယ်ကပင် ငို၍မည်သို့မျှချော့၍မရသည့်အခါ မိခင်ဖြစ်သူ မိဘုရားရှင်မိနောက်မှ "သားကြီးလာလျှင် အင်းဝတပ်ကိုဦးစီး၍ ဟံသာဝတီအားသိမ်းပိုက်ပါ" ဟုဆိုမှ ရယ်၍အငိုတိတ်သည်အထိ အငြှိုးကြီးမားသူဖြစ်လေသည်။ မင်းရဲကျော်စွာကွယ်လွန်ပြီးနောက်  မကျွတ်မလွတ်ပဲ နတ်စိမ်းဖြစ်နေသဖြင့် မြန်မာရိုးရာ (၃၇)မင်းနတ်များစာရင်းတွင် စာရင်းသွင်း၍ ကိုးကွယ်ကြရာ ဒလကိုကြီးကျော်ခေါ် မောင်မင်းဖြူနတ်အဖြစ်သို့ရောက်ရှိလေသည်။

သက်တံ့နောင်(Wizardry Myanmar)
Zawgyi Version

ျမန္မာသကၠရာဇ္ ၇၆၅ ခုႏွစ္တြင္ ရခိုင္ဘုရင္ ေထာရာႀကီးမင္းသည္ အင္းဝေနျပည္ေတာ္၏ ပိုင္နက္မ်ားျဖစ္သည့္ ေယာနယ္၊ ေဆာနယ္မ်ားကိုဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ေလသည္။ ထိုအခ်ိန္သည္ အင္းဝ-ဟံသာဝတီအႏွစ္ (၄၀)စစ္ပြဲႀကီးျဖစ္ပြားေနသည့္အခ်ိန္ျဖစ္သျဖင့္ အင္းဝေနျပည္ေတာ္တြင္ ရခိုင္တပ္မ်ားကိုတိုက္ခိုက္ရေလာက္ေအာက္ ထက္ျမတ္သည့္စစ္သူႀကီးမရွိ။ ထိုအခ်ိန္တြင္ေနာင္တစ္ခ်ိန္တြင္ ျမန္မာ့ရာဇဝင္တြင္ နာမည္ေက်ာ္ပုဂၢိဳလ္တစ္ဦးျဖစ္လာမည့္သူတစ္ဦးေပၚထြက္လာခဲ့သည္။ ၎မွာအင္းဝဘုရင္မင္းေခါင္၏သားေတာ္ အသက္(၁၃)ႏွစ္သာရွိေသးသည့္ မင္းသားငယ္ မင္းရဲေက်ာ္စြာပင္ျဖစ္ေလသည္။ 



မင္းရဲေက်ာ္စြာဟုဆိုလိုက္လၽွင္ ျမန္မာရာဇဝင္တြင္ သတၱိအလြန္ေကာင္းေသာ ကေလးစစ္ဘုရင္ဟုလူအမ်ားသိၿပီးၾကၿပီးျဖစ္ပါသည္။ မင္းရဲေက်ာ္စြာသည္နယ္နယ္ရရ ပုဂၢိဳလ္မဟုတ္ ဇာတိႆရဉာဏ္ေခၚ ေရွးဘဝကိုျပန္လည္သိရွိနိုင္သည့္ မွတ္ဉာဏ္မ်ိဳးပါရွိသည့္ လူဝင္စားတစ္ဦးပင္ျဖစ္ပါသည္။ ၎သည္ယခင္ဘဝက မြန္ဘုရင္ ရာဇဓိရာဇ္၏သားေတာ္ ေဗာေလာက်န္းေဒါျဖစ္ခဲ့ေသာပုဂၢိဳလ္ျဖစ္ေလသည္။ မြန္မင္းသားဘဝကတည္းပင္ ေဗာေလာက်န္းေဒါမင္းသားသည္ ဓားေရး လွံေရးတို႔ကိုႏွစ္သက္သူျဖစ္သျဖင့္ အရြယ္မေရာက္မီကပင္ ဆင္ျမင္း ဓားလွံတို႔ျဖင့္ေလ့က်င့္ေလသည္။ ထိုအေၾကာင္းကိုရာဇဓိရာဇ္သိရွိေသာအခါ အရြယ္မေရာက္မီကပင္ ဓားလွံကိုင္ေနၿပီ ႀကီးလာလၽွင္ လုပ္ႀကံနိုင္သည္ဟုေတြးကာ သူသတ္သမားလႊတ္၍ သတ္ေစသည္။ ထိုအေၾကာင္းကို ေဗာေလာက်န္းေဒါမင္းသားသိရွိေသာအခါ သူသတ္သမားတို႔အား ေခတၱေတာင္းပန္၍ ကိုယ္တြင္ဝတ္ဆင္ထားသည့္လက္ဝတ္တန္ဆာမ်ားအား ေရႊေမာေဓာဘုရားတြင္လႉ၍ ေနာင္ဘဝတြင္ ရာဇဓိရာဇ္မင္းႏွင့္စီးခ်င္းထိုးလိုေၾကာင္း ဆုေတာင္းၿပီးေနာက္ သူသတ္သမားတို႔၏ သတ္ျခင္းကိုခံရေလသည္။



ထိုဘဝမွကြယ္လြန္ၿပီးေသာအခါ ဘုရင္မင္းေခါင္၏မိဘုရားေခါင္ႀကီး၏ဝမ္းတြင္ဝင္စား၍ မင္းရဲေက်ာ္စြာဟူေသာမင္းသားျဖစ္လာေလသည္။ ရခိုင္ဘုရင္၏တပ္မ်ားအင္းဝနယ္နိမိတ္မ်ားကို ဝင္ေရာက္တိုက္ခိုက္ေသာအခါ မင္းရဲေက်ာ္စြာသည္ တပ္ႀကီး ၁၃ တပ္ကိုဦးစီး၍ခုခံရန္ခ်ီတက္ေလသည္။ အင္းဝတပ္မ်ားခ်ီတက္လာေၾကာင္းၾကားသိေသာအခါ ရခိုင္ဘုရင္သည္ နႏြင္းေတာင္တြင္ခံတပ္ႀကီးဖြဲ႕၍ ေစာင့္ေနေလသည္။ မင္းရဲေက်ာ္စြာသည္ ၎၏တပ္အား စစ္ေၾကာင္းသုံးေၾကာင္းခြဲ၍ ပင္မစစ္ေၾကာင္းတြင္ ၎ကိုယ္တိုက္ဦးစီးကာ ျမင္းသည္ ၃၀၀၀ ၿခံရံ၍ ဆင္စီး၍ ရခိုင္တပ္မ်ားအား အတင္းဝင္ေရာက္တိုက္ခိုက္ေလသည္။ အင္းဝတပ္မ်ား၏အတင္းတိုက္ခိုက္မႈအားမခံနိုင္ေသာေၾကာင့္ ရခိုင္ဘုရင္လည္း ဆင္ေပၚမွျမင္းသို႔ေျပာင္း၍ ဆုတ္ခြာေသာ္လည္း အင္းဝတပ္မ်ား၏လက္ခ်က္ျဖင့္က်ဆုံးေလသည္။



ထိုအေၾကာင္းကိုသိရွိေသာအခါ ဘုရင္မင္းေခါင္သည္ မင္းရဲေက်ာ္စြာအား ျမန္မာသကၠရာဇ္ ၇၆၈ ခုႏွစ္တြင္ ေစာမင္းလွမင္းသမီးႏွင့္လက္ထပ္ေပး၍ သူေကာင္းျပဳထားေလသည္။ ထိုေၾကာင့္ဘုရင္မင္းေခါင္၏     မင္းသိဒၶတ္မွ မေက်မနပ္ျဖစ္၍ ဘုရင္မင္းေခါင္အားပုန္ကန္ၿပီး ရာဇဓိရာဇ္ထံခိုလႈံေလသည္။ ထိုေၾကာင့္မင္းရဲေက်ာ္စြာသည္ ျမန္မာသကၠရာဇ္ ၇၇၂ ခုႏွစ္ အသက္ ၂၀ အရြယ္တြင္ ရာဇဓိရာဇ္အားတိုက္ခိုက္ရန္ ခ်ီတက္လာခဲ့ေလသည္။ ပထမဦးဆုံးေျမာင္းျမကိုတိုက္ခိုက္ရာ ေျမာင္းျမရွိ မြန္သူရဲေကာင္း မဟာသမိန္ဗရမ္းႏွင့္ လဂြန္းအိမ္တို႔၏ေရတပ္ကိုတိုက္ခိုက္၍ မနိုင္ပဲျဖစ္ေနေလသည္။ ထိုအခ်ိန္တြင္ သိႏၷီေစာ္ဘြားပုန္ကန္ျပန္သျဖင့္ မင္းရဲေက်ာ္စြာသည္ ဟံသာဝတီစစ္ေျမျပင္မွ ရွမ္းစစ္ေျမျပင္သို႔ခ်ီတက္ရျပန္သည္။ ထိုအေၾကာင္ကို ရာဇဓိရာဇ္သိေသာအခါ ျပည္ၿမိဳ႕ကိုတိုက္ခိုက္သိမ္းပိုက္လိုက္ေလသည္။  ျမန္မာသကၠရာဇ္ ၇၇၄ ခုႏွစ္တြင္ သိႏၷီေစာ္ဘြားအားအနိုင္ရရွိခဲ့ၿပီးေနာက္ ဟံသာဝတီသို႔ထပ္မံခ်ီတက္ရျပန္သည္။ ထိုအခ်ိန္တြင္ ေရးၿမိဳကို ယိုးဒယားတို႔လာေရာက္တိုက္ခိုက္သျဖင့္ ရာဇဓိရာဇ္သည္ ေရးၿမိဳ႕တြင္ခုခံရန္အိမ္ေရွ႕မင္းသားအားေစလႊတ္ကာ ကိုယ္တိုင္ကမူ မုတၱမခံတပ္တြင္ တပ္စြဲေနေလသည္။



ျပည္ၿမိဳ႕ရွိမြန္တပ္မ်ားအား အင္းဝတပ္မ်ားက တိုက္ခိုက္ေၾကာင္း ရာဇဓိရာဇ္သိရွိေၾကာင္းအခါ ျပည္ၿမိဳ႕သို႔ ထပ္မံခ်ီတက္လာျပန္ေလသည္။ ထိုတစ္ႀကိမ္တြင္မူ အင္းဝတပ္မ်ားဘက္မွ ဘုရင္မင္းေခါင္က ေရေၾကာင္း၊ မင္းရဲေက်ာ္စြာက ၾကည္းေၾကာင္းျဖင့္ႏွစ္ဖက္ညႇပ္၍တိုက္ခိုက္ရာ ဟံသာဝတီနာမည္ေက်ာ္သူရဲေကာင္း လဂြန္းအိမ္က်ဆုံးေလသည္။  ထိုတိုက္ပြဲတြင္ေအာင္ျမင္ခဲ့ၿပီးေနာက္ ရာဇဓိရာဇ္သည္ မုတၱမခံတပ္သို႔ဆုတ္ခြာခဲ့ၿပီးေနာက္ မင္းရဲေက်ာ္စြာသည္ ဒလၿမိဳ႕တြင္ တပ္စြဲထားေလသည္။ 





