Thursday, April 30, 2020

ရန်ကုန်မြို့ ဗုံးကြဲခံရစဉ်က

Unicode ဖြင့်ဖတ်ရန်
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ထိုနေ့တွင် ဂျပန်ဘုရင့်ရေတပ်သည် ဟာဝါရီကျွန်းစုရှိအမေရိကန် ရေတပ်စစ်ဌာနချုပ်ဖြစ်သည့် ပုလဲဆိပ်ကမ်းအားဗုံးကြဲလိုက်ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရောက်တိုက်ခိုက်ခြင်းမရှိသော အမေရိကန်တို့သည် ထိုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဂျပန်နိုင်ငံကိုစစ်ကြေငြာပြီးဒုတိယကမ္ဘာစစ်အတွင်းသို့ဝင်ရောက်လာခဲ့လေသည်။ ထို့ကြောင့် ဂျပန်၊ ဂျာမဏီ၊ အီတလီစသော ဝင်ရိုးစွန်းနိုင်ငံများနှင့် အမေရိကန်၊ အင်္ဂလန်တို့ပါဝင်သည့် မဟာမိတ်နိုင်ငံတို့ကတစ်ဖက်ဖြင့် ဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာတစ်ခုလုံးသို့အကြီးအကျယ်ပြန့်နှံသွားသည်ဟုဆိုရမည်ဖြစ်ပါသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုးဒယားနိုင်ငံ၌ ဗမာ့လွတ်မြောက်ရေးတပ်မတော် (BIA) ကိုစတင်ဖွဲ့စည်း၍ ဂျပန်တို့၏အကူအညီနှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်တိုက်ခိုက်လေတော့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် BIA တပ်တို့နှင့်အတူ ဂျပန်တပ်များက မော်လမြိုင်မြို့ကိုသိမ်းပိုက်ထားလိုက်သည်။ ၎င်းမတိုင်ခင် ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းကပင် ဂျပန်တို့သည် ကော့သောင်းမြို့ကိုသိမ်းပိုက်ထားပြီး ဖြစ်လေသည်။ 

အမေရိကန်တို့၏ကျားပျံတိုက်လေယာဉ်

ဂျပန်တို့၏မြန်မာနိုင်ငံအတွင်းသို့ ထိုးစစ်နှင့်အတူ ၁၉၄၁ ခုနှစ် ဒီဇင်ဘာတွင် ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချက်တွင် မဟာမိတ်အမေရိကန်တို့၏ကျားပျံတိုက်လေယာဉ်များရောက်ရှိတပ်စွဲထားလေသည်။ သို့သော် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် ဂျပန်ကြည်းတပ်မတော်ပိုင်လေတပ်ဖွဲ့သည်ရန်ကုန်မြို့အား ဗုံးကြဲတိုက်ခိုက်ရန် ဘန်ကောက်နှင့်အင်ဒိုချိုင်းနားရှိလေယာဉ်ကွင်းတို့မှ ပျံတက်လာခဲ့သည်။ ထိုလေကြောင်းတပ်ဖွဲ့သည် ဗုံးကြဲလေယာဉ် ၈၀၊ တိုက်လေယာဉ် ၃၀ ပါသော လေတပ်အုပ်ကြီးဖြစ်လေသည်။

ထို့နေ့နံနက် ၁၀ နာရီခန့်တွင် မင်္ဂလာဒုံလေတပ်ဌာနချုုပ်မှ ဂျပန်လေယာဉ်များ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ချီတက်လာကြောင်း သတင်းရရှိလေတော့သည်။ ထိုအချိန်တွင် မင်္ဂလာဒုံလေတပ်တွင် မဟာမိတ်တို့၏ လေယာဉ်များ စုစုပေါင်း အစီးရေ (၅၀)ပင်ပြည့်အောင်မရှိ။  မဟာမိတ်တပ်များသည် ရှိသည့်လေယာဉ်များဖြင့် ရန်ကုန်မြို့အားကာကွယ်ရန် ပြင်ဆင်ရလေတော့သည်။

