Sunday, March 22, 2020

အီတလီတွင်၂၄နာရီအတွင်း ၇၉၃ ဦး သေဆုံးပြန် ---------------------- -------------------------- စုစုပေါင်း ၄,၈၂၅ ရှိလာ၊ ကမ္ဘာတစ်ဝှမ်း၏ ၃၈.၃% ရှိ



------------------------- -------------- ပြင်သစ်တွင် ၂၄ နာရီအတွင်း ၁၁၂ ဦးသေဆုံးခဲ့ပြီး စုစုပေါင်း ၅၆၂ ဦးရှိ၊ မျက်နှာဖုံး သန်း ၂၅၀ မှာထား -------------------------- -------------- ကိုရိုနာဗိုင်းရပ်စ်ကူးစက်/ဖြစ်ပွား/သေဆုံးမှုကိုဆိုးရွား စွာကြုံတွေ့နေသည့် အီတလီတွင် ၂၄ နာရီအတွင်း ၇၉၃ ဦးထပ်မံသေဆုံးခဲ့ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ မတ် ၂၁ တွင် တစ်ရက်အတွင်း ၇၉၃ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကာ မတ် ၁၈ က သေဆုံးခဲ့သည့် ၄၂၇ ဦး၊မတ် ၂၀ က သေဆုံးခဲ့သည့် ၆၂၇ ဦးတို့ကို ကျော် ဖြတ်ကာ တစ်ရက်အတွင်း သေဆုံးမှု အရေအတွက် စံချိန်သစ် ထပ်မံတင်ရှိသွားခဲ့ခြင်းဖြစ်သည်။ မတ် ၂၁ တွင် ၇၉၃ ဦးသေဆုံးခဲ့ပြီးနောက် နိုင်ငံတစ် ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူစုစုပေါင်း ၄,၈၂၅ ဦးရှိလာသည်။ အဆိုပါ အရေအတွက်မှာ ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးခဲ့သည့် စုစုပေါင်း အရေအတွက်အားလုံး၏ ၃၈.၃% ရှိသည်ဟုလည်း သိရသည်။ ထို့အတူ ၂၄ နာရီအတွင်း၌ပင် ဗိုင်းရပ်စ်ကူးစက်ခံ ထားရသည့် လူနာသစ် ၆,၅၅၇ ဦးကိုထပ်မံတွေ့ရှိခဲ့ကာ တစ်ရက်အတွင်းလူနာသစ်တွေ့ရှိသည့်အရေအတွက် စံချိန်ဖြစ်ခဲ့သည်ဟု ဆိုသည်။ မတ် ၂၁ အထိ အီတလီတွင် ဗိုင်းရပ်စ်ကူးစက်ခံရသု ၅၃,၅၆၈ ဦးရှိ နေုပြီဖြစ်သည်။ အီတလီမြောက်ပိုင်း လွန်ဘာဒီဒေသတွင် သေဆုံးသူ အရေအတွက် ၃၀၀၀ ကျော်သွားပြီဖြစ်ပြီး အဆိုပါ ပမာဏမှာ နိုင်ငံတစ်ဝှမ်းလုံးမှ သေဆုံးသူများအားလုံး ၏ ၃ ပုံ,ပုံ ၂ ပုံ ရှိနေသည်။ ပြီးခဲ့သည့် သောကြာနေ့မှစ၍ အီတလီတွင် စုစုပေါင်း ၁,၄၂၀ ဦးသေဆုံးခဲ့ ခြင်းဖြစ်သည်။ လူဦးရေ သန်း ၆၀ ဝန်းကျင်ရှိသည့် အီတလီတွင် မတ် ၁၂ မှစ၍ ပိတ်ဆို့ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လူစုလူဝေးများကို ပိတ်ပင်ခဲ့သလို စတိုး ဆိုင်အများစုပိတ်သိမ်းခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက် ခံရသူနှင့်သေဆုံးသူများ အဆမတန်မြင့်တက်နေခြင်း ဖြစ်သည်။ အီတလီနှင့်အိမ်နီးခြင်း ထိစပ်နိုင်ငံတစ်ခုဖြစ်သည့် ပြင်သစ်တွင်လည်း ၂၄ နာရီအတွင်း ၁၁၂ ဦးသေဆုံးခဲ့ကာ ပြင်သစ်၏ တစ်ရက်တာအတွင်း သေဆုံးမှု အရေအတွက် စံချိန်ဖြစ်ခဲ့သည်။ ပြင်သစ်တွင်သေဆုံး သူအရေအတွက် ၅၆၂ ဦးရှိသွားပြီဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆,၁၇၂ ဦးရှိနေသည်။ ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တိုက်ဖျက် နိုင်ရေးအတွက် မျက်နှာဖုံးကာ ၂၅၀ သန်းကို အော်ဒါမှာကြားထားသည်ဟုလည်း ကျန်းမာရေးဝန်ကြီး Olivier Vran က စနေနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးတွင် အဓိကကျသည့် မျက်နှာဖုံး ဝတ်စုံနှင့် ဆေးဘက်ဆိုင် ရာအထောက်အကူပြုပစ္စည်းများ ခိုးယူခံခဲ့ရပြီး ဗိုင်း ရပ်စ်ကို ရှေ့တန်းမှ ရင်ဆိုင်တိုက်ခိုက်နေသည့် ကျန်းမာရေးဆိုင်ရာလုပ်သားများတွင် မျက်နှာဖုံးကာ ပြတ် လပ်မှုများကြုံတွေ့နေသည့်အတွက် ၂၅၀ သန်းမှာ ကြားလိုက်ခြင်းဖြစ်သည်။ ပြင်သစ်ရှိ ကျန်းမာရေးလုပ်သားများကမူ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများထက် ဗိုင်းရပ်စ်ကို ပိုမိုကာကွယ်နိုင် သည်ဟု ယုံကြည်ကြသည့် FFP2 ကျန်းမာရေးသုံး မျက်နှာဖုံးများကို အရေးတကြီး လိုအပ်နေသည်ဟု သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ တောင်းဆိုနေကြသည်။ ပဲရစ်မြို ့တွင် ရုံးချုပ်အခြေစိုက်ပြီး လူသုံးကုန်ဇိမ်ခံအသုံးအဆောင်များကို ထုတ်လုပ်သည့် LVMH ကမူ ပြင်သစ်အစိုးရသို့ မျက်နှာဖုံးကာ သန်း ၄၀ လှူမည် ဟု စနေနေ့က ကြေညာခဲ့သည်။ ပြင်သစ်တွင် အရေးပေါ်လိုအပ်နေသည့် မျက်နှာဖုံးများကို တရုတ်ကုမ္ပဏီတစ်ခုထံမှ မှာကြားလိုက်ခြင်း ့ဖြစ်သည်။ ပထမဆုံးအသုတ်အနေဖြင့် လာမည့် ရက် ပိုင်းအတွင်း မျက်နှာဖုံးကာ ၁၀ သန်း ရောက်ရှိလာ မည်ဖြစ်ကာ ကျန်းမာရေးနယ်ပယ်သို့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း LVMHက ထုတ်ပြန်ထားသည်။ LVMH ကို ပြင်သစ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် Bernard Arnault က ပိုင်ဆိုင်သည်။ Louis Vuitton & Christian Dior အမှတ်တံဆိပ်များ ထုတ်လုပ်နေ ပြီး ဆေးရုံများသို့လက်သန့်ဆေးရည်များကိုလည်း အခမဲ့ ဖြန့်ဖြူ းပေးနေသည်။ ပြင်သစ်သမ္မတမက်ခရွန်းကမူ နိုင်ငံအနေဖြင့် ကပ် ဆိုက်ကာလ၏အစကို ယခုမှ စတင်ကြုံတွေ့ရပြီဟု မတ် ၂၀ က သတိပေးပြောကြားထားသည်။ The Ladies News #zawgyi အီတလီတွင်၂၄နာရီအတွင်း ၇၉၃ ဦး သေဆုံးပြန် ---------------------- -------------------------- စုစုပေါင်း ၄,၈၂၅ ရှိလာ၊ ကမ္ဘာတစ်ဝှမ်း၏ ၃၈.၃% ရှိ -------------------------- -------------- ပြင်သစ်တွင် ၂၄ နာရီအတွင်း ၁၁၂ ဦးသေဆုံးခဲ့ပြီး စုစုပေါင်း ၅၆၂ ဦးရှိ၊ မျက်နှာဖုံး သန်း ၂၅၀ မှာထား -------------------------- -------------- ကိုရိုနာဗိုင်းရပ်စ်ကူးစက်/ဖြစ်ပွား/သေဆုံးမှုကိုဆိုးရွား စွာကြုံတွေ့နေသည့် အီတလီတွင် ၂၄ နာရီအတွင်း ၇၉၃ ဦးထပ်မံသေဆုံးခဲ့ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ မတ် ၂၁ တွင် တစ်ရက်အတွင်း ၇၉၃ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကာ မတ် ၁၈ က သေဆုံးခဲ့သည့် ၄၂၇ ဦး၊မတ် ၂၀ က သေဆုံးခဲ့သည့် ၆၂၇ ဦးတို့ကို ကျော် ဖြတ်ကာ တစ်ရက်အတွင်း သေဆုံးမှု အရေအတွက် စံချိန်သစ် ထပ်မံတင်ရှိသွားခဲ့ခြင်းဖြစ်သည်။ မတ် ၂၁ တွင် ၇၉၃ ဦးသေဆုံးခဲ့ပြီးနောက် နိုင်ငံတစ် ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူစုစုပေါင်း ၄,၈၂၅ ဦးရှိလာသည်။ အဆိုပါ အရေအတွက်မှာ ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးခဲ့သည့် စုစုပေါင်း အရေအတွက်အားလုံး၏ ၃၈.