ထို႔ေနာက္ ရာဇဓိရာဇ္သည္ အင္အားျပန္လည္စုဖြဲ႕၍ ဒလသို႔ခ်ီတက္လာၿပီး မင္းရဲေက်ာ္စြာအား စီးခ်င္းထိုးရန္ စိန္ေခၚေလသည္။ မင္းရဲေက်ာ္စြာအား ဇာတာမသန႔္သျဖင့္ စီးခ်င္းထိုးခ်င္းကို လက္မခံရန္ ပုဏၰတို႔ေျပာေသာေၾကာင့္ အေၾကာင္းမျပန္ပဲရွိေလရာ ရာဇဓိရာဇ္သည္ ငယ္ရြယ္ေသာ မင္းရဲေက်ာ္စြာအား ေဒါသထြက္ေစရန္ ပရိယာယ္ျဖင့္ ၎၏ညာလက္႐ုံးစစ္သူႀကီး အမတ္ဒိန္အား ဆင္တပ္ျမင္းတပ္အနည္းငယ္ကိုဦးစီး၍ မင္းရဲေက်ာ္စြာ၏ တပ္အနီးတြင္စခန္းခ်ခါ အင္းဝတပ္မ်ားအား စိန္ေခၚေစေလသည္။ ထိုအခ်ိန္တြင္ မင္းရဲေက်ာ္စြာသည္ အရက္မူးေနသည့္အခ်ိန္ျဖစ္သျဖင့္ ရွည္ရွည္ေဝးေဝးစဥ္းစားမေနေတာ့ပဲ မြန္တပ္မ်ားအား တိုက္ခိုက္ေလသည္။ တိုက္ပြဲစသည္ႏွင့္ မြန္တပ္မ်ားမွ ထြက္ေျပးဟန္ပရိယာယ္ျပဳ၍ ေနာက္သို႔ဆုတ္သည္ကို မင္းရဲေက်ာ္စြာက မြန္မ်ားေနာက္ျပန္ဆုတ္ေျပးသည္အထင္ႏွင့္ အတင္းလိုက္၍တိုက္ခိုက္ေလသည္။ ထိုအခ်ိန္တြင္ ေျမဒူးၿမိဳစားစီးေသာ ဗကမတ္ဆင္သည္ မုန္ယို၍ အင္းဝတပ္အား အတင္းျပန္လည္တိုက္ခိုက္ရာ အင္းဝတပ္မ်ားဖရိုဖရဲျဖစ္ေလသည္။ ထိုအခ်ိန္တြင္ အရက္မူးေနေသာ မင္းရဲေက်ာ္စြာသည္ အင္းဝတပ္မ်ားႏွင့္ကြဲ၍ ဟံသာဝတီတပ္အလယ္ တစ္ဦးတည္းေရာက္ရွိသြားေလသည္။ ဟံသာဝတီတပ္မ်ားဝန္းရံထားေသာ္လည္း လက္႐ုံးရည္ေကာင္းေသာ မင္းရဲေက်ာ္စြာသည္ ဟံသာဝတီတပ္(၄)တပ္အား နိုင္ေအာင္တိုက္ေလသည္။ အခ်ိန္ၾကာ၍ စစ္ပန္းသည့္အခ်ိန္ေရာက္ေသာအခါ ရာဇဓိရာဇ္မွထြက္၍ မင္းရဲေက်ာ္စြာအား စီးခ်င္းထိုးေလသည္။ သို႔ေသာ္လည္း ဟံသာဝတီတပ္(၄)တပ္အား နိုင္ေအာင္တိုက္ခိုက္ထားေသာ မင္းရဲေက်ာ္စြာသည္ လက္ပမ္းက်ကာ စီးလာသည့္ဆင္ေတာ္ေပၚမွ ျပဳတ္က်၍ ခါးက်ိဳးေလသည္။



မင္းရဲေက်ာ္စြာအားဖမ္းမိေသာအခါ ရာဇဓိရာဇ္သည္ ငယ္ရြယ္သူမင္းသားအားမသတ္လိုသျဖင့္ ဒဏ္ရာအားကုသပါ ၿပီးေနာက္ သမီးေတာ္ႏွင့္လက္ထပ္ေပးမည္ဟုဆိုေသာ္လည္း မင္းရဲေက်ာ္စြာသည္ ေဆးဝါးမ်ားအား သုံးေဆာင္ျခင္းမျပဳဘဲေနသျဖင့္ ျမန္မာသကၠရာဇ္ ၇၇၆ ခုႏွစ္ တန္ခူးလဆန္း ၄ ရက္ေန႔ အသက္(၂၅)ႏွစ္အရြယ္တြင္ ကြယ္လြန္ေလသည္။ မင္းရဲေက်ာ္စြာ၏အေလာင္းအား ရာဇဓိရာဇ္မွ ဒလတြင္ေကာင္းမြန္စြာသၿဂႋဳလ္၍ တပ္မ်ားဆုတ္ခြာ ခဲ့ေလသည္။ ထို႔ေနာက္ဘုရင္မင္းေခါင္လည္း ဒလသို႔ခ်ီတက္လာကာ အရိုးျပာအိုးအားတူးေဖာ္ယူ၍ ပသဝ အရပ္တြင္ ျမဳတ္ႏွံခဲ့ေလသည္။ မင္းရဲေက်ာ္စြာသည္ နို႔စို႔အရြယ္ကပင္ ငို၍မည္သို႔မၽွေခ်ာ့၍မရသည့္အခါ မိခင္ျဖစ္သူ မိဘုရားရွင္မိေနာက္မွ "သားႀကီးလာလၽွင္ အင္းဝတပ္ကိုဦးစီး၍ ဟံသာဝတီအားသိမ္းပိုက္ပါ" ဟုဆိုမွ ရယ္၍အငိုတိတ္သည္အထိ အျငႇိုးႀကီးမားသူျဖစ္ေလသည္။ မင္းရဲေက်ာ္စြာကြယ္လြန္ၿပီးေနာက္  မကၽြတ္မလြတ္ပဲ နတ္စိမ္းျဖစ္ေနသျဖင့္ ျမန္မာရိုးရာ (၃၇)မင္းနတ္မ်ားစာရင္းတြင္ စာရင္းသြင္း၍ ကိုးကြယ္ၾကရာ ဒလကိုႀကီးေက်ာ္ေခၚ ေမာင္မင္းျဖဴနတ္အျဖစ္သို႔ေရာက္ရွိေလသည္။



သက္တံ့ေနာင္(Wizardry Myanmar)








သမိုင်းဝင်အချစ်ဇာတ်လမ်းအတွင်းမှတတိယလူ(သို့မဟုတ်)တောင်သမန်လယ်စားမောင်ဖေငယ်



တောင်သမန်လယ်စားမောင်ဖေငယ်ဟူသောနာမည်ကို မြန်မာ့သမိုင်းချစ်သူတို့သိရှိပြီးသားဖြစ်လောက်ပါ သည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းစာဆိုတော်တစ်ဦးလည်းဖြစ်ပြီး ၎င်းရေးသားသည့်စာပေများအားလည်း ယနေ့ သင်ရိုးစာအုပ်များတွင်သင်ကြားပြသလျှက်ရှိပါသည်။ သို့သော်တောင်သမန်လယ်စားမောင်ဖေငယ် ဟုနာမည်တွင်သည့် မောင်ဖေငယ်သည် ကုန်းဘောင်ခေတ်နှောင်းပိုင်း၏ နာမည်ကျော်အချစ်ဇာတ်လမ်း တစ်ပုဒ်ဖြစ်သည့် သီပေါဘုရင်မင်းမြတ်နှင့် အပျိုတော်ဒိုင်းခင်ခင်တို့၏ အချစ်ဇာတ်လမ်းတွင် တတိယလူတစ်ဦးအဖြစ် အရာရာအားစွန့်လွှတ်အနစ်နာခံခဲ့ရသူတစ်ဦးလည်းဖြစ်ကြောင်းသိရှိသူနည်းပါးလှပါသည်။

ကုန်းဘောင်မင်းဆက်၏နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းနှင့် မောင်မောင်တုတ်၊ မောင်ဖေငယ်တို့သည် ငယ်သူငယ်ချင်းများဖြစ်ကြ၍ တစ်ဦး၏သဘောကိုတစ်ဦးမှ အတွင်းသိအစင်းသိပုဂ္ဂိုလ်များလည်း ဖြစ်ကြပါသည်။ မောင်ဖေငယ်သည် ငယ်စဉ်ကတည်းကပင် စာပေဝါသနာပါ၍ ကဗျာများစာများရေးသား တတ်သူတစ်ဦးဖြစ်၍ ငယ်ရွယ်သောသီပေါမင်းသားမှ စုဖုရားလတ်မင်းသမီးအားပန်းပိုးရာတွင်လည်း ၎င်းမှ စာများ ကဗျာများရေးသားပေးကာ သီပေါမင်းသားနှင့်စုဖုရားလတ်မင်းသမီးတို့အား နီးစပ်စေခဲ့သည့် အောင်သွယ်တော်မြှားနတ်မောင်တစ်ဦးလည်းဖြစ်ပါသည်။

သီပေါမင်းနန်းတက်ပြီးနောက် ငယ်သူငယ်ချင်းများဖြစ်သည့် မောင်ဖေငယ်နှင့်မောင်မောင်တုတ်တို့အားလည်း ထိုက်သင့်သည့်ရာထူးအဆောင်အယောင်များအဖြစ် မောင်မောင်တုတ်အား ရနောင်မြို့အားအပိုင်စားပေးကာ မင်းသားအဖြစ်ချီးမြှောက်ခဲ့ပြီး မောင်ဖေငယ်အား ရွှေတိုက်စိုးအဖြစ် တောင်သမန်အင်းကြီးနှင့် လယ်မြေများကိုအပိုင်စားပေးရာထူးအသီးသီးပေးကာ ချီးမြှောက်ခဲ့ပါသည်။ မောင်ဖေငယ်တွင် ငယ်စဉ်ဘဝကတည်းက တိတ်တခိုးချစ်ရသူမိန်းကလေးတစ်ဦးရှိလေသည်။ ထိုမိန်းကလေးမှာအခြားသူမဟုတ် ကုန်းဘောင်ခေတ်နှောင်းပိုင်း၏ နာမည်ကျော်အပျိုတော်တစ်ဦးဖြစ်လာမည့် ဒိုင်းခင်ခင်ခေါ် ဒိုင်းဝန်မင်းကြီး၏ သမီးကလေး ခင်ခင်ကြီးပင်ဖြစ်ပါသည်။
ခင်ခင်ကြီးခေါ် ဒိုင်းခင်ခင်

မောင်ဖေငယ်နေရာရလာသောအခါ တိတ်တခိုးချစ်ရသူဖြစ်သည့် ဒိုင်းခင်ခင်၏ ဖခင် ဒိုင်းဝန်မင်းကြီးအား     ပုဂံမြို့ကိုအပိုင်စားပေးခံရရန်နှင့် အတွင်းဝန်မင်းကြီးအဖြစ်ရာထူးတိုးမြှင့်ခြင်းခံရရန် ကြိုးစားပေးခဲ့ပါသည်။ ထိုအချိန်တွင် ဘုရင့်နန်းတော်အတွင်းတွင် သီပေါမင်း၏ မိဖုရားအချင်းချင်းအချစ်လုပွဲကြီးဖြစ်ပွားနေသည့် အချိန်လည်းဖြစ်ပါသည်။ ထုံးတမ်းအစဉ်အလာအရ ညီအစ်မသုံးဦးအတွင်းတွင်အကြီးဆုံးမင်းသမီးဖြစ်သည့် စုဖုရားကြီးသည် မိဖုရားခေါင်နေရာတွင်ရှိရမည်ဖြစ်၍ စုဖုရားလတ်သည်မိဖုရားကြီးနေရာတွင်ရှိရ မည်သာဖြစ်သည်။ သို့သော်ဘိသိတ်ပွဲကျင်းပသောအခါ စုဖုရားလတ်သည်ရာဇပုလ္လင်ပေါ်တက်ထိုင်၍ သီပေါမင်း၏ငယ်ချစ်ဦးဖြစ်သဖြင့် ၎င်းကိုပါဘိသိတ်သွန်းရန်အတင်းဆောင်ရွက်ရာ ညီအစ်မနှစ်ဦးအား သီပေါမင်းနှင့်အတူ ဘိသိတ်သွန်းလောင်းခဲ့ရသည်။