လေကြောင်းတပ်ကြီးချီတက်လာသည်ကို ရန်ကုန်မြို့သူမြို့သားတို့သိရှိလျှင် ယခင်ကဗုံးကြံခံရဖူးသည့် အတွေ့အကြုံမရှိသည့်အပြင် ထိုမျှများပြားသောလေတပ်ကြီးကို မြင်ဖူးခြင်းလည်းမရှိသောကြောင့်  အိမ်ပြင်များသို့ထွက်ကြည့်ကြလေတော့သည်။ ဂျပန်လေယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းဘက်အား ဦးစွာဗုံးကြဲချခဲ့ပြီး ထိုမှတစ်ဆင့် စုစုရုံးရုံးဖြင့် လေယာဉ်ထွက်ကြည့်နေကြသော လူနေရပ်ကွက်များဆီသို့ မီးလောင်ဗုံးများ၊ လေယာဉ်တင်ဗုံးများကိုကျဲချသွားလေသည်။ မိမိတို့၏ခေါင်းပေါ်သို့ ဂျပန်ဗုံးများကျလာသည့်အခါမှ ရန်ကုန်လူထုလည်း ထွက်ပြေးရကောင်းမှန်းသိ၍ ခြေဦးတည့်ရာပြေးကြလေတော့သည်။ သို့သော် အရပ်ရှစ်မျက်နှာမှ ပျံဝဲလာကြသည့် ဂျပန်လေယာဉ်တို့မှ ဗုံးများ စက်သေနတ်တို့၏အောက်တွင် ရန်ကုန်လူထုသည်အလူးအလဲခံခဲ့ရသည်။ 

နောက်ထပ် ၄၅ မိနစ်အကြာတွင် ဂျပန်အမှတ် ၆၂ လေတပ်အုပ်သည် ရန်ကုန်မြို့သို့ထပ်မံရောက်ရှိလာပြီး မင်္ဂလာဒုံလေတပ်စခန်းရှိ လေတပ်ကွပ်ကဲရေးစခန်း၊ လေယာဉ်ဂိုထောင်များ၊ ဆီသိုလှောင်ကန်များကို ဗုံးကြဲတိုက်ခိုက်ပြန်ပါသည်။ ဂျပန်များသည် ရန်ကုန်မြို့အား မိနစ်(၂၀)ခန့်စိတ်ကြိုက်ပစ်ခတ်သွားပြီး ပြန်လည်ဆုတ်ခွာသွားပါသည်။ ထိုနေ့တိုက်ပွဲတွင် ဂျပန် အမှတ် ၆၂ လေတပ်မှ လေယာဉ် ၁၀ စီးခန့်သာပျက်စီးသော်လည်း ရန်ကုန်မြို့မှာလုံးဝနီးပါးပျက်စီးသွားပြီး ထိုနေ့တွင် ရန်ကုန်မြို့သူမြို့သား ၂၀၀၀ ခန့်သေဆုံးခဲ့ပြီး ၂၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါသည်။




ထို့အပြင် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဂျပန်လေတပ်မှ ရန်ကုန်မြို့အားထပ်မံဗုံးကြဲတိုက်ခိုက်ပြန်ပါသည်။ ထိုအချိန်တွင် မြို့သူမြို့သားများသည် ဂျပန်လေယာဉ်အားကြောက်ရကောင်းမှန်းသိသဖြင့် လေယာဉ်လာကြောင်းသိသည်နှင့်ပုန်းခိုကြတော့သည်။ သို့သော် ထိုနေ့တွင် စနစ်တကျပုန်းခိုစရာနေရာမရှိသဖြင့် ရန်ကုန်မြို့သူ/သား (၇၅၀)ကျော်ထပ်မံသေဆုံး၍ အလုံမြို့လုံးဝပျက်စီးခဲ့ရလေသည်။
ဗုံးကြဲခံရပြီးနောက်ရန်ကုန်မြို့