၃% ရှိသည်ဟုလည်း သိရသည်။ ထို့အတူ ၂၄ နာရီအတွင်း၌ပင် ဗိုင်းရပ်စ်ကူးစက်ခံ ထားရသည့် လူနာသစ် ၆,၅၅၇ ဦးကိုထပ်မံတွေ့ရှိခဲ့ကာ တစ်ရက်အတွင်းလူနာသစ်တွေ့ရှိသည့်အရေအတွက် စံချိန်ဖြစ်ခဲ့သည်ဟု ဆိုသည်။ မတ် ၂၁ အထိ အီတလီတွင် ဗိုင်းရပ်စ်ကူးစက်ခံရသု ၅၃,၅၆၈ ဦးရှိ နေုပြီဖြစ်သည်။ အီတလီမြောက်ပိုင်း လွန်ဘာဒီဒေသတွင် သေဆုံးသူ အရေအတွက် ၃၀၀၀ ကျော်သွားပြီဖြစ်ပြီး အဆိုပါ ပမာဏမှာ နိုင်ငံတစ်ဝှမ်းလုံးမှ သေဆုံးသူများအားလုံး ၏ ၃ ပုံ,ပုံ ၂ ပုံ ရှိနေသည်။ ပြီးခဲ့သည့် သောကြာနေ့မှစ၍ အီတလီတွင် စုစုပေါင်း ၁,၄၂၀ ဦးသေဆုံးခဲ့ ခြင်းဖြစ်သည်။ လူဦးရေ သန်း ၆၀ ဝန်းကျင်ရှိသည့် အီတလီတွင် မတ် ၁၂ မှစ၍ ပိတ်ဆို့ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လူစုလူဝေးများကို ပိတ်ပင်ခဲ့သလို စတိုး ဆိုင်အများစုပိတ်သိမ်းခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက် ခံရသူနှင့်သေဆုံးသူများ အဆမတန်မြင့်တက်နေခြင်း ဖြစ်သည်။ အီတလီနှင့်အိမ်နီးခြင်း ထိစပ်နိုင်ငံတစ်ခုဖြစ်သည့် ပြင်သစ်တွင်လည်း ၂၄ နာရီအတွင်း ၁၁၂ ဦးသေဆုံးခဲ့ကာ ပြင်သစ်၏ တစ်ရက်တာအတွင်း သေဆုံးမှု အရေအတွက် စံချိန်ဖြစ်ခဲ့သည်။ ပြင်သစ်တွင်သေဆုံး သူအရေအတွက် ၅၆၂ ဦးရှိသွားပြီဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆,၁၇၂ ဦးရှိနေသည်။ ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တိုက်ဖျက် နိုင်ရေးအတွက် မျက်နှာဖုံးကာ ၂၅၀ သန်းကို အော်ဒါမှာကြားထားသည်ဟုလည်း ကျန်းမာရေးဝန်ကြီး Olivier Vran က စနေနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးတွင် အဓိကကျသည့် မျက်နှာဖုံး ဝတ်စုံနှင့် ဆေးဘက်ဆိုင် ရာအထောက်အကူပြုပစ္စည်းများ ခိုးယူခံခဲ့ရပြီး ဗိုင်း ရပ်စ်ကို ရှေ့တန်းမှ ရင်ဆိုင်တိုက်ခိုက်နေသည့် ကျန်းမာရေးဆိုင်ရာလုပ်သားများတွင် မျက်နှာဖုံးကာ ပြတ် လပ်မှုများကြုံတွေ့နေသည့်အတွက် ၂၅၀ သန်းမှာ ကြားလိုက်ခြင်းဖြစ်သည်။ ပြင်သစ်ရှိ ကျန်းမာရေးလုပ်သားများကမူ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများထက် ဗိုင်းရပ်စ်ကို ပိုမိုကာကွယ်နိုင် သည်ဟု ယုံကြည်ကြသည့် FFP2 ကျန်းမာရေးသုံး မျက်နှာဖုံးများကို အရေးတကြီး လိုအပ်နေသည်ဟု သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ တောင်းဆိုနေကြသည်။ ပဲရစ်မြို ့တွင် ရုံးချုပ်အခြေစိုက်ပြီး လူသုံးကုန်ဇိမ်ခံအသုံးအဆောင်များကို ထုတ်လုပ်သည့် LVMH ကမူ ပြင်သစ်အစိုးရသို့ မျက်နှာဖုံးကာ သန်း ၄၀ လှူမည် ဟု စနေနေ့က ကြေညာခဲ့သည်။ ပြင်သစ်တွင် အရေးပေါ်လိုအပ်နေသည့် မျက်နှာဖုံးများကို တရုတ်ကုမ္ပဏီတစ်ခုထံမှ မှာကြားလိုက်ခြင်း ့ဖြစ်သည်။ ပထမဆုံးအသုတ်အနေဖြင့် လာမည့် ရက် ပိုင်းအတွင်း မျက်နှာဖုံးကာ ၁၀ သန်း ရောက်ရှိလာ မည်ဖြစ်ကာ ကျန်းမာရေးနယ်ပယ်သို့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း LVMHက ထုတ်ပြန်ထားသည်။ LVMH ကို ပြင်သစ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် Bernard Arnault က ပိုင်ဆိုင်သည်။ Louis Vuitton & Christian Dior အမှတ်တံဆိပ်များ ထုတ်လုပ်နေ ပြီး ဆေးရုံများသို့လက်သန့်ဆေးရည်များကိုလည်း အခမဲ့ ဖြန့်ဖြူ းပေးနေသည်။ ပြင်သစ်သမ္မတမက်ခရွန်းကမူ နိုင်ငံအနေဖြင့် ကပ် ဆိုက်ကာလ၏အစကို ယခုမှ စတင်ကြုံတွေ့ရပြီဟု မတ် ၂၀ က သတိပေးပြောကြားထားသည်။ The Ladies News #unicode