စုဖုရားကြီးသည်မိဖုရားခေါင်ကြီးဖြစ်လာသော်လည်း သီပေါမင်းမှစုဖုရားကြီးအဆောင်သို့ အဆောင်တော်မကူးစေရန် စုဖုရားလတ်မှနှုတ်မိန့်ဖြင့်တားမြစ်ထားသည်။ မုန့်ကိုသာခွဲဝေစားမည် အချစ်ကိုခွဲဝေမစားဟူသောခံယူချက်ဖြင့် တစ်လင်တစ်မယားစနစ်ကိုရအောင်အကောင်အထည်ဖော်လေသည်။ နန်းတက်ပြီးမကြာမီပင် စုဖုရားလတ်သည် သားတော်လေးတစ်ပါးဖွားမြင်ခဲ့ပြီး နောက်မကြာမီပင်၎င်းသားတော်လေးကွယ်လွန်ပြန် လေသည်။ ဘုရင်နှင့်မိဖုရားနှစ်ပါးတို့ စိတ်ပျော်စေရန်နန်းတော်အတွင်းတွင် ပျော်ပွဲရွင်ပွဲများကျင်းပကြ၍ သီပေါမင်းအား ဘုန်းကံတတ်စေရန် ထပ်မံဘိသိတ်သွန်းလောင်းရန် ကြံစည်ကြလေသည်။ အစဉ်အလာအရ ဘိသိတ်ပွဲတွင် ဘိသိတ်တော်ဆက်အပျိုတော်အဖြစ် အပြစ်အနာအဆာကင်းလွတ်သည့် အပျိုစင်စစ် မိန်းကလေးအားရွေးချယ်ရမည်ဖြစ်ရာ မိန်းမကိစ္စတွင်နာမည်ကျော် ရနောင်မောင်မောင်တုတ်က တာဝန်ယူရလေသည်။
သီပေါမင်း၊ စုဖုရားကြီးနှင့် စုဖုရားလတ်

ဤတွင်မောင်မောင်တုတ်သည် ဒိုင်းဝန်မင်းကြီး၏သမီးတော်ဖြစ်သည့် ခင်ခင်ကြီးခေါ် ဒိုင်းခင်ခင်အား အပျိုတော်အဖြစ်ရှေ့တော်သွင်းလေသည်။ ဒိုင်းခင်ခင်၏ ယဉ်ကျေးသိမ့်မွေ့၍ ချောမောလှပသည့် ရုပ်ရည်ကြောင့် စုဖုရားလတ်မှသဘောကျကာ အပျိုတော်အဖြစ်တာဝန်ပေးခြင်းခံရလေသည်။ ဒိုင်းခင်ခင်သည် စုဖုရားလတ်၏အပျိုတော်ဖြစ်လာသဖြင့် သီပေါမင်းအား စုဖုရားလတ်ခစားတိုင်း ပါဝင်ခစားရသူဖြစ်လာလေသည်။ ဒိုင်းခင်ခင်သည် နန်းတော်အတွင်းတွင်အခြားသောအပျိုတော်များထက် လှပသူဖြစ်ရာ ၎င်းအားသီပေါမင်းမှ မျက်စိကျလေတော့သည်။ ထိုအချိန်တွင် စုဖုရားလတ်မှ သမီးတော်တစ်ဦးမွေးဖွားရာ သီပေါမင်းသည် သမီးတော်လေးအားအကြောင်းပြကာ အဆောင်တော်သို့မပြန်ပဲအမြဲတတ်စေနေတတ်လေသည်။ 

သီပေါမင်းသည် ဒိုင်းခင်ခင်အားအလွန်တွယ်တာလာသဖြင့် တစ်နေ့တွင် ငယ်သူငယ်ချင်းများဖြစ်သည့် ရနောင်မောင်မောင်တုတ်နှင့် တောင်သမန်လယ်စားမောင်ဖေငယ်တို့အား ဖွင့်ပြောမိလေသည်။ ဖွင့်ပြောမိရုံသာမက မောင်ဖေငယ်အား ဒိုင်းခင်ခင်အားပိုးပန်းရန်အတွက် စာများကဗျာများရေးသားရန် တာဝန်ပေးလေသည်။  မောင်ဖေငယ်သည် ဒိုင်းခင်ခင်သည်၎င်း၏ငယ်ချစ်ဖြစ်သည်ကတစ်ကြောင်း ထိုအကြောင်းအား စုဖုရားလတ်သိပါက မိုးမီးလောင်မည်ကတစ်ကြောင်းရိပ်မိသဖြင့် ရင်ထဲတွင်မီးမြှိုက်သကဲ့သို့ခံစားရသော်လည်း ဘုရင့်ရှေ့တွင်ဖြစ်သဖြင့် မြိုသိပ်၍တာဝန်ကိုလက်ခံရယူလိုက်ရလေသည်။

နောက်ရက်များတွင် သီပေါမင်းနှင့် ဒိုင်းခင်ခင်တို့နီးစပ်ရန်အတွက် မြှားနတ်မောင်မှ မောင်ဖေငယ်ဖြစ်လာလေသည်။ ထိုနေများသည်မောင်ဖေငယ်အတွက် ငရဲပင်ဖြစ်လေသည်။ မိမိအလွန်ချစ်မြတ်နိုးရသူနှင့် ငယ်သူငယ်ချင်းအရင်းကြီးဖြစ်နေသည့် ဘုရင်အား အောင်သွယ်လုပ်ပေးရသည့်ကိစ္စမှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။ ဤသို့ဖြင့် သီပေါမင်းနှင့်ဒိုင်းခင်ခင်သည် မကြာခင်ပင်ချစ်သူများအဖြစ်သို့ရောက်ရှိသွားလေ တော့သည်။ ထိုအကြောင်းကိုစုဖုရားလတ်သိရှိသွားသည့်အခါ ထင်သည့်အတိုင်းပင်ပြဿနာကြီးတက်လေတော့သည်။ စုဖုရားလတ်နှင့်သီပေါမင်းတို့ပြဿနာအကြီးအကျယ်တက်ကာ သီပေါမင်းမှစုဖုရားလတ်အား လက်တော်သုံးဓါးဖြင့်ခုတ်ရန်ပင် ရွယ်ခဲ့သည်။ ထို့ကြောင့်စုဖုရားလတ်သည် မာယာသုံး၍ ဒိုင်းခင်ခင်အား မြောက်နန်းစံမိဖုရားအဖြစ်ထားရှိမည်ဟု သီပေါမင်းအားနားချကာ ချစ်ရသူသီပေါမင်းနှင့်ဒိုင်းခင်ခင်တို့၏ အချစ်ဇာတ်လမ်းတွင်ပါဝင်သူများအား ဖျက်ဆီးရန်ဆောင်ရွက်လေတော့သည်။ 

ပထမဆုံးသီပေါမင်းအား ဒိုင်းခင်ခင်နှင့်မောင်ဖေငယ်တို့သည် သီပေါမင်း၏နောက်ကွယ်တွင် ချစ်ကြိုက်နေကြောင်းသွေးထိုး၍ သီပေါမင်း၏အနားတွင် သစ္စာမရှိသူများရှိကြောင်းဖော်ထုတ်ရန် တိုင်းလေးပြင်လေးရပ်တွင် တိုင်စာများလက်ခံသင့်သည်ဟု အကြံပေး၍ ၎င်းတိုင်စာများတွင် ရနောင်မောင်မောင်တုတ်အား အတိုင်ခံရရန်ဆောင်ရွက်လေသည်။ ရနောင်မောင်မောင်တုတ်သည်လည်း မောက်မာသူဖြစ်သဖြင့် လူမုန်းများသူ ဖြစ်သောကြောင့် ဘုရင့်ထံရောက်ရှိလာသောတိုင်စာများ၏ တစ်ဝက်သည် မောင်မောင်တုတ်၏တိုင်စာများသာဖြစ်လေသည်။ ထိုအကြောင်းများကိုသီပေါမင်းကြားသောအခါ မောင်မောင်တုတ်အားထောင်ချထားစေ၍ ဒိုင်းခင်ခင်နှင့်ချစ်ကြိုက်နေသည်ဟုဆိုသူ မောင်ဖေငယ်အားလည်းရာထူးမှချကာ ဗန်းမော်သို့ဖမ်းဆီး ပို့ထားလိုက်လေသည်။ ဒိုင်းခင်ခင်၏ ဒိုင်းဝန်မင်းကြီးသည်လည်း စုဖုရားလတ်၏နှုတ်မိန့်အကြောင့် အသတ်ခံရလေသည်။

ခရစ်နှစ် ၁၈၈၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဗန်းမော်တွင်အကျဉ်းကျနေသည့် မောင်ဖေငယ်အား ကွပ်မျက်လိုက်လေသည်။ မောင်ဖေငယ်ကွပ်မျက်ခံရပြီးနောက် ဒိုင်းခင်ခင်လည်းဖမ်းဆီးခြင်းခံရလေသည်။ ထိုအချိန်တွင် ဒိုင်းခင်ခင်တွင် သီပေါမင်းနှင့်ရသောကိုယ်ဝန်ရှိနေပြီဖြစ်သဖြင့် ခွင့်လွတ်ပေးရန် တိုင်းတားမင်းကြီးတို့မှတောင်းပန်သော်လည်း နောက်ဆုံးတွင် သီပေါမင်း၏အချစ်ကိုလုယူခဲ့သည့် ဒိုင်းခင်ခင်အား အဝတ်အစားများချွတ်စေ၍ လည်မြိုအားဝါးရင်းဒုတ်ဖြင့် ရိုက်သတ်စေရန် စုဖုရားလတ်မှအမိန့်ချမှတ်ခဲ့သည်။ 

တောင်သမန်လယ်စားမောင်ဖေငယ်မသေဆုံးမီတွင် မိုးကောင်းဝန်မင်းအားပေးခဲ့သည့် တေးထပ်ကဗျာတစ်ပုဒ်ရှိလေသည်။ ရာဇဒဏ်ဖြင့်ဗန်းမော်သို့ပို့ထားခံရသည့်အချိန်တွင် သီပေါမင်းနှင့်စုဖုရားလတ်တို့၏အနားတွင် မိဖုရားအသစ်တစ်ပါးရောက်ရှိကြောင်းကြားသိရသဖြင့် အလွန်ချစ်မြတ်နိုးရသူ ငယ်ချစ်ဟောင်း ခင်ခင်ကြီးခေါ် ဒိုင်းခင်ခင်တစ်ယောက်မိဖုရားအဖြစ်စံမြန်းနေပြီဟုထင်မှတ်ကာ ဝမ်းနည်းဝမ်းသာဖြစ်လျှက် သေဆုံးသွားပါက ၎င်း၏ရုပ်လောင်းအားလာရောက်ကြည့်ရှုပါအုံးဟု သံတော်ဦးတင်သည့်ကဗျာတစ်ပုဒ်ဖြစ်လေသည်။ သို့သော်ထိုအချိန်တွင် ချစ်ရသူဒိုင်းခင်ခင်သည် သီပေါမင်း၏ရင်သွေးကိုလွယ်ထား၍ အာဏာပါးကွက်သားတို့၏ ရိုက်သတ်ခြင်းကိုခံနေရသည့်အချိန်ဖြစ်ကြောင်း သူသိရှိသွားခြင်းမရှိပေ။

မောင်ဖေငယ်ရေးသားခဲ့သည့် တေးထပ်ကဗျာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ချစ်ရသူ ခင်ခင်ငဲ့၊
ဘဝင်မြင့်သက်ညှာ၊
ဆင်မသင့် ခက်ပါသည်၊
သက်သာရာမရ၊
သည်ကိုဖြင့် တိမ်းခဲ့ချော်ပြီ၊
စိမ်းနဲ့နော် ဘုန်းခင့်လာပ။

ကလာပ်စုရုပ်ကြွင်းကို၊
ပြုတ်ယွင်းယိုကာလ၊
ဖုတ်သင်္ဂြိုဟ်စျာပန၊
ပြာကျမှ ပြန်ပါ၊
ဝဇီရာစိန်သံလျှင်းငယ်နှင့်၊
တရှိန်ချင်း လှမ်းချင်လို့မှာ။

ဝတိံဆင်း နန်းကိန္နရာလို၊
လျှမ်းထိန်ဝါဝေဝင်းနှင့်၊
ရွှေပယင်းငွေလက်တော်၊
ဘုန်းကိုင်ခဲ့နော်၊
အသုဘ ကမ္မဋ္ဌာန်းတော်ကို၊
ကြငှန်းပျော် အိုရှုလှည့်လေး။ ။

သက်တံ့နောင်(Wizardry Myanmar)
















