The Natyale Blog

The Blog

image
About Me

Who Is U Natyale?

U Natyale is a history researcher who live in Myanmar and the person who love Myanmar. Why am I making this Blog? The weakness of our Asians is the preservation of historical records. So no matter how great the history of Asians in the past, it is very difficult to find a record in practice. That is why I am writing this blog what I can find all the historical documents that I have access to and study them all, for everyone.

ဦးနတ်ရဲဆိုတာ မြန်မာနိုင်ငံမှာနေထိုင်ပြီး မြန်မာနိုင်ငံကိုချစ်မြတ်နိုးတဲ့ မြန်မာနိုင်ငံသား သမိုင်းဝါသနာရှင်တစ်ဦးမျှသာဖြစ်ပါတယ်။ ကျွန်တော်ဘာလို့ ဒီ Blog ကိုစတင်ရေးသားဖြစ်ခဲ့တာလဲဆိုရင် ကျွန်တော်တို့အာရှသားတွေရဲ့အားနည်းချက်ဟာ သမိုင်းမှတ်တမ်းမှတ်ရာတွေ ထိန်းသိမ်းမှုပဲဖြစ်ပါတယ်။ ဒါကြောင့် အာရှသားတွေရဲ့သမိုင်းဟာ အတိတ်မှာဘယ်လောက်ပဲကြီးကျယ်ခဲ့ကြီးကျယ်ခဲ့ လက်တွေ့မှာတော့ မှတ်တမ်း မှတ်ရာဆိုတာ ရှာဖွေရအလွန်ခက်ပါတယ်။ ဒါကြောင့် လက်လှမ်းမီသမျှ သမိုင်းမှတ်တမ်းတွေကို တစ်ခုမကျန်ရှာဖွေနေပြီး အားလုံးလေ့လာနိုင်အောင် ဒီ Blog ကို စီစဉ်ရေးသားရခြင်းဖြစ်ပါတယ်။


Education
University of Economics

Bachelor of Business Administration

College of Awesomeness

Diploma in International Pali Language

School of Amusement

Bachelor of Fine Arts


Experience
Lead Researcher

Myanmar History Lover Team

Author

First Light of Mandalay Journal

Free Lance

History researcher


My Skills
Community Engagement
Reading
Researching
Writing

764

Awards Won

1664

Happy Customers

2964

Projects Done

1564

Article Done

Credit Page

ကျွန်ုပ်၏ရည်မှန်းချက်

အတိတ်မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများ၊ သမိုင်းဖတ်စာများတွင်မပါသည့်လစ်ဟာချက်များအား တစ်နေရာတည်းတွင် ပြည့်ပြည့်စုံစုံလေ့လာနိုင်စေရန်အတွက်စီစဉ်ရေးသားသွားရန်

စာမူပေးပို့လိုပါက

သင်ကိုယ်တိုင်လည်း သမိုင်းဖြစ်စဉ်များကိုမြတ်နိုးဝါသနာပါပြီး မိမိသိသမျှကိုအခြားသူများအား Knowledge Sharing ပြုလုပ်လိုပါက Contact box တွင် လွတ်လပ်စွာဆက်သွယ်နိုင်ပါသည်

How to Supprot Me

ယခု Blog အားရေးသားနေခြင်းသည် ဝါသနာအရ မိမိကိုယ်ပိုင်စိုက်ထုတ်ငွေအင်အား၊ လူအင်အား၊ လေ့လာမှုအင်အားဖြင့် ဆောင်ရွက်နေခြင်းသာဖြစ်ပြီး ဤ Blog ရည်ရှည်တည်တံ့နိုင်ရေးအတွက် ထောက်ပံ့ပေးနိုင်မည့်အဖွဲ့အစည်းများအားလဲ လက်ကမ်းကြိုဆိုလျှက်ရှိပါသည်။

မှီငြမ်းကိုးကားမှုများ

ဤ Blog အတွင်းရေးသားထားသည့် ဆောင်းပါးများသည် အထွေထွေအရပ်ရပ်သော ရှေးဆရာကြီးများပြုစုထားသည့် ကျမ်းအစောင်စောင်မှလည်းကောင်း၊ မိမိကိုယ်တိုင်သွားရောက်လေ့လာ၍သော်လည်းကောင်း စီစဉ်ရေးသားခြင်းဖြစ်ပါသည်။

ဓာတ်ပုံအသုံးပြုမှုများ

ဤ Blog အတွင်းအသုံးပြုထားသည့် ဓာတ်ပုံများအား ဓာတ်ပုံ Free Support ပေးသည့် Pexels.com မှလည်းကောင်း အခြားအခြားသော ပညာရှင်များရိုက်ကူးထားသည့် ဓာတ်ပုံများအား ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ စာရေးသားကိုယ်တိုင် ရိုက်ကူးထားခြင်းဖြင့်လည်းကောင်း ဖော်ပြပါသည်။