နောက်ထပ်တစ်ဖန် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဂျပန်လေတပ်မှလာရောက်ဗုံးကြဲတိုက်ခိုက်ပြန်ပါသည်။ နှစ်လအတွင်း (၃)ကြိမ် ဗုံးကြဲခံရပြီးနောက် ရန်ကုန်လူထုလည်း မြို့ကိုစွန့်ခွာ၍ထွက်ပြေးကြရလေတော့သည်။ ရန်ကုန်မြို့နေကုလားများသည်လည်း အိန္ဒိယကိုခြေကျင်ပြန်ရန် ရန်ကုန်ကိုစွန့်ခွာလာခဲ့တော့သည်။ 

ထိုအချိန်တွင် မော်လမြိုင်မြို့ကိုသိမ်းပိုက်ထားသော ဂျပန်အမှတ် (၁၅)တပ်မသည် စတင်ချီတက်လာပြီဖြစ်သည်။ အိန္ဒိယအမှတ်(၁၇)တပ်မမှ ဂျပန်တို့စစ်တောင်းမြစ်အထိသာချီတက်လာမည်ဟု ခန့်မှန်းထားသော်လည်း ဂျပန်တို့သည် ထိုမှဆက်၍ချီတက်လာခဲ့လေသည်။ 

မဟာမိတ်တို့သည် တောင်ငူတွင်စစ်ဌာနချုပ်အားအခြေစိုက်ပြီး ရန်ကုန်ရှိအင်္ဂလိပ်တပ်များဆုတ်ခွာရန် စီစဉ်တော့သည်။ မြောက်အာဖရိကတွင်နာမည်ရရှိထားသော အမှတ်(၇)တင့်ကားတပ်ကို မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ထား ရန်ကုန်အားခုခံရန်နှင့် ရန်ကုန်မြို့အတွင်းရှိတပ်များဆုတ်ခွာရန် အစီအစဉ်များပြုလုပ်လေတော့သည်။ 

၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဂျပန်အမှတ်(၂၁၅)ခြေလျှင်တပ်မကြီးနှင့် BIA တပ်များမှ ရန်ကုန်မြို့အား ဝင်ရောက်သိမ်းပိုက်လေတော့သည်။ အင်္ဂလိပ်တပ်များသည် တင့်တပ်ဖွဲ့များကိုအကာအကွယ်ယူရန် ရန်ကုန်မြို့မှစတင်ဆုတ်ခွာတော့သည်။ မဟာမိတ်တို့သည် ဆုတ်ခွာစဉ် သိမ်ကြီးဈေးအပါအဝင် သန်လျင်မြို့ရှိရေနံချက်စက်ရုံများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရန်ကုန်ဆိပ်ကမ်းများဝန်ချီကရိန်းကြီးများအား ဖောက်ခွဲဖျက်ဆီးသွားခဲ့လေသည်။ ထိုခေတ်ထိုအခါက အာရှတွင်ခေတ်အမီဆုံးမြို့ဖြစ်ခဲ့သည့် ရန်ကုန်မြို့၏ ကောင်းကင်ပြင်သည် ထိုနေ့တွင်နေရောင်ပင်မထိုးနိုင်လောက်အောင် အမှောင်ကြီးကျသည်အထိ တစ်မြို့လုံးနီးပါးမီးလောင်ပျက်စီးသွားလေတော့သည်။ ထို့မတ်လ (၈)ရက်နေ့မှစတင်၍ လေးလကျော်ကြာသည့်တိုင် အင်္ဂလိပ်မဟာမိတ်တပ်များသည် ၎င်းတို့တပ်စွဲထားရာစခန်းများ၊ မြို့များဆီမှ တစ်ဆုတ်တည်းဆုတ်ခွာထွက်ပြေးခဲ့ရ သဖြင့် အင်္ဂလိပ်တို့၏သမိုင်းတွင် ခရီးအကြာဆုံးဆုတ်ခွာခဲ့ရခြင်းဖြစ်လေသည်။
ယခုရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အရှေ့တွင် ဂျပန်တပ်များအောင်ပွဲခံနေစဉ်

သက်တံ့နောင်(Wizardry Myanmar)