ကချင်ပြည်နယ်ထဲကဘီလူးတွေနေထိုင်ခဲ့တဲ့မြို့


Unicode version
မြန်မာနိုင်ငံ၏နယ်နိမိတ်များထဲတွင် ထူးထူးခြားခြားဖြစ်ရပ်ဆန်းများဖြစ်ပွားခဲ့ခြင်းမရှိသောနေရာဟူ၍မရှိသလောက်ပင်။ ၎င်းတို့အထဲတွင် ကချင်ပြည်နယ်အတွင်းရှိရှေးမြို့ဟောင်းကြီးတစ်ခုလည်းအပါအဝင်ဖြစ်ပါသည်။ ၎င်းမြို့ဟောင်းကြီးကိုရှေးလူတို့က ယက္ခပူရမြို့ဟုခေါ်ဆိုကြပြီး ဘီလူးတို့စံပျော်ရာ ဘီလူးမြို့ကြီးအဖြစ် ထင်ရှားလှပါသည်။ ယင်းဘီလူးမြို့ဟောင်းခေါ် ယက္ခပူရမြို့ဟောင်းသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၏မြောက်ဖက် (၆)မိုင်ခန့်အကွာတွင်တည်ရှိ၍ ယခုအချိန်တွင် ဘီလူးမြို့ကျေးရွာအဖြစ်မြင်တွေ့နိုင်ပါသည်။


ရှေးယခင်က၎င်းဘီလူးမြို့၏အရှေ့ဘက်ကွေ့လွင်ပြင်တွင် ကျခတ်ဟူသောမြို့ပြနိုင်ငံငယ်တစ်ခုရှိခဲ့ပြီး သာသနာသက္ကရာဇ် ၁၃၆ ခုနှစ်သည် ၎င်းကျခတ်နိုင်ငံငယ်တွင် စောရန်နောင်မင်းအုပ်စိုးသောကာလဖြစ်ပြီး ၎င်းမင်း၏သားတော် ကုမ္မာရမင်းသားသည် ယက္ခပူရမြို့အတွင်းရှိ အဖိုးတန်သီတာရေစင်ကို ယူဆောင်ရန် သွားသည့်အချိန်၌ လူယောင်ဆောင်ထားသောဘီလူးမတစ်ဦးနှင့်မေတ္တာမျှခဲ့ကြပြီးနောက် ၎င်းမင်းသားသည် သီတာရေစင်အားယူ၍ ၎င်း၏ကျခတ်နိုင်ငံသို့ပြန်လေရာ မေတ္တာကြီးမားလှသောဘီလူးမလည်း ရင်ကွဲနာကျ၍ သေဆုံးရလေသည်။ ၎င်းဘီလူးမသေဆုံးခဲ့သောနေရာတွင် ရွှံ့ဗွက်အိုင်တစ်ခုဖြစ်၍ကျန်ခဲ့ပြီး ယနေ့ခေတ် ၎င်းဘီလူးမြို့ကျေးရွာအနီးရှိ စာထားကျေးရွာအတွင်းတွင် အဆိုပါဗွက်အိုင်ကြီးရှိ၍  ၎င်းဗွက်အိုင်ကြီးသည် ဆူပွက်နေတတ်ပြီး ဒေသခံတို့၏ယုံကြည်မှုအရ အဆိုပါဗွက်အိုင်ကြီးအနီးတွင် ကုမ္မာရမင်းသားလာပြီဟုအော်လျှင် ၎င်းရွှံအိုင်ကြီးမှ ပိုမိုဆူပွက်တတ်ကြောင်းပြောဆိုမှုများလည်းရှိပါသည်။

သာသနာသက္ကရာဇ် ၁၇၆ ခုနှစ်တွင် ကုမ္မာရမင်းသားနန်းတက်သည့်အချိန်၌ ကျခတ်မြို့ပြနိုင်ငံသည် လူဦးရေသိပ်သည်းမှုများပြားလာသဖြင့် အနီးရှိယက္ခပူရမြို့အားတိုက်ခိုက်သိမ်းပိုက်လိုက်ကြပါသည်။ စစ်ရှုံးသွားသောဘီလူးများသည် ဧရာဝတီမြစ်မှတစ်ဆင့်အောက်ဖက်သို့ဆုန်ဆင်းလာပြီး ပင်လယ်ဝရှိ ကျွန်းတစ်ကျွန်းတွင်အခြေချနေထိုင်ခဲ့ရပြီး ၎င်းကျွန်းအားဘီလူးကျွန်းဟုခေါ်ဆိုကြပြီး နောက်ပိုင်းတွင် အဆိုပါ ကျွန်းရှိဘီလူးများကို မွန်ဘုရင်များကထပ်မံတိုက်ခိုက်ခဲ့ရာ မေယုကျွန်းဆွယ်ဘက်သို့ ထွက်ပြေးရပြန်ပါသည်။ သာသနာသက္ကရာဇ် ၂၁၀ ခုနှစ်တွင် ယက္ခပူရမြို့စစ်ရှုံးစဉ်က တောတွင်းတွင် ပုန်းအောင်းကျန်နေခဲ့ သူများက ယက္ခပူရမြို့ဟောင်းနေရာတွင်ပင်မြို့ကြီးတစ်မြို့ကို ထပ်မံထူထောင်ခဲ့ပြီး ၎င်းမြို့အား ရှမ်းဘာသာဖြင့် မိန်းဖိုင်(ဘီလူးမြို့)ဟုခေါ်ဆိုခဲ့ကြပါသည်။

အဆိုပါဘီလူးမြို့တွင် ဘုရင်အဆက်ဆက်အုပ်စိုးခဲ့ပြီးနောက် တောင်ဘက်ပိုင်းတွင် သာကီနွယ်ဝင် ပျူလူမျိုးများကြီးစိုးသည့်ခေတ်သို့ပင်ရောက်ရှိလာပါသည်။ သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းလက်ထက်တွင်  ဗိဿနိုးမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြောက်ဘက်ပိုင်းရှိ ဘီလူးမြို့ပြနိုင်ငံကိုပါထပ်မံတိုက်ခိုက်သိမ်း ပိုက်ပြန်ပါသည်။ ဘီလူးမြို့သားများမှ အပြင်းအထန်ပြန်လည်ခုခံသော်လည်း ဘုန်းကံကြီးမားသည့် ဒွတ္တပေါင်မင်း၏စစ်တပ်အား ရင်ဆိုင်နိုင်ခြင်းမရှိသောကြောင့် ဘီလူးမြို့ကျဆုံးကာနီးအချိန်တွင် ဘီလူးမြို့သားများသည် ရန်သူလက်တွင်အညံ့မခံဘဲ မြို့အတွင်းတွင် တွင်းကြီးများတူး၍ အဆိပ်များသောက်ကာသတ်သေ လိုက်ကြလေသည်။ ဤသို့ဖြင့် ဘီလူးများနေထိုင်ခဲ့သည့် ဘီလူးမြို့အပြီးတိုင်ပျက်စီးသွားလေသည်။

ယခုဘီလူးမြို့ကျေးရွာသည် ယင်းဘီလူးမြို့ဟောင်း၏မူလတည်နေရာတွင်တည်ရှိသည်ဟု နှောင်းလူတို့က ယုံကြည်ကြ၍ ဘီလူးမြို့ဟောင်း၏ တွင်းကြီး(၉)တွင်းကို ယခုတိုင်မြင်တွေ့နိုင်ကြောင်းသိရှိရပြီး၊ ယက္ခပူရမြို့လယ်ရှိရွှေဘုံသာစေတီတော်အားလည်း ယခုထက်တိုင်ဖူးတွေ့နိုင်ပါသည်။ အဆိုပါ ရွှေဘုံသာစေတီတော်သည် သာသနာသက္ကရာဇ် (၂၂၃)ခုနှစ်တွင် သီရိဓမ္မာအသောကမင်းတည်ထားခဲ့သည့် ဓမ္မခန္ဓာစေတီပေါင်း(၈၄၀၀၀)တွင် တစ်ဆူအပါအဝင်ဖြစ်၍  အရှင်က္ကန္ဒဂုတ္တထေရ်သည်အမှူးပြုကာ ဘီလူးမြို့သူ မြို့သားတို့က တည်ထားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၇၆၃ ခုနှစ်တွင် အင်းဝဘုရင် မိုးညှင်းမင်းတရာကြီးက ဒါယိကာအဖြစ်ခံယူကာ ပြန်လည်ပြုပြင်၍ မဟာရွှေဘုံသာဘုရားကြီးအဖြစ် ဘွဲ့တော်သမုတ်တော်မူခဲ့ပါသည်။ 


ယခုခေတ် ဘီလူးမြို့ကျေးရွာ

ယခုလက်ရှိဘီလူးမြို့ကျေးရွာကြီးသည် ရှေးနတ်ဘီလူးများလူယောင်ဖန်ဆင်းထားသလားဟုထင်ယောင် ထင်မှားဖြစ်လောက်အောင် ချောမောလှပသည့် ရှမ်းနီအမျိုးသမီးလေးများနေထိုင်ရာဒေသတစ်ခုဖြစ်လျှက်ရှိပြီး ပတ်ဝန်းကျင်ဒေသများတွင်လည်း ချောမောလှပသောရှမ်းနီမလေးများနှင့် စေတနာသဒ္ဓါတရားထက်သန်သော ကျေးရွာနေရှမ်းနီတိုင်းရင်းသားများကြောင့် ထင်ပေါ်ကျော်ကြားသည့် စံပြကျေးရွာကြီးတစ်ခုအဖြစ် တည်ရှိလျှက်ရှိပါသည်။

သက်တံ့နောင်(Wizardry Myanmar)




Zawgyi version

ျမန္မာနိုင္ငံ၏နယ္နိမိတ္မ်ားထဲတြင္ ထူးထူးျခားျခားျဖစ္ရပ္ဆန္းမ်ားျဖစ္ပြားခဲ့ျခင္းမရွိေသာေနရာဟူ၍မရွိသေလာက္ပင္။ ၎တို႔အထဲတြင္ ကခ်င္ျပည္နယ္အတြင္းရွိေရွးၿမိဳ႕ေဟာင္းႀကီးတစ္ခုလည္းအပါအဝင္ျဖစ္ပါသည္။ ၎ၿမိဳ႕ေဟာင္းႀကီးကိုေရွးလူတို႔က ယကၡပူရၿမိဳ႕ဟုေခၚဆိုၾကၿပီး ဘီလူးတို႔စံေပ်ာ္ရာ ဘီလူးၿမိဳ႕ႀကီးအျဖစ္ ထင္ရွားလွပါသည္။ ယင္းဘီလူးၿမိဳ႕ေဟာင္းေခၚ ယကၡပူရၿမိဳ႕ေဟာင္းသည္ ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕၏ေျမာက္ဖက္ (၆)မိုင္ခန႔္အကြာတြင္တည္ရွိ၍ ယခုအခ်ိန္တြင္ ဘီလူးၿမိဳ႕ေက်းရြာအျဖစ္ျမင္ေတြ႕နိုင္ပါသည္။


ေရွးယခင္က၎ဘီလူးၿမိဳ႕၏အေရွ႕ဘက္ေကြ႕လြင္ျပင္တြင္ က်ခတ္ဟူေသာၿမိဳ႕ျပနိုင္ငံငယ္တစ္ခုရွိခဲ့ၿပီး သာသနာသကၠရာဇ္ ၁၃၆ ခုႏွစ္သည္ ၎က်ခတ္နိုင္ငံငယ္တြင္ ေစာရန္ေနာင္မင္းအုပ္စိုးေသာကာလျဖစ္ၿပီး ၎မင္း၏သားေတာ္ ကုမၼာရမင္းသားသည္ ယကၡပူရၿမိဳ႕အတြင္းရွိ အဖိုးတန္သီတာေရစင္ကို ယူေဆာင္ရန္ သြားသည့္အခ်ိန္၌ လူေယာင္ေဆာင္ထားေသာဘီလူးမတစ္ဦးႏွင့္ေမတၱာမၽွခဲ့ၾကၿပီးေနာက္ ၎မင္းသားသည္ သီတာေရစင္အားယူ၍ ၎၏က်ခတ္နိုင္ငံသို႔ျပန္ေလရာ ေမတၱာႀကီးမားလွေသာဘီလူးမလည္း ရင္ကြဲနာက်၍ ေသဆုံးရေလသည္။ ၎ဘီလူးမေသဆုံးခဲ့ေသာေနရာတြင္ ရႊံ့ဗြက္အိုင္တစ္ခုျဖစ္၍က်န္ခဲ့ၿပီး ယေန႔ေခတ္ ၎ဘီလူးၿမိဳ႕ေက်းရြာအနီးရွိ စာထားေက်းရြာအတြင္းတြင္ အဆိုပါဗြက္အိုင္ႀကီးရွိ၍  ၎ဗြက္အိုင္ႀကီးသည္ ဆူပြက္ေနတတ္ၿပီး ေဒသခံတို႔၏ယုံၾကည္မႈအရ အဆိုပါဗြက္အိုင္ႀကီးအနီးတြင္ ကုမၼာရမင္းသားလာၿပီဟုေအာ္လၽွင္ ၎ရႊံအိုင္ႀကီးမွ ပိုမိုဆူပြက္တတ္ေၾကာင္းေျပာဆိုမႈမ်ားလည္းရွိပါသည္။



