ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးမှုမှာ ၁၀၀၀၀ ကျော်ရှိလာ
========================================================
ရောမ မတ် ၂၂
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း လူသေဆုံးမှုမှာ ၁၀၀၀၀ ကျော်အထိ ရှိလာ ခဲ့ပြီး သေဆုံးသူများအနက် ၄၈၀၀ ကျော်မှာ အီတလီနိုင်ငံမှဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်မှာ ၁၃၄၄ ဦး ထပ်မံ မြင့်တက်လာခဲ့ရာ စုစုပေါင်း ၁၁၁၈၄ ဦး အထိရှိလာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားသည်။ ကမ္ဘာ့အစိုးရ များက ထုတ်ပြန်သည့်စာရင်းများအရ အီတလီနိုင်ငံက ကိုဗစ်-၁၉ ကြောင့် လူသေဆုံးသူ ၄၈၂၅ ဦးဖြင့် ကူးစက်လူနာ အများဆုံးသေဆုံးသော တိုင်းပြည်ဖြစ်ပြီး တရုတ်နိုင်ငံက ၃၂၅၅ ဦးဖြင့် ဒုတိယ၊ အီရန် နိုင်ငံက ၁၅၅၆ ဦးဖြင့် တတိယနှင့် စပိန်နိုင်ငံက ၁၃၂၆ ဦးဖြင့် စတုတ္ထ အစဉ်လိုက် ရှိနေသည်။
ညွှန်ကြား
အီတလီနိုင်ငံတွင် ယမန်နေ့က ကူးစက် လူနာ ၇၉၃ ဦး သေဆုံးခဲ့ပြီး တစ်ရက်အတွင်း သေဆုံးသူအရေအတွက် အများဆုံးဖြစ်ခဲ့ ကြောင်း ကြေညာခဲ့သည်။ အီတလီနိုင်ငံတွင် ကူးစက်လူနာသစ် ၆၅၅၇ ဦး ထပ်မံတွေ့ရှိရာ ကူးစက်ခံရသူ စုစုပေါင်း ၅၃၅၇၈ ဦးအထိ ရောက်ရှိလာခဲ့သည်။ အစိုးရက ကန့်သတ်ချက် များ တင်းကျပ်နေကြောင်း အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက မတ် ၂၁ ရက်တွင် ကြေညာခဲ့သည်။ မရှိမဖြစ် ကုန်ပစ္စည်းများ ထုတ်လုပ်သောလုပ်ငန်းများမှလွဲ၍ စီးပွားရေး လုပ်ငန်းအားလုံး ပိတ်သိမ်းရန် ညွှန်ကြား ထားကြောင်း ကွန်တီက ပြောကြားသည်။
စပိန်နိုင်ငံတွင် တစ်ရက်အတွင်း ကူးစက်လူနာ ၅၀၀၀ နီးပါး မြင့်တက်လာခဲ့ရာ ကူးစက်ခံရသူ စုစုပေါင်း ၂၄၉၂၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။ အဆိုးရွားဆုံးအခြေအနေ ဖြစ်မလာသေးကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ဆက်လက်ဖြစ်ပွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ပြင်သစ်နှင့် ဂျာမနီ နိုင်ငံတို့က ကြေညာခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-ကျော်ထိုက်စိုး
0 comments:
Post a Comment