အနာဂတ်တွင်

အနာဂတ်တွင် သမိုင်းဖြစ်စဉ်များအား မှတ်တမ်းမှတ်ရာများဖြင့် လေ့လာနိုင်မည့် Online စာဖတ်ခန်းတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါသည်

The Articles

အချစ်ရေး အဆင်ပြေစေသော ဂါထာ

လူတိုင်းလူတိုင်းမှာ အချစ်နဲ့ကင်းသူ မရှိပါဘူး။ လူတိုင်းရဲ့့ တောင်းဆိုမှုများထဲတွင် ဆုတောင်းမှုများတွင် အချစ်နဲ့မကင်းပါဘူး။ အချစ်ရေးမှာ ကံကောင်းမကောင်းမှုများ မရှိသည့် သူများအတွက် အထူးရည်ရွယ်ကာ ရေးသားပြီး ပညာဒါန ပေးပါရစေ။
အိပ်မက်ထူးကို ရစေသောဂါထာတော်
“အတီတံ ဟိ ဗုဒ္ဓဂုဏံ အနာဂတံ

ဗောဓိဥာဏံ ပစ္စေကာနံ အတိမေတ္တံ။
အရဟန္တာနံ အရိယာသု ဗြဟ္မာဒေ၀ မနုဿနံ
အတိမေတ္တံ အတိပီယံ ဧက ပုတ္တံ ပေမံ ဟောတု
နိရောဓာနံ ပဉ္စမံ စ၊ ဇီဝိတံ ဟိ ကပ္ပဋ္ဌိတံ
- ဤဂါထာကို ညအိပ်ခါနီးမှာ ဘုရားတွင် (၅) ပါးသီလ ခံယူပြီး မအိပ်မီ (၃၇) ခေါက် ရွတ်ဖတ်ပူဇော်ပါ။
အိပ်မက်မက်ချင်းကို မပြောရ ပီယမှာလည်း ကောင်းလှ၏။
ပီယနနွင်းတတ်အစီအရင်
"ဥုံ ဖွာဖွာနှိပ်နှိပ် ထက်ထက် မန ္တမန ္တ ဧဟိ ဧဟိ သွားဟယျကပ်။"
နနွင်းဥကို ထက်ခြင်းခွဲ မိုးပေါ်မြှောက် ပလက်ကျတဲ့ အခြမ်းမှာ မိန်းမနာမ်ရေး မှောက်ရက်မှာ ယောကျာ်းနာမ်ရေး ဂါထာဖြင့် ၇ခေါက်မန်း ခါးမှာဆောင် သူ့ဆီသွား လိုရာဆို အောင်တယ်။
ဆေးလိပ်မှော်သွင်းခြင်း
ဆေးလိပ် ၂ လိပ်ကို ဥုံပြရုံပြတွ ပျိုတုံသွားဟယျကပ် ဥုံဆေးဒန်းပင်ပျိုအဆစ်တိုနှင့် ဟယ်လို ဟယ်ယ ဟယ်မိန်းမ ချင်းဆရာချင်း ကပ်ဆရာကပ် ဂါထာနှင့် ၃၇ ခေါက်မန်းပြီး တစ်ထိုင်တည်းကုန်အောင်သောက် ဥုံအဂ္ဂမဟာ သေဌောသွားဟ ၄င်းကိုဆန် ၇ စိမန်းမြို မှော်ချုပ်ဖြစ်သည် ဆရာကိုငွေပူဇော်စေ မှော်အောင်လျှင်သောက်သမျှဆေးလိပ်ပီယဖြစ်သည် ကစားတတ်သည် မျက်နှာပွင့်၏ သူများမယားရှောင်။
အိပ်မက်စေပီယ
လကွယ်ည လူခြေတိတ်ချိန် အိမ်အပြင်ထွက် ဖယောင်းတိုင်ထွန်း
"ဥုံ...ဗြဟ္မာလောကုတ္တရာ သဗ္ဗပီယံမမ ဧဟိဧဟိ."
အဲ့ဂါထာကို ဖယောင်းတိုင်မကုန်မချင်း လိုသူကို ပေးလိုသည့်အကြောင်း အာရုံပြု၍ ရွတ်လေ။ အိပ်မက်ပေးကလဲ ပေးနိုင်၏ ။
မဉ္ဇူသကဂါထာ
အချစ်ကံမကောင်းလို့စိတ်သောကရောက်နေတဲ့သူတွေဒီဂါထာကိုရွတ်ဖတ်ပေးပါ