Zawgyi ျဖင့္ဖတ္ရန္

၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၇ ရက္ေန႔ ထိုေန႔တြင္ ဂ်ပန္ဘုရင့္ေရတပ္သည္ ဟာဝါရီကၽြန္းစုရွိအေမရိကန္ ေရတပ္စစ္ဌာနခ်ဳပ္ျဖစ္သည့္ ပုလဲဆိပ္ကမ္းအားဗုံးၾကဲလိုက္ၿပီးေနာက္ ဒုတိယကမၻာစစ္အတြင္း ဝင္ေရာက္တိုက္ခိုက္ျခင္းမရွိေသာ အေမရိကန္တို႔သည္ ထိုႏွစ္ ဒီဇင္ဘာလ ၈ ရက္ေန႔တြင္ ဂ်ပန္နိုင္ငံကိုစစ္ေၾကျငာၿပီးဒုတိယကမၻာစစ္အတြင္းသို႔ဝင္ေရာက္လာခဲ့ေလသည္။ ထို႔ေၾကာင့္ ဂ်ပန္၊ ဂ်ာမဏီ၊ အီတလီစေသာ ဝင္ရိုးစြန္းနိုင္ငံမ်ားႏွင့္ အေမရိကန္၊ အဂၤလန္တို႔ပါဝင္သည့္ မဟာမိတ္နိုင္ငံတို႔ကတစ္ဖက္ျဖင့္ ဒုတိယကမၻာစစ္ႀကီးသည္ ကမၻာတစ္ခုလုံးသို႔အႀကီးအက်ယ္ျပန႔္ႏွံသြားသည္ဟုဆိုရမည္ျဖစ္ပါသည္။



၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ေန႔တြင္ ယိုးဒယားနိုင္ငံ၌ ဗမာ့လြတ္ေျမာက္ေရးတပ္မေတာ္ (BIA) ကိုစတင္ဖြဲ႕စည္း၍ ဂ်ပန္တို႔၏အကူအညီႏွင့္အတူ ျမန္မာနိုင္ငံအတြင္းသို႔ဝင္ေရာက္တိုက္ခိုက္ေလေတာ့သည္။ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလတြင္ BIA တပ္တို႔ႏွင့္အတူ ဂ်ပန္တပ္မ်ားက ေမာ္လၿမိဳင္ၿမိဳ႕ကိုသိမ္းပိုက္ထားလိုက္သည္။ ၎မတိုင္ခင္ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကတည္းကပင္ ဂ်ပန္တို႔သည္ ေကာ့ေသာင္းၿမိဳ႕ကိုသိမ္းပိုက္ထားၿပီး ျဖစ္ေလသည္။ 



အေမရိကန္တို႔၏က်ားပ်ံတိုက္ေလယာဥ္



ဂ်ပန္တို႔၏ျမန္မာနိုင္ငံအတြင္းသို႔ ထိုးစစ္ႏွင့္အတူ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာတြင္ ရန္ကုန္ၿမိဳ႕ မဂၤလာဒုံေလတပ္စခန္းဌာနခ်က္တြင္ မဟာမိတ္အေမရိကန္တို႔၏က်ားပ်ံတိုက္ေလယာဥ္မ်ားေရာက္ရွိတပ္စြဲထားေလသည္။ သို႔ေသာ္ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၃ ရက္ေန႔ နံနက္အေစာပိုင္းတြင္ ဂ်ပန္ၾကည္းတပ္မေတာ္ပိုင္ေလတပ္ဖြဲ႕သည္ရန္ကုန္ၿမိဳ႕အား ဗုံးၾကဲတိုက္ခိုက္ရန္ ဘန္ေကာက္ႏွင့္အင္ဒိုခ်ိဳင္းနားရွိေလယာဥ္ကြင္းတို႔မွ ပ်ံတက္လာခဲ့သည္။ ထိုေလေၾကာင္းတပ္ဖြဲ႕သည္ ဗုံးၾကဲေလယာဥ္ ၈၀၊ တိုက္ေလယာဥ္ ၃၀ ပါေသာ ေလတပ္အုပ္ႀကီးျဖစ္ေလသည္။