သာသနာသကၠရာဇ္ ၁၇၆ ခုႏွစ္တြင္ ကုမၼာရမင္းသားနန္းတက္သည့္အခ်ိန္၌ က်ခတ္ၿမိဳ႕ျပနိုင္ငံသည္ လူဦးေရသိပ္သည္းမႈမ်ားျပားလာသျဖင့္ အနီးရွိယကၡပူရၿမိဳ႕အားတိုက္ခိုက္သိမ္းပိုက္လိုက္ၾကပါသည္။ စစ္ရႈံးသြားေသာဘီလူးမ်ားသည္ ဧရာဝတီျမစ္မွတစ္ဆင့္ေအာက္ဖက္သို႔ဆုန္ဆင္းလာၿပီး ပင္လယ္ဝရွိ ကၽြန္းတစ္ကၽြန္းတြင္အေျခခ်ေနထိုင္ခဲ့ရၿပီး ၎ကၽြန္းအားဘီလူးကၽြန္းဟုေခၚဆိုၾကၿပီး ေနာက္ပိုင္းတြင္ အဆိုပါ ကၽြန္းရွိဘီလူးမ်ားကို မြန္ဘုရင္မ်ားကထပ္မံတိုက္ခိုက္ခဲ့ရာ ေမယုကၽြန္းဆြယ္ဘက္သို႔ ထြက္ေျပးရျပန္ပါသည္။ သာသနာသကၠရာဇ္ ၂၁၀ ခုႏွစ္တြင္ ယကၡပူရၿမိဳ႕စစ္ရႈံးစဥ္က ေတာတြင္းတြင္ ပုန္းေအာင္းက်န္ေနခဲ့ သူမ်ားက ယကၡပူရၿမိဳ႕ေဟာင္းေနရာတြင္ပင္ၿမိဳ႕ႀကီးတစ္ၿမိဳ႕ကို ထပ္မံထူေထာင္ခဲ့ၿပီး ၎ၿမိဳ႕အား ရွမ္းဘာသာျဖင့္ မိန္းဖိုင္(ဘီလူးၿမိဳ႕)ဟုေခၚဆိုခဲ့ၾကပါသည္။



အဆိုပါဘီလူးၿမိဳ႕တြင္ ဘုရင္အဆက္ဆက္အုပ္စိုးခဲ့ၿပီးေနာက္ ေတာင္ဘက္ပိုင္းတြင္ သာကီႏြယ္ဝင္ ပ်ဴလူမ်ိဳးမ်ားႀကီးစိုးသည့္ေခတ္သို႔ပင္ေရာက္ရွိလာပါသည္။ သေရေခတၱရာျပည့္ရွင္ ဒြတၱေပါင္မင္းလက္ထက္တြင္  ဗိႆနိုးၿမိဳ႕ကိုတိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ ေျမာက္ဘက္ပိုင္းရွိ ဘီလူးၿမိဳ႕ျပနိုင္ငံကိုပါထပ္မံတိုက္ခိုက္သိမ္း ပိုက္ျပန္ပါသည္။ ဘီလူးၿမိဳ႕သားမ်ားမွ အျပင္းအထန္ျပန္လည္ခုခံေသာ္လည္း ဘုန္းကံႀကီးမားသည့္ ဒြတၱေပါင္မင္း၏စစ္တပ္အား ရင္ဆိုင္နိုင္ျခင္းမရွိေသာေၾကာင့္ ဘီလူးၿမိဳ႕က်ဆုံးကာနီးအခ်ိန္တြင္ ဘီလူးၿမိဳ႕သားမ်ားသည္ ရန္သူလက္တြင္အညံ့မခံဘဲ ၿမိဳ႕အတြင္းတြင္ တြင္းႀကီးမ်ားတူး၍ အဆိပ္မ်ားေသာက္ကာသတ္ေသ လိုက္ၾကေလသည္။ ဤသို႔ျဖင့္ ဘီလူးမ်ားေနထိုင္ခဲ့သည့္ ဘီလူးၿမိဳ႕အၿပီးတိုင္ပ်က္စီးသြားေလသည္။



ယခုဘီလူးၿမိဳ႕ေက်းရြာသည္ ယင္းဘီလူးၿမိဳ႕ေဟာင္း၏မူလတည္ေနရာတြင္တည္ရွိသည္ဟု ေႏွာင္းလူတို႔က ယုံၾကည္ၾက၍ ဘီလူးၿမိဳ႕ေဟာင္း၏ တြင္းႀကီး(၉)တြင္းကို ယခုတိုင္ျမင္ေတြ႕နိုင္ေၾကာင္းသိရွိရၿပီး၊ ယကၡပူရၿမိဳ႕လယ္ရွိေရႊဘုံသာေစတီေတာ္အားလည္း ယခုထက္တိုင္ဖူးေတြ႕နိုင္ပါသည္။ အဆိုပါ ေရႊဘုံသာေစတီေတာ္သည္ သာသနာသကၠရာဇ္ (၂၂၃)ခုႏွစ္တြင္ သီရိဓမၼာအေသာကမင္းတည္ထားခဲ့သည့္ ဓမၼခႏၶာေစတီေပါင္း(၈၄၀၀၀)တြင္ တစ္ဆူအပါအဝင္ျဖစ္၍  အရွင္ကၠႏၵဂုတၱေထရ္သည္အမႉးျပဳကာ ဘီလူးၿမိဳ႕သူ ၿမိဳ႕သားတို႔က တည္ထားခဲ့ျခင္းျဖစ္ပါသည္။ ျမန္မာသကၠရာဇ္ ၇၆၃ ခုႏွစ္တြင္ အင္းဝဘုရင္ မိုးညႇင္းမင္းတရာႀကီးက ဒါယိကာအျဖစ္ခံယူကာ ျပန္လည္ျပဳျပင္၍ မဟာေရႊဘုံသာဘုရားႀကီးအျဖစ္ ဘြဲ႕ေတာ္သမုတ္ေတာ္မူခဲ့ပါသည္။








ယခုေခတ္ ဘီလူးၿမိဳ႕ေက်းရြာ



ယခုလက္ရွိဘီလူးၿမိဳ႕ေက်းရြာႀကီးသည္ ေရွးနတ္ဘီလူးမ်ားလူေယာင္ဖန္ဆင္းထားသလားဟုထင္ေယာင္ ထင္မွားျဖစ္ေလာက္ေအာင္ ေခ်ာေမာလွပသည့္ ရွမ္းနီမေလးမ်ားေနထိုင္ရာေဒသတစ္ခုျဖစ္လၽွက္ရွိၿပီး ပတ္ဝန္းက်င္ေဒသမ်ားတြင္လည္း ေခ်ာေမာလွပေသာရွမ္းနီမေလးမ်ားႏွင့္ ေစတနာသဒၶါတရားထက္သန္ေသာ ေက်းရြာေနရွမ္းနီတိုင္းရင္းသားမ်ားေၾကာင့္ ထင္ေပၚေက်ာ္ၾကားသည့္ စံျပေက်းရြာႀကီးတစ္ခုအျဖစ္ တည္ရွိလၽွက္ရွိပါသည္။



သက္တံ့ေနာင္(Wizardry Myanmar)





























ပထမမြန်မာနိုင်ငံ၏နိဂုံး(သို့မဟုတ်)ငဆောင်ချမ်းတိုက်ပွဲ



မြန်မာသက္ကရာဇ် ၆၄၇ ခုနှစ်တွင် ပထမမြန်မာနိုင်ငံတော်ကြီး၏ ဧကရာဇ် နရသီဟပတေ့မင်းထံသို့ မွန်ဂိုတာတာလူမျိုးမင်းကြီးမှ စေလွှတ်လိုက်သောသံအဖွဲ့တစ်ဖွဲ့ရောက်ရှိလာပါသည်။ ထိုသံ အဖွဲ့၏လာရင်းရည်ရွယ်ချက်မှ အနော်ရထာမင်းနှင့် တရုတ်ဥတည်ဘွားမင်းတို့လက်ထက် ပုဂံတပ်ကြီးသည် တရုတ်ပြည်သို့ဗုဒ္ဓစွယ်တော်ပင့်ဆောင်ရွက်သွားသည့်ခရီးပြီးသည့်နောက် တရုတ်-ပုဂံနှစ်နိုင်ငံချစ်ကြည်ရေး အတွက် လက်ဆောင်ပဏ္ဍာများအပြန်အလှန်လဲလှယ်သည့်ဓလေ့ရှိလေရာ နှောင်းပိုင်းပုဂံမင်းများလက်ထက်တွင် ထိုအစဉ်အလာကိုဆက်လက်ထိန်းသိမ်းခြင်းမပြုဘဲနေသဖြင့် လက်ဆောင်ပဏ္ဍာများတောင်းခံရလာရောက်ခြင်းဖြစ်လေသည်။

သို့သော်လည်း အဆိုပါသံအဖွဲ့များသည် ပုဂံပြည့်ရှင် နရသီဟပတေ့မင်း၏ရှေ့တွင် မဖွယ်မရာအပြုအမူများ ပြုလုပ်ခဲ့ရာ ဒေါသကြီးသော နရသီဟပတေ့မင်းသည် မင်းတိုင်ပင်အမတ်ကြီးများတားနေသည့်ကြားမှပင် တရုတ်သံအမတ်(၁၀)ဦး၏ ခေါင်းဖြတ်သတ်စေခဲ့ပါသည်။ ထိုအကြောင်းကို မွန်ဂိုတာတာဘုရင်မှကြားသောအခါ ပုဂံနေပြည်တော်သို့ စစ်သည်သိန်း(၂၀)ပါဝင်သော စစ်တပ်ကြီးကို တူရကီလူမျိုးစစ်သူကြီး နာဆာအူဒင်အားဦးဆောင်စေ၍ စေလွှတ်လိုက်လေသည်။ ထိုအကြောင်းကို နရသီဟပတေ့မင်းသိသောအခါ စစ်သည်(၈)သိန်းရှိသောစစ်တပ်ကြီးကို စစ်သူကြီးနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့အား ဦးဆောင်စေ၍ခုခံရန်စေလွှတ်လေသည်။ စင်စစ်ထိုကာလ ပုဂံနေပြည်တော်ကြီးရင်ဆိုင်ရသောရန်သူမှာ သာမန်တရုတ်ဘုရင်မဟုတ်ပဲ ကမ္ဘာအကျယ်ဆုံးအင်ပါယာကြီး၏အရှင်သခင် ဂျင်ဂျစ်ခန်မင်းကြီး၏မြေးတော် ကူဘလိုင်ခန်မင်းကြီး၏စစ်တပ်ကြီးဖြစ်ပါသည်။
ကမ္ဘာ့အကြီးဆုံး ဂျင်ဂျစ်ခန်မင်းကြီး၏မွန်ဂိုအင်ပါယာ

ပုဂံတပ်များသည် ဗန်းမော်မြို့အရှေ့ဘက်ရှိ တရုတ်-မြန်မာနယ်စပ်အနီးရှိငဆောင်ချမ်းဒေသသို့ရောက်ရှိသောအခါ မြေကတုတ်များတူး၍ ခံတပ်ကြီးဖွဲ့ကာတရုတ်များအား ခုခံရန်ပြင်ဆင်ကြလေသည်။ ခရစ်နှစ် ၁၂၈၃ ခုနှစ် စက်တင်ဘာလတွင် တရုတ်တပ်များနှင့်ပုဂံတပ်များ ဗန်းမော်မြစ်၏အရှေ့နှင့်အနောက်များတွင် တပ်ဖွဲ့များမျက်နှာချင်းဆိုင်နေရာယူပြီးသည့် အချိန်တွင် ငဆောင်ချမ်းတိုက်ပွဲကြီးစတင်လေတော့သည်။ တိုက်ပွဲစတင်သည်နှင့် ရွှေ့လျားစစ်တွင်နာမည်ကြီးသော မွန်ဂိုမြင်းတပ်များကိုရှေ့တမ်းတင်၍ တရုတ်တပ်များမှ စတင်တိုက်ခိုက်သည်ကို ပုဂံတပ်များမှ ဆင်တပ်ကိုရှေ့တမ်းတင်၍ တိုက်ခိုက်လေရာ ဆင်တပ်ကိုမြင်ဖူးခြင်းမရှိသော မွန်ဂိုမြင်းတပ်သည် ပုဂံဆင်တပ်၏ တိုက်ခိုက်မှုကိုမခံနိုင်သဖြင့် နာမည်ကျော်မွန်ဂိုမြင်းတပ်ပျက်၍ တရုတ်များမြစ်ကိုမကူးနိုင်ပဲ ပြန်ဆုတ်ခွာရလေသည်။