"မေတ္တာမဉ္ဇူသကော လောကေ
သုဖုလ္လောဟောတုသဗ္ဗဒါ
မေတ္တာပုပ္ဖ သုဂန္ဓေန
သု ခန္တု ဝါသိတာ ပဇာ။" 
   
အနက် ။     ။ လောကေ ... လောကကြီးအတွင်း၌၊ မဉ္ဇူသကော ... မဉ္ဇူသကနတ်ပန်းပွင့်အလားအချစ်မေတ္တာကြီးသည်၊ သဗ္ဗဒါ ... အခါခပ်သိမ်း၊ သုဖုလ္လော ... ကောင်းစွာပွင့်လန်းခြင်းသည်၊ ဟောတု ... ဖြစ်ပါစေသတည်း။ ပဇာ ... သတ္တဝါအများ၊ လူအများတို့သည်၊ မေတ္တာ ပုပ္ဖ သုဂန္ဓေစ ... မေတ္တာတည်းဟူသော ပန်းရနံ့ဖြင့်၊ ဝါသိတာ ... ထုံသင်းမွှေးကြိုင်အပ်သည်ဖြစ်၍၊ သုခန္တု ... ချမ်းသာကြပါစေသတည်း ...
ပီယအမွေးနံ့သာမန်း
"ဥုံ သဗ္ဗဣတ္ထိ ဧဟိစိတ္တံ မှိူင်ဆရာမှိူင်"
နံ့သာကို ၃၇ အုပ်မန်း၍လူးပါ ကွမ်းယာကိုလည်းမန်း၍စားနိုင်သည် မှတ်ချက်ယုံကြည်မှူရှိမှလုပ်ပါလေ စွမ်းပါလိမ့်မည် စိတ်ရှည်ပါလေ  ညံ့ဖျင်းသည့်စိတ်ထားတို့လျော့နည်းပါလေ။
အမျက်ပြေဂါထာ
"ဥုံ သီ၀လီစ ဣတ္ထိယံ မဟာလာဘံ ဘဝိဿတိ"
၃၇ခေါက်အုပ် လိုသူကို အာရုံပြုရွတ်
သတ္တဘာဂ (ဖူးစာရေးနတ်မင်း) ဂါထာ
"သတ္တဘာဂေါ ဇယဒူဂေါ
အနုကမ္ပံ ဥပါဒါယ
မမ ဒါနံ ပဝတ္တေတွာ မံ
ပါလေန္တု သုခံ သဒါ"

ဇယဒူဂေါ- အောင်မြင်မှု၏ စေတမန်ဖြစ်သည့် ၊ သတ္တဘာဂ- ဖူးစာရေးနတ်မင်း ၊ အနုကမ္ပံ- အစဉ်သနားသည်ကို ၊ ဥပါဒါယ- အကြောင်းပြု၍ ၊ မမဒါနံ- ကျွန်ုပ်ဖူးစာဖက်ကို ၊ ပဝတ္တေတွာ- ဖြစ်စေ၍ ၊ မံ- ကျွန်ုပ်အား ၊ သဒါ- အခါခပ်သိမ်း ၊ သုခံ ချမ်းသာခြင်းသို့ရောက်အောင် ၊ ပါလေန္တု- စောင့်ရှောက်တော်မူပါ။
ပီယလက်ဆောင်မန်း
"ဥုံ သူရိမာ သူရိအာ ရှိန်ရှိန် နမော ဗုဒ္ဓါယ သဗ္ဗေသတ္တာ ဘ၀န္တု သွာဟာရကပ်"
လက်ဆောင်ကို ၃၇မန်း ပြီးပေးလေ ပီယအလွန်ကောင်း၏။
မာတင်္ဂဂါထာ
"ယဒိ ပဿန္တိမံ စိတ္တံ တံ ပဿန္တိ မနောရမ္မံ
ယထာ ဥမ္မတ္တကော ဝိယ ဒဿနေန မနောရမ္မံ
ယေယေ ပဿန္တိမံ စိတ္တံ စိတ္တံ ဟောတိ ပိယံ ပိယံ
ပိယေန စိတ္တေန ယောန္တိ ဒိတွာမမ ပိယံ ပိယံ"

ဂါထာကို တစ်နေ့ ၅၆ခေါက်ထက် ပိုမရွတ်ပါနှင့် အလွန်ကောင်းလှသည် လိုသူရှိသော အရပ်ကို မျက်နှာမူကာ ရွတ်လေ။
ရွှင်ဟိန်း