ထို႔ေန႔နံနက္ ၁၀ နာရီခန႔္တြင္ မဂၤလာဒုံေလတပ္ဌာနခ်ဳုပ္မွ ဂ်ပန္ေလယာဥ္မ်ား စစ္ေၾကာင္းႏွစ္ေၾကာင္းခြဲ၍ ခ်ီတက္လာေၾကာင္း သတင္းရရွိေလေတာ့သည္။ ထိုအခ်ိန္တြင္ မဂၤလာဒုံေလတပ္တြင္ မဟာမိတ္တို႔၏ ေလယာဥ္မ်ား စုစုေပါင္း အစီးေရ (၅၀)ပင္ျပည့္ေအာင္မရွိ။  မဟာမိတ္တပ္မ်ားသည္ ရွိသည့္ေလယာဥ္မ်ားျဖင့္ ရန္ကုန္ၿမိဳ႕အားကာကြယ္ရန္ ျပင္ဆင္ရေလေတာ့သည္။





ေလေၾကာင္းတပ္ႀကီးခ်ီတက္လာသည္ကို ရန္ကုန္ၿမိဳ႕သူၿမိဳ႕သားတို႔သိရွိလၽွင္ ယခင္ကဗုံးႀကံခံရဖူးသည့္ အေတြ႕အၾကဳံမရွိသည့္အျပင္ ထိုမၽွမ်ားျပားေသာေလတပ္ႀကီးကို ျမင္ဖူးျခင္းလည္းမရွိေသာေၾကာင့္  အိမ္ျပင္မ်ားသို႔ထြက္ၾကည့္ၾကေလေတာ့သည္။ ဂ်ပန္ေလယာဥ္မ်ားသည္ ရန္ကုန္ဆိပ္ကမ္းဘက္အား ဦးစြာဗုံးၾကဲခ်ခဲ့ၿပီး ထိုမွတစ္ဆင့္ စုစု႐ုံး႐ုံးျဖင့္ ေလယာဥ္ထြက္ၾကည့္ေနၾကေသာ လူေနရပ္ကြက္မ်ားဆီသို႔ မီးေလာင္ဗုံးမ်ား၊ ေလယာဥ္တင္ဗုံးမ်ားကိုက်ဲခ်သြားေလသည္။ မိမိတို႔၏ေခါင္းေပၚသို႔ ဂ်ပန္ဗုံးမ်ားက်လာသည့္အခါမွ ရန္ကုန္လူထုလည္း ထြက္ေျပးရေကာင္းမွန္းသိ၍ ေျခဦးတည့္ရာေျပးၾကေလေတာ့သည္။ သို႔ေသာ္ အရပ္ရွစ္မ်က္ႏွာမွ ပ်ံဝဲလာၾကသည့္ ဂ်ပန္ေလယာဥ္တို႔မွ ဗုံးမ်ား စက္ေသနတ္တို႔၏ေအာက္တြင္ ရန္ကုန္လူထုသည္အလူးအလဲခံခဲ့ရသည္။ 


ေနာက္ထပ္ ၄၅ မိနစ္အၾကာတြင္ ဂ်ပန္အမွတ္ ၆၂ ေလတပ္အုပ္သည္ ရန္ကုန္ၿမိဳ႕သို႔ထပ္မံေရာက္ရွိလာၿပီး မဂၤလာဒုံေလတပ္စခန္းရွိ ေလတပ္ကြပ္ကဲေရးစခန္း၊ ေလယာဥ္ဂိုေထာင္မ်ား၊ ဆီသိုေလွာင္ကန္မ်ားကို ဗုံးၾကဲတိုက္ခိုက္ျပန္ပါသည္။ ဂ်ပန္မ်ားသည္ ရန္ကုန္ၿမိဳ႕အား မိနစ္(၂၀)ခန႔္စိတ္ႀကိဳက္ပစ္ခတ္သြားၿပီး ျပန္လည္ဆုတ္ခြာသြားပါသည္။ ထိုေန႔တိုက္ပြဲတြင္ ဂ်ပန္ အမွတ္ ၆၂ ေလတပ္မွ ေလယာဥ္ ၁၀ စီးခန႔္သာပ်က္စီးေသာ္လည္း ရန္ကုန္ၿမိဳ႕မွာလုံးဝနီးပါးပ်က္စီးသြားၿပီး ထိုေန႔တြင္ ရန္ကုန္ၿမိဳ႕သူၿမိဳ႕သား ၂၀၀၀ ခန႔္ေသဆုံးခဲ့ၿပီး ၂၅၀၀ ေက်ာ္ဒဏ္ရာရရွိခဲ့ပါသည္။