စစ်သည် (၃၀၀)နှင့်ညီမျှသော စစ်ဆင်အကောင်ရည်(၂၀၀၀)မျှပါသောပုဂံဆင်တပ်ကြီးသည် တိုက်ပွဲတိုင်းတွင် ရှေ့တမ်းမှတိုက်ခိုက်ရာ ငဆောင်ချမ်းတိုက်ပွဲ၏ပထမပိုင်းများသည် ပုဂံတပ်များဘက်မှအလေးသာလေသည်။ သို့သော် ဂျင်ဂျစ်ခန်မင်းကြီး အိန္ဒိယနိုင်ငံကိုကျူးကျော်တိုက်ခိုက်စဉ်က ပါဝင်ခဲ့သည့် မွန်ဂိုစစ်သူကြီးများက ဆင်များသည် မီးကိုကြောက်သဖြင့် မီးတုတ်များကိုရှေ့တမ်းတင်၍ တိုက်ခိုက်ရန်စီစဉ်ခဲ့ပြီးနောက် ထပ်မံ၍ တိုက်ခိုက်ရာ ပုဂံဆင်တပ်များလည်း မီးတုတ်များကိုမြင်၍ ကြောက်လန့်တစ်ကြားနောက်ပြန်ပြေးရာ မိမိတပ်ကိုမိမိပြန်နင်းမိပြီး ပုဂံတပ်များအလွန်အထိနာခဲ့ရလေသည်။

ပုဂံဆင်တပ်ပျက်ပြီးနောက် မွန်ဂိုခြေလျင်တပ်များက ပုဂံတပ်များအား မြှားမိုးများရွာချရာ ပုဂံတပ်များ ထပ်မံ၍အထိနာရပြန်လေသည်။ ပုဂံတပ်များမှ မြှားဖြင့်ပြန်လည်ပစ်ခတ်သော်လည်း ကိုယ်လုံးပြည့်သံချပ်ကာများဝတ်ဆင်ထားသော မွန်ဂိုတပ်များအား အနည်းငယ်မျှပင်ထိခိုက်ခဲ့ပါသည်။ ငဆောင်ချမ်းတိုက်ပွဲနှင့် ပတ်သက်၍ မွန်ဂိုတပ်များ၏မြှားမိုးရွာမှုအကြောင်းကို ငါးစီးရှင်ကျော်စွာမှ ၎င်း၏ကာချင်းတွင် "တရုတ်လာသည် ရိုင်ရိုင်လော ရိုင်ရိုင်၊ မြားမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင် ၊လင်းပြင်ပြည့်မျှ ငှက်လင်းတ၊ လတိုင်းလော လတိုင်းလတိုင်း၊ မြင်းသည်သိန်းသန်း များစွာလွန်းသည် ထက်ဝန်းရံသ မနိုင်မနိုင်" ဟုရေးဖွဲ့ထားပါသည်။

ဆင်တပ်ပျက်၍ အထိနာနေသည့်အချိန်တွင် မွန်ဂိုတို့၏မြှားမိုးရွာမှုများကြောင့် ငဆောင်ချမ်းတွင်တပ်စွဲထားသော ပုဂံတပ်များသည် ၁၂၈၃ ခုနှစ် ဒီဇင်ဘာလတွင် တပ်များပြန်လည်ဆုတ်ခွာခဲ့ရလေသည်။ ငဆောင်ချမ်းမှ ဆုတ်ခွာခဲ့ရပြီးနောက် ပုဂံတပ်များသည် ဗန်းမော်အငူတွင်တပ်များတည်၍ ထပ်မံခုခံရန်ပြင်ဆင်ကြပြန်လေသည်။ သို့သော် မွန်ဂိုများဘက်မှ စစ်ကူသိန်းချီထပ်မံရောက်ရှိလာသဖြင့် ဗန်းမော်အငူမှတစ်ဆင့် ပုဂံတပ်များသည် မန်လည်တောင်အရှေ့တွင် ခံတပ်မြို့ကြီးနှစ်မြို့တည်၍ မွန်ဂိုများအား ခုခံရန်ပြင်ဆင်ကြပြန်လေသည်။ ထိုမန်လည်တောင်တိုက်ပွဲတွင်လည်း ပုဂံတပ်များရှုံးနိမ့်၍ ပုဂံစစ်သူကြီးညီနောင်တွင် အကိုဖြစ်သည့် စစ်သူကြီးနန္တပစ္စည်းကျဆုံးလေသည်။ 

ထိုအကြောင်းကိုကြားသိသောအခါမှ နရသီဟပတေ့မင်းသည် ယိုယွင်းနေသော ပုဂံမြို့ရိုးအားပြန်လည်ပြင်ဆင်ရန်ကြိုးစားလေတော့သည်။ သို့သော်လည်း မွန်ဂိုများသည် လျှင်မြန်သောအရှိန်ဖြင့်ချီတက်လာသောကြောင့် မြို့ရိုးကိုပြင်ဆင်ရန်အတွက် အုတ်ဖုတ်ရန် အချိန်မရှိတော့သဖြင့် ပုဂံမြို့အနှံ့တွင်တည်ထားသည့် ဘုရားစေတီများနှင့် ကုလားဘုရားကျောင်းများအား ဖျက်ဆီး၍ အုတ်များကိုယူကာ မြို့ရိုးကိုပြင်ဆင်ရန်ဆောင်ရွက်လေတော့သည်။ ထိုသို့ဘုရားစေတီများနှင့် ကုလားဘုရားကျောင်းများကိုဖျက်၍ အုတ်များယူရာ ဘုရားတစ်ဆူအတွင်းမှ ကြေးနီပုရပိုက်နှင့်ရေးသားသည့် သိုက်စာတွင် "သားအမွှာမွေးသောမင်း၏လက်ထက်တွင် ပုဂံပြည်ပျက်လတ္တံ" ဟူသောသိုက်စာကိုမင်းမှုထမ်းတို့တွေ့သဖြင့် နရသီဟပတေ့မင်း အားဆက်သရာ မင်းကြီးမှ မိဖုရားများကိုစီစစ်ရာ မိဖုရားငယ်တစ်ပါးတွင် သားအမွှာမွေးကြောင်းတွေ့ရှိရ သဖြင့် ပုဂံမြို့ရိုးအားပြင်ဆင်၍ မွန်ဂိုများအားခုခံမည့်အစီအစဉ်ကိုဖျက်၍ သားတော်ကြီးရှိရာ ပုသိမ်မြို့သို့ ထွက်ပြေးလေသည်။ (ဤတွင်တရုတ်ပြေးမင်းဟု အမည်တွင်လေသည်)
သရပါမြို့တံခါး

မွန်ဂိုတပ်များသည် ပုဂံအထက်ပိုင်းရှိ ရှေးမြန်မာတို့၏နေပြည်တော်ကြီးဖြစ်သည့် တကောင်းနေပြည်တော်အား ဖျက်ဆီး၍ပုဂံသို့ဆက်လက်ချီတက်လာလေသည်။ ပုဂံသို့ရောက်သောအခါ နရသီဟပတေ့မင်းသည် ပုသိမ်သို့ထွက်ပြေးကြောင်းသိသောအခါ ပုသိမ်သို့ဆက်လက်ချီတက်လာပြန်လေသည်။ သို့သော်လည်း နရသီဟပတေ့မင်းသည် ပြည်မြို့သို့အရောက်တွင် ငယ်စဉ်ကဝက်လက်ခိုးမသားဟု လူပုံအလည်တွင် အရှက်ခွဲခြင်းခံခဲ့ရသော သားတော်ပြည်မြို့စားသီဟသူက အဆိပ်ဖြင့်လုပ်ကြံသဖြင့် ကွယ်လွန်ရလေသည်။

မွန်ဂိုတို့၏ကျူးကျော်ခြင်းကြောင့် တိုင်းပြည်အတွင်း အစာရေစာရှားပါးလာခြင်း၊ တိုင်းသူပြည်သားတို့ငတ်မွတ်ခေါင်းပါးလာခြင်းတို့ကြောင့် ခရစ်နှစ် ၁၂၈၄ ခုနှစ်တွင် စာပေကျမ်းဂန်တတ်ကျွမ်းသော ဆရာတော်ရှင်ဒိသာပါမောက်သည် တရုတ်ပြည်သို့ကြွချီ၍ ကူဗလိုင်ခန်မင်းနှင့်တွေ့ဆုံကာ စစ်ပြေငြိမ်းရန်အတွက်အလိမ္မာသုံး၍ " ဥယျာဉ်စိုက်သော ယောက်ျားတို့သည် ရေသွန်းလောင်း၍ အပင်ကိုကြီးထွားစေသည်။အညွန့်ကိုမဆိတ်ကြပေ ။ သစ်ပင်သီး မှ အသီး ကို စားဖို့ မျှော်မှန်းကြသည် ။ ဤကဲ့သို့ပင် ပုဂံ ကို ရေသွန်းလောင်းပါ ။ ပုဂံပြည်က ငယ်ပေသည်။ပုဂံပြည်၏ သာသနာ သည် မြင့်မြတ်ပါသည် ။ မင်းကြီး မှာလည်း ဘုရားဆု ကို တောင်းသူ မဟုတ်တုံလော ။

မင်းကြီး တိုက်ခိုက် အောင်မြင်ခဲ့တဲ့ တိုင်းပြည် များဟာ များလည်းများ ၊ ကြီးလည်းကြီးပေတယ် ၊ ပုဂံဆိုတာ ပြည်နယ် တစ်ခုသာ ဖြစ်တယ် ။ သာသနာထွန်းကားတဲ့ ဒေသ မို့ ဘုရားလောင်းတို့ က မြတ်နိုးကြတယ် ။ စစ်သည် များ ကို မလွှတ်နဲ့ဦး ။ ငါတို့ ကောက်ပဲသီးနှံ များ ကို စိုက်ပျိုးပါဦးမယ် ။ စိုက်ပျိုးပြီး စီးတဲ့ အချိန်ကျမှ ဝင်လာပါ" ဟုဆိုလေရာ ဆရာတော်ရှင်ဒိသာပါမောက်၏စကားအား ကူဗလိုင်ခန်မင်းကြီးမှ သဘောကျ၍ မြန်မာနိုင်ငံအတွင်းရောက်ရှိနေသည့် မွန်ဂိုတပ်များအား ပြန်လည်ဆုတ်ခွာစေခဲ့လေသည်။ 

မွန်ဂိုတပ်များဆုတ်ခွာသွားသော်လည်း ပုဂံသည်နေထိုင်မည့်သူမရှိတော့သဖြင့် ခြုံနွယ်များပေါက်ရောက်ကာ တောကြီးဖြစ်၍ ပျက်စီးသွားလေသည်။ နောက်ပိုင်းတွင် ကူဗလိုင်ခန်၏မွန်ဂိုတပ်များသည် ကိုရီးယားနှင့် ဂျပန်တို့အားတိုက်ခိုက်သိမ်းပိုက်နေရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ထပ်မံ၍ ချီတက်လာခြင်းမရှိတော့ပေ။ ဤသို့ဖြင့် ပုဂံနေပြည်တော်ပျက်ဆီးခဲ့ပြီးနောက် နရသီဟပတေ့အား အဆိပ်ဖြင့်လုပ်ကြံခဲ့သူ သားတော်ပြည်မြို့စားသီဟသူသည် နောင်တော်ဖြစ်သူ ပုသိမ်မြို့စား ဥဇနာအားလည်းလုပ်ကြံခဲ့ပြီးနောက် ညီဖြစ်သူ ကျော်စွာမင်းသားရှိသည့် ပဲခူးအားတိုက်ခိုက်ရာ မအောင်မြင်ပဲထိုတိုက်ပွဲတွင်ပင်သေလေသည်။ 