ရန်ကုန်မြို့ ဗုံးကြဲခံရစဉ်က


Unicode ဖြင့်ဖတ်ရန်
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ထိုနေ့တွင် ဂျပန်ဘုရင့်ရေတပ်သည် ဟာဝါရီကျွန်းစုရှိအမေရိကန် ရေတပ်စစ်ဌာနချုပ်ဖြစ်သည့် ပုလဲဆိပ်ကမ်းအားဗုံးကြဲလိုက်ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရောက်တိုက်ခိုက်ခြင်းမရှိသော အမေရိကန်တို့သည် ထိုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဂျပန်နိုင်ငံကိုစစ်ကြေငြာပြီးဒုတိယကမ္ဘာစစ်အတွင်းသို့ဝင်ရောက်လာခဲ့လေသည်။ ထို့ကြောင့် ဂျပန်၊ ဂျာမဏီ၊ အီတလီစသော ဝင်ရိုးစွန်းနိုင်ငံများနှင့် အမေရိကန်၊ အင်္ဂလန်တို့ပါဝင်သည့် မဟာမိတ်နိုင်ငံတို့ကတစ်ဖက်ဖြင့် ဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာတစ်ခုလုံးသို့အကြီးအကျယ်ပြန့်နှံသွားသည်ဟုဆိုရမည်ဖြစ်ပါသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုးဒယားနိုင်ငံ၌ ဗမာ့လွတ်မြောက်ရေးတပ်မတော် (BIA) ကိုစတင်ဖွဲ့စည်း၍ ဂျပန်တို့၏အကူအညီနှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်တိုက်ခိုက်လေတော့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် BIA တပ်တို့နှင့်အတူ ဂျပန်တပ်များက မော်လမြိုင်မြို့ကိုသိမ်းပိုက်ထားလိုက်သည်။ ၎င်းမတိုင်ခင် ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းကပင် ဂျပန်တို့သည် ကော့သောင်းမြို့ကိုသိမ်းပိုက်ထားပြီး ဖြစ်လေသည်။ 

အမေရိကန်တို့၏ကျားပျံတိုက်လေယာဉ်

ဂျပန်တို့၏မြန်မာနိုင်ငံအတွင်းသို့ ထိုးစစ်နှင့်အတူ ၁၉၄၁ ခုနှစ် ဒီဇင်ဘာတွင် ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချက်တွင် မဟာမိတ်အမေရိကန်တို့၏ကျားပျံတိုက်လေယာဉ်များရောက်ရှိတပ်စွဲထားလေသည်။ သို့သော် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် ဂျပန်ကြည်းတပ်မတော်ပိုင်လေတပ်ဖွဲ့သည်ရန်ကုန်မြို့အား ဗုံးကြဲတိုက်ခိုက်ရန် ဘန်ကောက်နှင့်အင်ဒိုချိုင်းနားရှိလေယာဉ်ကွင်းတို့မှ ပျံတက်လာခဲ့သည်။ ထိုလေကြောင်းတပ်ဖွဲ့သည် ဗုံးကြဲလေယာဉ် ၈၀၊ တိုက်လေယာဉ် ၃၀ ပါသော လေတပ်အုပ်ကြီးဖြစ်လေသည်။

ထို့နေ့နံနက် ၁၀ နာရီခန့်တွင် မင်္ဂလာဒုံလေတပ်ဌာနချုုပ်မှ ဂျပန်လေယာဉ်များ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ချီတက်လာကြောင်း သတင်းရရှိလေတော့သည်။ ထိုအချိန်တွင် မင်္ဂလာဒုံလေတပ်တွင် မဟာမိတ်တို့၏ လေယာဉ်များ စုစုပေါင်း အစီးရေ (၅၀)ပင်ပြည့်အောင်မရှိ။  မဟာမိတ်တပ်များသည် ရှိသည့်လေယာဉ်များဖြင့် ရန်ကုန်မြို့အားကာကွယ်ရန် ပြင်ဆင်ရလေတော့သည်။