ဦးနတ်ရဲဆိုတာ မြန်မာနိုင်ငံမှာနေထိုင်ပြီး မြန်မာနိုင်ငံကိုချစ်မြတ်နိုးတဲ့ မြန်မာနိုင်ငံသား သမိုင်းဝါသနာရှင်တစ်ဦးမျှသာဖြစ်ပါတယ်။

0 comments:

Post a Comment

Contact To Me

Contact Me
U Natyale
+15812004630
Myanmar

Powered by Blogger.

မွန်ဂိုတွေပုဂံကိုသိမ်းပိုက်ခဲ့ပေမဲ့ ဘာလို့မြန်မာပြည်တရုတ်လက်ထဲမရောက်ခဲ့ရသလဲ

  ခရစ်နှစ် ၁၂၈၇ ခုနှစ် ကူဗလိုင်ခန်မင်းကြီး၏ မွန်ဂိုတပ်များသည် ပုဂံနိုင်ငံတော်အားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပုဂံတပ်များ ငဆောင်ချမ်းတိုက်ပွဲတွင်ရ...

Search This Blog

Blog Archive

International

Auto News

Stay Updated

Subscribe your e-mail address and get to know about fresh stuff!

Entertainment

Fun & Fashion

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Subscribe Us

Random Products

Sed pellentesque nibh enim, quis euismod enim lacinia nec. Phasellus quam diam, semper in erat eu. Consectetur adipiscing elit. Sed pellentesque nibh enim, quis euismod enim lacinia nec.

Advertisement

Popular Posts