ထို႔အျပင္ ဒီဇင္ဘာ ၂၅ ရက္ေန႔တြင္ ဂ်ပန္ေလတပ္မွ ရန္ကုန္ၿမိဳ႕အားထပ္မံဗုံးၾကဲတိုက္ခိုက္ျပန္ပါသည္။ ထိုအခ်ိန္တြင္ ၿမိဳ႕သူၿမိဳ႕သားမ်ားသည္ ဂ်ပန္ေလယာဥ္အားေၾကာက္ရေကာင္းမွန္းသိသျဖင့္ ေလယာဥ္လာေၾကာင္းသိသည္ႏွင့္ပုန္းခိုၾကေတာ့သည္။ သို႔ေသာ္ ထိုေန႔တြင္ စနစ္တက်ပုန္းခိုစရာေနရာမရွိသျဖင့္ ရန္ကုန္ၿမိဳ႕သူ/သား (၇၅၀)ေက်ာ္ထပ္မံေသဆုံးရန္ အလုံၿမိဳ႕လုံးဝပ်က္စီးခဲ့ရေလသည္။

ေနာက္ထပ္တစ္ဖန္ ၁၉၄၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔တြင္ ဂ်ပန္ေလတပ္မွလာေရာက္ဗုံးၾကဲတိုက္ခိုက္ျပန္ပါသည္။ ႏွစ္လအတြင္း (၃)ႀကိမ္ ဗုံးၾကဲခံရၿပီးေနာက္ ရန္ကုန္လူထုလည္း ၿမိဳ႕ကိုစြန႔္ခြာ၍ထြက္ေျပးၾကရေလေတာ့သည္။ ရန္ကုန္ၿမိဳ႕ေနကုလားမ်ားသည္လည္း အိႏၵိယကိုေျခက်င္ျပန္ရန္ ရန္ကုန္ကိုစြန႔္ခြာလာခဲ့ေတာ့သည္။ 


ထိုအခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕ကိုသိမ္းပိုက္ထားေသာ ဂ်ပန္အမွတ္ (၁၅)တပ္မသည္ စတင္ခ်ီတက္လာၿပီျဖစ္သည္။ အိႏၵိယအမွတ္(၁၇)တပ္မမွ ဂ်ပန္တို႔စစ္ေတာင္းျမစ္အထိသာခ်ီတက္လာမည္ဟု ခန႔္မွန္းထားေသာ္လည္း ဂ်ပန္တို႔သည္ ထိုမွဆက္၍ခ်ီတက္လာခဲ့ေလသည္။ မဟာမိတ္တို႔သည္ ေတာင္ငူတြင္စစ္ဌာနခ်ဳပ္အားအေျခစိုက္ၿပီး ရန္ကုန္ရွိအဂၤလိပ္တပ္မ်ားဆုတ္ခြာရန္ စီစဥ္ေတာ့သည္။ ေျမာက္အာဖရိကတြင္နာမည္ရရွိထားေသာ အမွတ္(၇)တင့္ကားတပ္ကို ျမန္မာနိုင္ငံသို႔ျပန္လည္ေခၚထား ရန္ကုန္အားခုခံရႏွင့္ ရန္ကုန္ၿမိဳ႕အတြင္းရွိတပ္မ်ားဆုတ္ခြာရန္ အစီအစဥ္မ်ားျပဳလုပ္ေလေတာ့သည္။ 