လေကြောင်းတပ်ကြီးချီတက်လာသည်ကို ရန်ကုန်မြို့သူမြို့သားတို့သိရှိလျှင် ယခင်ကဗုံးကြံခံရဖူးသည့် အတွေ့အကြုံမရှိသည့်အပြင် ထိုမျှများပြားသောလေတပ်ကြီးကို မြင်ဖူးခြင်းလည်းမရှိသောကြောင့်  အိမ်ပြင်များသို့ထွက်ကြည့်ကြလေတော့သည်။ ဂျပန်လေယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းဘက်အား ဦးစွာဗုံးကြဲချခဲ့ပြီး ထိုမှတစ်ဆင့် စုစုရုံးရုံးဖြင့် လေယာဉ်ထွက်ကြည့်နေကြသော လူနေရပ်ကွက်များဆီသို့ မီးလောင်ဗုံးများ၊ လေယာဉ်တင်ဗုံးများကိုကျဲချသွားလေသည်။ မိမိတို့၏ခေါင်းပေါ်သို့ ဂျပန်ဗုံးများကျလာသည့်အခါမှ ရန်ကုန်လူထုလည်း ထွက်ပြေးရကောင်းမှန်းသိ၍ ခြေဦးတည့်ရာပြေးကြလေတော့သည်။ သို့သော် အရပ်ရှစ်မျက်နှာမှ ပျံဝဲလာကြသည့် ဂျပန်လေယာဉ်တို့မှ ဗုံးများ စက်သေနတ်တို့၏အောက်တွင် ရန်ကုန်လူထုသည်အလူးအလဲခံခဲ့ရသည်။ 

နောက်ထပ် ၄၅ မိနစ်အကြာတွင် ဂျပန်အမှတ် ၆၂ လေတပ်အုပ်သည် ရန်ကုန်မြို့သို့ထပ်မံရောက်ရှိလာပြီး မင်္ဂလာဒုံလေတပ်စခန်းရှိ လေတပ်ကွပ်ကဲရေးစခန်း၊ လေယာဉ်ဂိုထောင်များ၊ ဆီသိုလှောင်ကန်များကို ဗုံးကြဲတိုက်ခိုက်ပြန်ပါသည်။ ဂျပန်များသည် ရန်ကုန်မြို့အား မိနစ်(၂၀)ခန့်စိတ်ကြိုက်ပစ်ခတ်သွားပြီး ပြန်လည်ဆုတ်ခွာသွားပါသည်။ ထိုနေ့တိုက်ပွဲတွင် ဂျပန် အမှတ် ၆၂ လေတပ်မှ လေယာဉ် ၁၀ စီးခန့်သာပျက်စီးသော်လည်း ရန်ကုန်မြို့မှာလုံးဝနီးပါးပျက်စီးသွားပြီး ထိုနေ့တွင် ရန်ကုန်မြို့သူမြို့သား ၂၀၀၀ ခန့်သေဆုံးခဲ့ပြီး ၂၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါသည်။




ထို့အပြင် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဂျပန်လေတပ်မှ ရန်ကုန်မြို့အားထပ်မံဗုံးကြဲတိုက်ခိုက်ပြန်ပါသည်။ ထိုအချိန်တွင် မြို့သူမြို့သားများသည် ဂျပန်လေယာဉ်အားကြောက်ရကောင်းမှန်းသိသဖြင့် လေယာဉ်လာကြောင်းသိသည်နှင့်ပုန်းခိုကြတော့သည်။ သို့သော် ထိုနေ့တွင် စနစ်တကျပုန်းခိုစရာနေရာမရှိသဖြင့် ရန်ကုန်မြို့သူ/သား (၇၅၀)ကျော်ထပ်မံသေဆုံး၍ အလုံမြို့လုံးဝပျက်စီးခဲ့ရလေသည်။
ဗုံးကြဲခံရပြီးနောက်ရန်ကုန်မြို့

နောက်ထပ်တစ်ဖန် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဂျပန်လေတပ်မှလာရောက်ဗုံးကြဲတိုက်ခိုက်ပြန်ပါသည်။ နှစ်လအတွင်း (၃)ကြိမ် ဗုံးကြဲခံရပြီးနောက် ရန်ကုန်လူထုလည်း မြို့ကိုစွန့်ခွာ၍ထွက်ပြေးကြရလေတော့သည်။ ရန်ကုန်မြို့နေကုလားများသည်လည်း အိန္ဒိယကိုခြေကျင်ပြန်ရန် ရန်ကုန်ကိုစွန့်ခွာလာခဲ့တော့သည်။ 

ထိုအချိန်တွင် မော်လမြိုင်မြို့ကိုသိမ်းပိုက်ထားသော ဂျပန်အမှတ် (၁၅)တပ်မသည် စတင်ချီတက်လာပြီဖြစ်သည်။ အိန္ဒိယအမှတ်(၁၇)တပ်မမှ ဂျပန်တို့စစ်တောင်းမြစ်အထိသာချီတက်လာမည်ဟု ခန့်မှန်းထားသော်လည်း ဂျပန်တို့သည် ထိုမှဆက်၍ချီတက်လာခဲ့လေသည်။ 

