ယောကျ်ားများကြိတ်ခံလေ့ရှိသော အိမ်ထောင်ရေးဥပဒေများ
၁။ မိန်းမဆိုသည်မှာ ဥပဒေထုတ်သူများဖြစ်သည်။
၂။ မိန်းမသည် သူထုတ်ထားသည့်ဥပဒေကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ၊ အချိန်မရွေး ပြင်ဆင်ခွင့်ရှိသည်။
၃။ မိန်းမက ထုတ်ထားသော ဥပဒေမည်မျှရှိကြောင်း ယောက်ျားက သိချင်မှသိသည်။
၄။ မိန်းမများက သူတို့ထုတ်ထားသည့် ဥပဒေအကုန်ကို ယောက်ျားတွေ သိသွားပြီထင်လျှင် ဥပဒေအသစ်တစ်ခုကို ထပ်ထုတ်ချင် ထုတ်တတ်သလို၊ ထုတ်ထားသည့် ဥပဒေကိုလည်း ချက်ချင်း ပြင်ဆင်ပြောင်းလဲလိုက်နိုင်သည်။
၅။ ဥပဒေထုတ်သူသည် မည်သည့်အခါမျှမမှား၊ ထို့ကြောင့် အိမ်ထောင်ရေးတွင် မိန်းမသည် ဘယ်သောအခါမှ အမှားလုပ်သူမဟုတ်။
၆။ မိန်းမက မှားလျှင်လည်း သူမှားချင်၍ မှားသော အမှားမဟုတ်၊ ယောက်ျားဖြစ်သူက မမှား၊ မှားအောင် လုပ်နေသောကြောင့် မှားသော အမှားမျိုးဖြစ်သည်။
၇။ သို့ဖြစ်ရာ အိမ်ထောင်ရေးတွင် မှားပြီဆိုလျှင် ယောက်ျားက အမြန်ဆုံးတောင်းပန်မှသာ ငြိမ်းချမ်းမည်။
၈။ မှားခြင်း၊ မှန်ခြင်းဆိုသည်မှာ ဥပဒေကမည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတွင် မိန်းမအဆုံးအဖြတ်ပေါ်တွင်သာ တည်သည်။
၉။ ယောက်ျားဆိုသည်မှာ မိန်းမက ပြင်ဆင်ခွင့်ရှိကြောင်း တရားဝင်ခွင့်မပြုမချင်း ဥပဒေကို လုံးဝပြင်ဆင် ပြောင်းလဲပိုင်ခွင့်မရှိ။
၁၀။ မိန်းမဆိုသည်မှာ အချိန်မရွေး ဒေါသထွက်ခွင့်၊ စိတ်ပျက်ခွင့်ရှိသူများဖြစ်သည်။
၁၁။ ယောက်ျားသည် အချိန်မရွေး အေးဆေး တည်ငြိမ်ကာ သဘောထားကြီးကြောင်း ပြသနိုင်သူများ ဖြစ်ရမည်။ ယောက်ျားတွေ ပေါက်ကွဲကာ ဒေါသထွက်လျှင်လည်း မိန်းမ၏ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ခွင့်ရှိသည်။
(Rules for Men in Marriage)
တင်ညွန့်
၂၄.၁၀.၂၀၁၉


0 comments:
Post a Comment