၁၉၄၂ ခုႏွစ္ မတ္လ ၈ ရက္ေန႔တြင္ ဂ်ပန္အမွတ္(၂၁၅)ေျခလၽွင္တပ္မႀကီးႏွင့္ BIA တပ္မ်ားမွ ရန္ကုန္ၿမိဳ႕အား ဝင္ေရာက္သိမ္းပိုက္ေလေတာ့သည္။ အဂၤလိပ္တပ္မ်ားသည္ တင့္တပ္ဖြဲ႕မ်ားကိုအကာအကြယ္ယူရန္ ရန္ကုန္ၿမိဳ႕မွစတင္ဆုတ္ခြာေတာ့သည္။ မဟာမိတ္တို႔သည္ ဆုတ္ခြာစဥ္ သိမ္ႀကီးေဈးအပါအဝင္ သန္လ်င္ၿမိဳ႕ရွိေရနံခ်က္စက္႐ုံမ်ား၊ ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးစက္႐ုံ၊ ရန္ကုန္ဆိပ္ကမ္းမ်ားဝန္ခ်ီကရိန္းႀကီးမ်ားအား ေဖာက္ခြဲဖ်က္ဆီးသြားခဲ့ေလသည္။ ထိုေခတ္ထိုအခါရန္ အာရွတြင္ေခတ္အမီဆုံးၿမိဳ႕ျဖစ္ခဲ့သည့္ ရန္ကုန္ၿမိဳ႕၏ ေကာင္းကင္ျပင္သည္ ထိုေန႔တြင္ေနေရာင္ပင္မထိုးနိုင္ေလာက္ေအာင္ အေမွာင္ႀကီးက်သည္အထိ တစ္ၿမိဳ႕လုံးနီးပါးပ်က္စီးသြားေလေတာ့သည္။ ထို႔မတ္လ (၈)ရက္ေန႔မွစတင္၍ ေလးလေက်ာ္ၾကာသည့္တိုင္ အဂၤလိပ္မဟာမိတ္တပ္မ်ားသည္ ၎တို႔တပ္စြဲထားရာစခန္းမ်ား၊ ၿမိဳ႕မ်ားဆီမွ တစ္ဆုတ္တည္းဆုတ္ခြာထြက္ေျပးခဲ့ရ သျဖင့္ အဂၤလိပ္တို႔၏သမိုင္းတြင္ ခရီးအၾကာဆုံးဆုတ္ခြာခဲ့ရျခင္းျဖစ္ေလသည္။





သက္တံ့ေနာင္(Wizardry Myanmar)











ဦးနတ်ရဲဆိုတာ မြန်မာနိုင်ငံမှာနေထိုင်ပြီး မြန်မာနိုင်ငံကိုချစ်မြတ်နိုးတဲ့ မြန်မာနိုင်ငံသား သမိုင်းဝါသနာရှင်တစ်ဦးမျှသာဖြစ်ပါတယ်။

0 comments:

Post a Comment

Contact To Me

Contact Me
U Natyale
+15812004630
Myanmar

Powered by Blogger.

မွန်ဂိုတွေပုဂံကိုသိမ်းပိုက်ခဲ့ပေမဲ့ ဘာလို့မြန်မာပြည်တရုတ်လက်ထဲမရောက်ခဲ့ရသလဲ

  ခရစ်နှစ် ၁၂၈၇ ခုနှစ် ကူဗလိုင်ခန်မင်းကြီး၏ မွန်ဂိုတပ်များသည် ပုဂံနိုင်ငံတော်အားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပုဂံတပ်များ ငဆောင်ချမ်းတိုက်ပွဲတွင်ရ...

Search This Blog

Blog Archive

International

Auto News

Stay Updated

Subscribe your e-mail address and get to know about fresh stuff!

Entertainment

Fun & Fashion

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Subscribe Us

Random Products

Sed pellentesque nibh enim, quis euismod enim lacinia nec. Phasellus quam diam, semper in erat eu. Consectetur adipiscing elit. Sed pellentesque nibh enim, quis euismod enim lacinia nec.

Advertisement

Popular Posts