မဟာမိတ်တို့သည် တောင်ငူတွင်စစ်ဌာနချုပ်အားအခြေစိုက်ပြီး ရန်ကုန်ရှိအင်္ဂလိပ်တပ်များဆုတ်ခွာရန် စီစဉ်တော့သည်။ မြောက်အာဖရိကတွင်နာမည်ရရှိထားသော အမှတ်(၇)တင့်ကားတပ်ကို မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ထား ရန်ကုန်အားခုခံရန်နှင့် ရန်ကုန်မြို့အတွင်းရှိတပ်များဆုတ်ခွာရန် အစီအစဉ်များပြုလုပ်လေတော့သည်။ 

၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဂျပန်အမှတ်(၂၁၅)ခြေလျှင်တပ်မကြီးနှင့် BIA တပ်များမှ ရန်ကုန်မြို့အား ဝင်ရောက်သိမ်းပိုက်လေတော့သည်။ အင်္ဂလိပ်တပ်များသည် တင့်တပ်ဖွဲ့များကိုအကာအကွယ်ယူရန် ရန်ကုန်မြို့မှစတင်ဆုတ်ခွာတော့သည်။ မဟာမိတ်တို့သည် ဆုတ်ခွာစဉ် သိမ်ကြီးဈေးအပါအဝင် သန်လျင်မြို့ရှိရေနံချက်စက်ရုံများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရန်ကုန်ဆိပ်ကမ်းများဝန်ချီကရိန်းကြီးများအား ဖောက်ခွဲဖျက်ဆီးသွားခဲ့လေသည်။ ထိုခေတ်ထိုအခါက အာရှတွင်ခေတ်အမီဆုံးမြို့ဖြစ်ခဲ့သည့် ရန်ကုန်မြို့၏ ကောင်းကင်ပြင်သည် ထိုနေ့တွင်နေရောင်ပင်မထိုးနိုင်လောက်အောင် အမှောင်ကြီးကျသည်အထိ တစ်မြို့လုံးနီးပါးမီးလောင်ပျက်စီးသွားလေတော့သည်။ ထို့မတ်လ (၈)ရက်နေ့မှစတင်၍ လေးလကျော်ကြာသည့်တိုင် အင်္ဂလိပ်မဟာမိတ်တပ်များသည် ၎င်းတို့တပ်စွဲထားရာစခန်းများ၊ မြို့များဆီမှ တစ်ဆုတ်တည်းဆုတ်ခွာထွက်ပြေးခဲ့ရ သဖြင့် အင်္ဂလိပ်တို့၏သမိုင်းတွင် ခရီးအကြာဆုံးဆုတ်ခွာခဲ့ရခြင်းဖြစ်လေသည်။
ယခုရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အရှေ့တွင် ဂျပန်တပ်များအောင်ပွဲခံနေစဉ်

သက်တံ့နောင်(Wizardry Myanmar)



Zawgyi ျဖင့္ဖတ္ရန္

၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၇ ရက္ေန႔ ထိုေန႔တြင္ ဂ်ပန္ဘုရင့္ေရတပ္သည္ ဟာဝါရီကၽြန္းစုရွိအေမရိကန္ ေရတပ္စစ္ဌာနခ်ဳပ္ျဖစ္သည့္ ပုလဲဆိပ္ကမ္းအားဗုံးၾကဲလိုက္ၿပီးေနာက္ ဒုတိယကမၻာစစ္အတြင္း ဝင္ေရာက္တိုက္ခိုက္ျခင္းမရွိေသာ အေမရိကန္တို႔သည္ ထိုႏွစ္ ဒီဇင္ဘာလ ၈ ရက္ေန႔တြင္ ဂ်ပန္နိုင္ငံကိုစစ္ေၾကျငာၿပီးဒုတိယကမၻာစစ္အတြင္းသို႔ဝင္ေရာက္လာခဲ့ေလသည္။ ထို႔ေၾကာင့္ ဂ်ပန္၊ ဂ်ာမဏီ၊ အီတလီစေသာ ဝင္ရိုးစြန္းနိုင္ငံမ်ားႏွင့္ အေမရိကန္၊ အဂၤလန္တို႔ပါဝင္သည့္ မဟာမိတ္နိုင္ငံတို႔ကတစ္ဖက္ျဖင့္ ဒုတိယကမၻာစစ္ႀကီးသည္ ကမၻာတစ္ခုလုံးသို႔အႀကီးအက်ယ္ျပန႔္ႏွံသြားသည္ဟုဆိုရမည္ျဖစ္ပါသည္။



၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ေန႔တြင္ ယိုးဒယားနိုင္ငံ၌ ဗမာ့လြတ္ေျမာက္ေရးတပ္မေတာ္ (BIA) ကိုစတင္ဖြဲ႕စည္း၍ ဂ်ပန္တို႔၏အကူအညီႏွင့္အတူ ျမန္မာနိုင္ငံအတြင္းသို႔ဝင္ေရာက္တိုက္ခိုက္ေလေတာ့သည္။ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလတြင္ BIA တပ္တို႔ႏွင့္အတူ ဂ်ပန္တပ္မ်ားက ေမာ္လၿမိဳင္ၿမိဳ႕ကိုသိမ္းပိုက္ထားလိုက္သည္။ ၎မတိုင္ခင္ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကတည္းကပင္ ဂ်ပန္တို႔သည္ ေကာ့ေသာင္းၿမိဳ႕ကိုသိမ္းပိုက္ထားၿပီး ျဖစ္ေလသည္။ 



အေမရိကန္တို႔၏က်ားပ်ံတိုက္ေလယာဥ္



ဂ်ပန္တို႔၏ျမန္မာနိုင္ငံအတြင္းသို႔ ထိုးစစ္ႏွင့္အတူ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာတြင္ ရန္ကုန္ၿမိဳ႕ မဂၤလာဒုံေလတပ္စခန္းဌာနခ်က္တြင္ မဟာမိတ္အေမရိကန္တို႔၏က်ားပ်ံတိုက္ေလယာဥ္မ်ားေရာက္ရွိတပ္စြဲထားေလသည္။ သို႔ေသာ္ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၃ ရက္ေန႔ နံနက္အေစာပိုင္းတြင္ ဂ်ပန္ၾကည္းတပ္မေတာ္ပိုင္ေလတပ္ဖြဲ႕သည္ရန္ကုန္ၿမိဳ႕အား ဗုံးၾကဲတိုက္ခိုက္ရန္ ဘန္ေကာက္ႏွင့္အင္ဒိုခ်ိဳင္းနားရွိေလယာဥ္ကြင္းတို႔မွ ပ်ံတက္လာခဲ့သည္။ ထိုေလေၾကာင္းတပ္ဖြဲ႕သည္ ဗုံးၾကဲေလယာဥ္ ၈၀၊ တိုက္ေလယာဥ္ ၃၀ ပါေသာ ေလတပ္အုပ္ႀကီးျဖစ္ေလသည္။

ထို႔ေန႔နံနက္ ၁၀ နာရီခန႔္တြင္ မဂၤလာဒုံေလတပ္ဌာနခ်ဳုပ္မွ ဂ်ပန္ေလယာဥ္မ်ား စစ္ေၾကာင္းႏွစ္ေၾကာင္းခြဲ၍ ခ်ီတက္လာေၾကာင္း သတင္းရရွိေလေတာ့သည္။ ထိုအခ်ိန္တြင္ မဂၤလာဒုံေလတပ္တြင္ မဟာမိတ္တို႔၏ ေလယာဥ္မ်ား စုစုေပါင္း အစီးေရ (၅၀)ပင္ျပည့္ေအာင္မရွိ။  မဟာမိတ္တပ္မ်ားသည္ ရွိသည့္ေလယာဥ္မ်ားျဖင့္ ရန္ကုန္ၿမိဳ႕အားကာကြယ္ရန္ ျပင္ဆင္ရေလေတာ့သည္။





ေလေၾကာင္းတပ္ႀကီးခ်ီတက္လာသည္ကို ရန္ကုန္ၿမိဳ႕သူၿမိဳ႕သားတို႔သိရွိလၽွင္ ယခင္ကဗုံးႀကံခံရဖူးသည့္ အေတြ႕အၾကဳံမရွိသည့္အျပင္ ထိုမၽွမ်ားျပားေသာေလတပ္ႀကီးကို ျမင္ဖူးျခင္းလည္းမရွိေသာေၾကာင့္  အိမ္ျပင္မ်ားသို႔ထြက္ၾကည့္ၾကေလေတာ့သည္။ ဂ်ပန္ေလယာဥ္မ်ားသည္ ရန္ကုန္ဆိပ္ကမ္းဘက္အား ဦးစြာဗုံးၾကဲခ်ခဲ့ၿပီး ထိုမွတစ္ဆင့္ စုစု႐ုံး႐ုံးျဖင့္ ေလယာဥ္ထြက္ၾကည့္ေနၾကေသာ လူေနရပ္ကြက္မ်ားဆီသို႔ မီးေလာင္ဗုံးမ်ား၊ ေလယာဥ္တင္ဗုံးမ်ားကိုက်ဲခ်သြားေလသည္။ မိမိတို႔၏ေခါင္းေပၚသို႔ ဂ်ပန္ဗုံးမ်ားက်လာသည့္အခါမွ ရန္ကုန္လူထုလည္း ထြက္ေျပးရေကာင္းမွန္းသိ၍ ေျခဦးတည့္ရာေျပးၾကေလေတာ့သည္။ သို႔ေသာ္ အရပ္ရွစ္မ်က္ႏွာမွ ပ်ံဝဲလာၾကသည့္ ဂ်ပန္ေလယာဥ္တို႔မွ ဗုံးမ်ား စက္ေသနတ္တို႔၏ေအာက္တြင္ ရန္ကုန္လူထုသည္အလူးအလဲခံခဲ့ရသည္။ 