သီဟသူကွယ်လွန်ပြီးနောက် မင်းသားအငယ်ဆုံးဖြစ်သည့် ကျော်စွာမှမွန်တို့အားကျောထောက်နောက်ခံပြု၍ နန်းတက်သော်လည်း မင်းမဖြစ်ခင်က တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်သော မိဖုရားဖွားစောကိုမေ့ထားသဖြင့် မိဖုရား၏ လက်အောက်ခံများဖြစ်သည့် ရှမ်းညီနောင်များဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြန် နှင့်သီဟသူ တို့မှ ခရစ်နှစ် ၁၂၉၇ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာသက္ကရာဇ် ၆၆၂ ခုနှစ်တွင် မြင်စိုင်းသို့ဘုရားဖူးရန် ကျော်စွာမင်းကြီးအား ခေါ်ဆောင်လာခဲ့ပြီးနောက် အတင်းအကြပ်သင်္ကန်းဝတ်ပေး၍ နန်းချလိုက်လေသည်။  ထို့နောက်ပုဂံနိုင်ငံတော်အား ရှမ်းညီနောင်သုံးဦးမှ မြင်စိုင်း၊ မက္ခရာနှင့် ပင်လယ်မြို့တို့တွင် အပြိုင်မင်းများပြုလုပ်၍အုပ်စိုးချယ်လှယ်ခဲ့သဖြင့် ပုဂံမင်းဆက်ပါပျက်လေတော့သည်။

သက်တံ့နောင်(Wizardry Myanmar)





ျမန္မာသကၠရာဇ္ ၆၄၇ ခုႏွစ္တြင္ ပထမျမန္မာနိုင္ငံေတာ္ႀကီး၏ ဧကရာဇ္ နရသီဟပေတ့မင္းထံသို႔ မြန္ဂိုတာတာလူမ်ိဳးမင္းႀကီးမွ ေစလႊတ္လိုက္ေသာသံအဖြဲ႕တစ္ဖြဲ႕ေရာက္ရွိလာပါသည္။ ထိုသံ အဖြဲ႕၏လာရင္းရည္ရြယ္ခ်က္မွ အေနာ္ရထာမင္းႏွင့္ တ႐ုတ္ဥတည္ဘြားမင္းတို႔လက္ထက္ ပုဂံတပ္ႀကီးသည္ တ႐ုတ္ျပည္သို႔ဗုဒၶစြယ္ေတာ္ပင့္ေဆာင္ရြက္သြားသည့္ခရီးၿပီးသည့္ေနာက္ တ႐ုတ္-ပုဂံႏွစ္နိုင္ငံခ်စ္ၾကည္ေရး အတြက္ လက္ေဆာင္ပ႑ာမ်ားအျပန္အလွန္လဲလွယ္သည့္ဓေလ့ရွိေလရာ ေႏွာင္းပိုင္းပုဂံမင္းမ်ားလက္ထက္တြင္ ထိုအစဥ္အလာကိုဆက္လက္ထိန္းသိမ္းျခင္းမျပဳဘဲေနသျဖင့္ လက္ေဆာင္ပ႑ာမ်ားေတာင္းခံရလာေရာက္ျခင္းျဖစ္ေလသည္။



သို႔ေသာ္လည္း အဆိုပါသံအဖြဲ႕မ်ားသည္ ပုဂံျပည့္ရွင္ နရသီဟပေတ့မင္း၏ေရွ႕တြင္ မဖြယ္မရာအျပဳအမူမ်ား ျပဳလုပ္ခဲ့ရာ ေဒါသႀကီးေသာ နရသီဟပေတ့မင္းသည္ မင္းတိုင္ပင္အမတ္ႀကီးမ်ားတားေနသည့္ၾကားမွပင္ တ႐ုတ္သံအမတ္(၁၀)ဦး၏ ေခါင္းျဖတ္သတ္ေစခဲ့ပါသည္။ ထိုအေၾကာင္းကို မြန္ဂိုတာတာဘုရင္မွၾကားေသာအခါ ပုဂံေနျပည္ေတာ္သို႔ စစ္သည္သိန္း(၂၀)ပါဝင္ေသာ စစ္တပ္ႀကီးကို တူရကီလူမ်ိဳးစစ္သူႀကီး နာဆာအူဒင္အားဦးေဆာင္ေစ၍ ေစလႊတ္လိုက္ေလသည္။ ထိုအေၾကာင္းကို နရသီဟပေတ့မင္းသိေသာအခါ စစ္သည္(၈)သိန္းရွိေသာစစ္တပ္ႀကီးကို စစ္သူႀကီးနႏၲပစၥည္းႏွင့္ ရႏၲပစၥည္းတို႔အား ဦးေဆာင္ေစ၍ခုခံရန္ေစလႊတ္ေလသည္။ စင္စစ္ထိုကာလ ပုဂံေနျပည္ေတာ္ႀကီးရင္ဆိုင္ရေသာရန္သူမွာ သာမန္တ႐ုတ္ဘုရင္မဟုတ္ပဲ ကမၻာအက်ယ္ဆုံးအင္ပါယာႀကီး၏အရွင္သခင္ ဂ်င္ဂ်စ္ခန္မင္းႀကီး၏ေျမးေတာ္ ကူဘလိုင္ခန္မင္းႀကီး၏စစ္တပ္ႀကီးျဖစ္ပါသည္။



ကမၻာ့အႀကီးဆုံး ဂ်င္ဂ်စ္ခန္မင္းႀကီး၏မြန္ဂိုအင္ပါယာ



ပုဂံတပ္မ်ားသည္ ဗန္းေမာ္ၿမိဳ႕အေရွ႕ဘက္ရွိ တ႐ုတ္-ျမန္မာနယ္စပ္အနီးရွိငေဆာင္ခ်မ္းေဒသသို႔ေရာက္ရွိေသာအခါ ေျမကတုတ္မ်ားတူး၍ ခံတပ္ႀကီးဖြဲ႕ကာတ႐ုတ္မ်ားအား ခုခံရန္ျပင္ဆင္ၾကေလသည္။ ခရစ္ႏွစ္ ၁၂၈၃ ခုႏွစ္ စက္တင္ဘာလတြင္ တ႐ုတ္တပ္မ်ားႏွင့္ပုဂံတပ္မ်ား ဗန္းေမာ္ျမစ္၏အေရွ႕ႏွင့္အေနာက္မ်ားတြင္ တပ္ဖြဲ႕မ်ားမ်က္ႏွာခ်င္းဆိုင္ေနရာယူၿပီးသည့္ အခ်ိန္တြင္ ငေဆာင္ခ်မ္းတိုက္ပြဲႀကီးစတင္ေလေတာ့သည္။ တိုက္ပြဲစတင္သည္ႏွင့္ ေရႊ႕လ်ားစစ္တြင္နာမည္ႀကီးေသာ မြန္ဂိုျမင္းတပ္မ်ားကိုေရွ႕တမ္းတင္၍ တ႐ုတ္တပ္မ်ားမွ စတင္တိုက္ခိုက္သည္ကို ပုဂံတပ္မ်ားမွ ဆင္တပ္ကိုေရွ႕တမ္းတင္၍ တိုက္ခိုက္ေလရာ ဆင္တပ္ကိုျမင္ဖူးျခင္းမရွိေသာ မြန္ဂိုျမင္းတပ္သည္ ပုဂံဆင္တပ္၏ တိုက္ခိုက္မႈကိုမခံနိုင္သျဖင့္ နာမည္ေက်ာ္မြန္ဂိုျမင္းတပ္ပ်က္၍ တ႐ုတ္မ်ားျမစ္ကိုမကူးနိုင္ပဲ ျပန္ဆုတ္ခြာရေလသည္။



စစ္သည္ (၃၀၀)ႏွင့္ညီမၽွေသာ စစ္ဆင္အေကာင္ရည္(၂၀၀၀)မၽွပါေသာပုဂံဆင္တပ္ႀကီးသည္ တိုက္ပြဲတိုင္းတြင္ ေရွ႕တမ္းမွတိုက္ခိုက္ရာ ငေဆာင္ခ်မ္းတိုက္ပြဲ၏ပထမပိုင္းမ်ားသည္ ပုဂံတပ္မ်ားဘက္မွအေလးသာေလသည္။ သို႔ေသာ္ ဂ်င္ဂ်စ္ခန္မင္းႀကီး အိႏၵိယနိုင္ငံကိုက်ဴးေက်ာ္တိုက္ခိုက္စဥ္က ပါဝင္ခဲ့သည့္ မြန္ဂိုစစ္သူႀကီးမ်ားက ဆင္မ်ားသည္ မီးကိုေၾကာက္သျဖင့္ မီးတုတ္မ်ားကိုေရွ႕တမ္းတင္၍ တိုက္ခိုက္ရန္စီစဥ္ခဲ့ၿပီးေနာက္ ထပ္မံ၍ တိုက္ခိုက္ရာ ပုဂံဆင္တပ္မ်ားလည္း မီးတုတ္မ်ားကိုျမင္၍ ေၾကာက္လန႔္တစ္ၾကားေနာက္ျပန္ေပးရာ မိမိတပ္ကိုမိမိျပန္နင္းမိၿပီး ပုဂံတပ္မ်ားအလြန္အထိနာခဲ့ရေလသည္။



ပုဂံဆင္တပ္ပ်က္ၿပီးေနာက္ မြန္ဂိုေျခလ်င္တပ္မ်ားက ပုဂံတပ္မ်ားအား ျမႇားမိုးမ်ားရြာခ်ရာ ပုဂံတပ္မ်ား ထပ္မံ၍အထိနာရျပန္ေလသည္။ ပုဂံတပ္မ်ားမွ ျမႇားျဖင့္ျပန္လည္ပစ္ခတ္ေသာ္လည္း ကိုယ္လုံးျပည့္သံခ်ပ္ကာမ်ားဝတ္ဆင္ထားေသာ မြန္ဂိုတပ္မ်ားအား အနည္းငယ္မၽွပင္ထိခိုက္ခဲ့ပါသည္။ ငေဆာင္ခ်မ္းတိုက္ပြဲႏွင့္ ပတ္သက္၍ မြန္ဂိုတပ္မ်ား၏ျမႇားမိုးရြာမႈအေၾကာင္းကို ငါးစီးရွင္ေက်ာ္စြာမွ ၎၏ကာခ်င္းတြင္ "တ႐ုတ္လာသည္ ရိုင္ရိုင္ေလာ ရိုင္ရိုင္၊ ျမားမိုးရြာသည္ ၿဖိဳင္ၿဖိဳင္ေလာ ၿဖိဳင္ၿဖိဳင္ ၊လင္းျပင္ျပည့္မၽွ ငွက္လင္းတ၊ လတိုင္းေလာ လတိုင္းလတိုင္း၊ ျမင္းသည္သိန္းသန္း မ်ားစြာလြန္းသည္ ထက္ဝန္းရံသ မနိုင္မနိုင္" ဟုေရးဖြဲ႕ထားပါသည္။



ဆင္တပ္ပ်က္၍ အထိနာေနသည့္အခ်ိန္တြင္ မြန္ဂိုတို႔၏ျမႇားမိုးရြာမႈမ်ားေၾကာင့္ ငေဆာင္ခ်မ္းတြင္တပ္စြဲထားေသာ ပုဂံတပ္မ်ားသည္ ၁၂၈၃ ခုႏွစ္ ဒီဇင္ဘာလတြင္ တပ္မ်ားျပန္လည္ဆုတ္ခြာခဲ့ရေလသည္။ ငေဆာင္ခ်မ္းမွ ဆုတ္ခြာခဲ့ရၿပီးေနာက္ ပုဂံတပ္မ်ားသည္ ဗန္းေမာ္အငူတြင္တပ္မ်ားတည္၍ ထပ္မံခုခံရန္ျပင္ဆင္ၾကျပန္ေလသည္။ သို႔ေသာ္ မြန္ဂိုမ်ားဘက္မွ စစ္ကူသိန္းခ်ီထပ္မံေရာက္ရွိလာသျဖင့္ ဗန္းေမာ္အငူမွတစ္ဆင့္ ပုဂံတပ္မ်ားသည္ မန္လည္ေတာင္အေရွ႕တြင္ ခံတပ္ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕တည္၍ မြန္ဂိုမ်ားအား ခုခံရန္ျပင္ဆင္ၾကျပန္ေလသည္။ ထိုမန္လည္ေတာင္တိုက္ပြဲတြင္လည္း ပုဂံတပ္မ်ားရႈံးနိမ့္၍ ပုဂံစစ္သူႀကီးညီေနာင္တြင္ အကိုျဖစ္သည့္ စစ္သူႀကီးနႏၲပစၥည္းက်ဆုံးေလသည္။ 



ထိုအေၾကာင္းကိုၾကားသိေသာအခါမွ နရသီဟပေတ့မင္းသည္ ယိုယြင္းေနေသာ ပုဂံၿမိဳ႕ရိုးအားျပန္လည္ျပင္ဆင္ရန္ႀကိဳးစားေလေတာ့သည္။ သို႔ေသာ္လည္း မြန္ဂိုမ်ားသည္ လၽွင္ျမန္ေသာအရွိန္ျဖင့္ခ်ီတက္လာေသာေၾကာင့္ ၿမိဳ႕ရိုးကိုျပင္ဆင္ရန္အတြက္ အုတ္ဖုတ္ရန္ အခ်ိန္မရွိေတာ့သျဖင့္ ပုဂံၿမိဳ႕အႏွံ့တြင္တည္ထားသည့္ ဘုရားေစတီမ်ားႏွင့္ ကုလားဘုရားေက်ာင္းမ်ားအား ဖ်က္ဆီး၍ အုတ္မ်ားကိုယူကာ ၿမိဳ႕ရိုးကိုျပင္ဆင္ရန္ေဆာင္ရြက္ေလေတာ့သည္။ ထိုသို႔ဘုရားေစတီမ်ားႏွင့္ ကုလားဘုရားေက်ာင္းမ်ားကိုဖ်က္၍ အုတ္မ်ားယူရာ ဘုရားတစ္ဆူအတြင္းမွ ေၾကးနီပုရပိုက္ႏွင့္ေရးသားသည့္ သိုက္စာတြင္ "သားအမႊာေမြးေသာမင္း၏လက္ထက္တြင္ ပုဂံျပည္ပ်က္လတၱံ" ဟူေသာသိုက္စာကိုမင္းမႈထမ္းတို႔ေတြ႕သျဖင့္ နရသီဟပေတ့မင္း အားဆက္သရာ မင္းႀကီးမွ မိဖုရားမ်ားကိုစီစစ္ရာ မိဖုရားငယ္တစ္ပါးတြင္ သားအမႊာေမြးေၾကာင္းေတြ႕ရွိရ သျဖင့္ ပုဂံၿမိဳ႕ရိုးအားျပင္ဆင္၍ မြန္ဂိုမ်ားအားခုခံမည့္အစီအစဥ္ကိုဖ်က္၍ သားေတာ္ႀကီးရွိရာ ပုသိမ္ၿမိဳ႕သို႔ ထြက္ေျပးေလသည္။ (ဤတြင္တ႐ုတ္ေျပးမင္းဟု အမည္တြင္ေလသည္)



မြန္ဂိုတပ္မ်ားသည္ ပုဂံအထက္ပိုင္းရွိ ေရွးျမန္မာတို႔၏ေနျပည္ေတာ္ႀကီးျဖစ္သည့္ တေကာင္းေနျပည္ေတာ္အား ဖ်က္ဆီး၍ပုဂံသို႔ဆက္လက္ခ်ီတက္လာေလသည္။ ပုဂံသို႔ေရာက္ေသာအခါ နရသီဟပေတ့မင္းသည္ ပုသိမ္သို႔ထြက္ေျပးေၾကာင္းသိေသာအခါ ပုသိမ္သို႔ဆက္လက္ခ်ီတက္လာျပန္ေလသည္။ သို႔ေသာ္လည္း နရသီဟပေတ့မင္းသည္ ျပည္ၿမိဳ႕သို႔အေရာက္တြင္ ငယ္စဥ္ကဝက္လက္ခိုးမသားဟု လူပုံအလည္တြင္ အရွက္ခြဲျခင္းခံခဲ့ရေသာ သားေတာ္ျပည္ၿမိဳ႕စားသီဟသူက အဆိပ္ျဖင့္လုပ္ႀကံသျဖင့္ ကြယ္လြန္ရေလသည္။



မြန္ဂိုတို႔၏က်ဴးေက်ာ္ျခင္းေၾကာင့္ တိုင္းျပည္အတြင္း အစာေရစာရွားပါးလာျခင္း၊ တိုင္းသူျပည္သားတို႔ငတ္မြတ္ေခါင္းပါးလာျခင္းတို႔ေၾကာင့္ ခရစ္ႏွစ္ ၁၂၈၄ ခုႏွစ္တြင္ စာေပက်မ္းဂန္တတ္ကၽြမ္းေသာ ဆရာေတာ္ရွင္ဒိသာပါေမာက္သည္ တ႐ုတ္ျပည္သို႔ႂကြခ်ီ၍ ကူဗလိုင္ခန္မင္းႏွင့္ေတြ႕ဆုံကာ စစ္ေျပၿငိမ္းရန္အတြက္အလိမၼာသုံး၍ " ဥယ်ာဥ္စိုက္ေသာ ေယာက္်ားတို႔သည္ ေရသြန္းေလာင္း၍ အပင္ကိုႀကီးထြားေစသည္။အညြန႔္ကိုမဆိတ္ၾကေပ ။ သစ္ပင္သီး မွ အသီး ကို စားဖို႔ ေမၽွာ္မွန္းၾကသည္ ။ ဤကဲ့သို႔ပင္ ပုဂံ ကို ေရသြန္းေလာင္းပါ ။ ပုဂံျပည္က ငယ္ေပသည္။ပုဂံျပည္၏ သာသနာ သည္ ျမင့္ျမတ္ပါသည္ ။ မင္းႀကီး မွာလည္း ဘုရားဆု ကို ေတာင္းသူ မဟုတ္တုံေလာ ။



မင္းႀကီး တိုက္ခိုက္ ေအာင္ျမင္ခဲ့တဲ့ တိုင္းျပည္ မ်ားဟာ မ်ားလည္းမ်ား ၊ ႀကီးလည္းႀကီးေပတယ္ ၊ ပုဂံဆိုတာ ျပည္နယ္ တစ္ခုသာ ျဖစ္တယ္ ။ သာသနာထြန္းကားတဲ့ ေဒသ မို႔ ဘုရားေလာင္းတို႔ က ျမတ္နိုးၾကတယ္ ။ စစ္သည္ မ်ား ကို မလႊတ္နဲ႔ဦး ။ ငါတို႔ ေကာက္ပဲသီးႏွံ မ်ား ကို စိုက္ပ်ိဳးပါဦးမယ္ ။ စိုက္ပ်ိဳးၿပီး စီးတဲ့ အခ်ိန္က်မွ ဝင္လာပါ" ဟုဆိုေလရာ ဆရာေတာ္ရွင္ဒိသာပါေမာက္၏စကားအား ကူဗလိုင္ခန္မင္းႀကီးမွ သေဘာက်၍ ျမန္မာနိုင္ငံအတြင္းေရာက္ရွိေနသည့္ မြန္ဂိုတပ္မ်ားအား ျပန္လည္ဆုတ္ခြာေစခဲ့ေလသည္။ 



မြန္ဂိုတပ္မ်ားဆုတ္ခြာသြားေသာ္လည္း ပုဂံသည္ေနထိုင္မည့္သူမရွိေတာ့သျဖင့္ ျခဳံႏြယ္မ်ားေပါက္ေရာက္ကာ ေတာႀကီးျဖစ္၍ ပ်က္စီးသြားေလသည္။ ေနာက္ပိုင္းတြင္ ကူဗလိုင္ခန္၏မြန္ဂိုတပ္မ်ားသည္ ကိုရီးယားႏွင့္ ဂ်ပန္တို႔အားတိုက္ခိုက္သိမ္းပိုက္ေနရသျဖင့္ ျမန္မာနိုင္ငံအတြင္းသို႔ထပ္မံ၍ ခ်ီတက္လာျခင္းမရွိေတာ့ေပ။ ဤသို႔ျဖင့္ ပုဂံေနျပည္ေတာ္ပ်က္ဆီးခဲ့ၿပီးေနာက္ နရသီဟပေတ့အား အဆိပ္ျဖင့္လုပ္ႀကံခဲ့သူ သားေတာ္ျပည္ၿမိဳ႕စားသီဟသူသည္ ေနာင္ေတာ္ျဖစ္သူ ပုသိမ္ၿမိဳ႕စား ဥဇနာအားလည္းလုပ္ႀကံခဲ့ၿပီးေနာက္ ညီျဖစ္သူ ေက်ာ္စြာမင္းသားရွိသည့္ ပဲခူးအားတိုက္ခိုက္ရာ မေအာင္ျမင္ပဲထိုတိုက္ပြဲတြင္ပင္ေသေလသည္။ 



သီဟသူကြယ္လြန္ၿပီးေနာက္ မင္းသားအငယ္ဆုံးျဖစ္သည့္ ေက်ာ္စြာမွမြန္တို႔အားေက်ာေထာက္ေနာက္ခံျပဳ၍ နန္းတက္ေသာ္လည္း မင္းမျဖစ္ခင္က တိုင္ပင္ေဖာ္တိုင္ပင္ဖက္ျဖစ္ေသာ မိဖုရားဖြားေစာကိုေမ့ထားသျဖင့္ မိဖုရား၏ လက္ေအာက္ခံမ်ားျဖစ္သည့္ ရွမ္းညီေနာင္မ်ားျဖစ္ေသာ အသခၤယာ၊ ရာဇသၾကၤန္ ႏွင့္သီဟသူ တို႔မွ ခရစ္ႏွစ္ ၁၂၉၇ ခုႏွစ္ ဒီဇင္ဘာလတြင္ ျမန္မာသကၠရာဇ္ ၆၆၂ ခုႏွစ္တြင္ ျမင္စိုင္းသို႔ဘုရားဖူးရန္ ေက်ာ္စြာမင္းႀကီးအား ေခၚေဆာင္လာခဲ့ၿပီးေနာက္ အတင္းအၾကပ္သကၤန္းဝတ္ေပး၍ နန္းခ်လိုက္ေလသည္။  ထို႔ေနာက္ပုဂံနိုင္ငံေတာ္အား ရွမ္းညီေနာင္သုံးဦးမွ ျမင္စိုင္း၊ မကၡရာႏွင့္ ပင္လယ္ၿမိဳ႕တို႔တြင္ အၿပိဳင္မင္းမ်ားျပဳလုပ္၍အုပ္စိုးခ်ယ္လွယ္ခဲ့သျဖင့္ ပုဂံမင္းဆက္ပါပ်က္ေလေတာ့သည္။



သက္တံ့ေနာင္(Wizardry Myanmar)



















Contact To Me

Contact Me
U Natyale
+15812004630
Myanmar

Powered by Blogger.

မွန်ဂိုတွေပုဂံကိုသိမ်းပိုက်ခဲ့ပေမဲ့ ဘာလို့မြန်မာပြည်တရုတ်လက်ထဲမရောက်ခဲ့ရသလဲ

  ခရစ်နှစ် ၁၂၈၇ ခုနှစ် ကူဗလိုင်ခန်မင်းကြီး၏ မွန်ဂိုတပ်များသည် ပုဂံနိုင်ငံတော်အားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပုဂံတပ်များ ငဆောင်ချမ်းတိုက်ပွဲတွင်ရ...

Search This Blog

Blog Archive

International

Auto News

Stay Updated

Subscribe your e-mail address and get to know about fresh stuff!

Entertainment

Fun & Fashion

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Subscribe Us

Random Products

Sed pellentesque nibh enim, quis euismod enim lacinia nec. Phasellus quam diam, semper in erat eu. Consectetur adipiscing elit. Sed pellentesque nibh enim, quis euismod enim lacinia nec.

Advertisement

Popular Posts