ေနာက္ထပ္ ၄၅ မိနစ္အၾကာတြင္ ဂ်ပန္အမွတ္ ၆၂ ေလတပ္အုပ္သည္ ရန္ကုန္ၿမိဳ႕သို႔ထပ္မံေရာက္ရွိလာၿပီး မဂၤလာဒုံေလတပ္စခန္းရွိ ေလတပ္ကြပ္ကဲေရးစခန္း၊ ေလယာဥ္ဂိုေထာင္မ်ား၊ ဆီသိုေလွာင္ကန္မ်ားကို ဗုံးၾကဲတိုက္ခိုက္ျပန္ပါသည္။ ဂ်ပန္မ်ားသည္ ရန္ကုန္ၿမိဳ႕အား မိနစ္(၂၀)ခန႔္စိတ္ႀကိဳက္ပစ္ခတ္သြားၿပီး ျပန္လည္ဆုတ္ခြာသြားပါသည္။ ထိုေန႔တိုက္ပြဲတြင္ ဂ်ပန္ အမွတ္ ၆၂ ေလတပ္မွ ေလယာဥ္ ၁၀ စီးခန႔္သာပ်က္စီးေသာ္လည္း ရန္ကုန္ၿမိဳ႕မွာလုံးဝနီးပါးပ်က္စီးသြားၿပီး ထိုေန႔တြင္ ရန္ကုန္ၿမိဳ႕သူၿမိဳ႕သား ၂၀၀၀ ခန႔္ေသဆုံးခဲ့ၿပီး ၂၅၀၀ ေက်ာ္ဒဏ္ရာရရွိခဲ့ပါသည္။




ထို႔အျပင္ ဒီဇင္ဘာ ၂၅ ရက္ေန႔တြင္ ဂ်ပန္ေလတပ္မွ ရန္ကုန္ၿမိဳ႕အားထပ္မံဗုံးၾကဲတိုက္ခိုက္ျပန္ပါသည္။ ထိုအခ်ိန္တြင္ ၿမိဳ႕သူၿမိဳ႕သားမ်ားသည္ ဂ်ပန္ေလယာဥ္အားေၾကာက္ရေကာင္းမွန္းသိသျဖင့္ ေလယာဥ္လာေၾကာင္းသိသည္ႏွင့္ပုန္းခိုၾကေတာ့သည္။ သို႔ေသာ္ ထိုေန႔တြင္ စနစ္တက်ပုန္းခိုစရာေနရာမရွိသျဖင့္ ရန္ကုန္ၿမိဳ႕သူ/သား (၇၅၀)ေက်ာ္ထပ္မံေသဆုံးရန္ အလုံၿမိဳ႕လုံးဝပ်က္စီးခဲ့ရေလသည္။

ေနာက္ထပ္တစ္ဖန္ ၁၉၄၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔တြင္ ဂ်ပန္ေလတပ္မွလာေရာက္ဗုံးၾကဲတိုက္ခိုက္ျပန္ပါသည္။ ႏွစ္လအတြင္း (၃)ႀကိမ္ ဗုံးၾကဲခံရၿပီးေနာက္ ရန္ကုန္လူထုလည္း ၿမိဳ႕ကိုစြန႔္ခြာ၍ထြက္ေျပးၾကရေလေတာ့သည္။ ရန္ကုန္ၿမိဳ႕ေနကုလားမ်ားသည္လည္း အိႏၵိယကိုေျခက်င္ျပန္ရန္ ရန္ကုန္ကိုစြန႔္ခြာလာခဲ့ေတာ့သည္။ 


ထိုအခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕ကိုသိမ္းပိုက္ထားေသာ ဂ်ပန္အမွတ္ (၁၅)တပ္မသည္ စတင္ခ်ီတက္လာၿပီျဖစ္သည္။ အိႏၵိယအမွတ္(၁၇)တပ္မမွ ဂ်ပန္တို႔စစ္ေတာင္းျမစ္အထိသာခ်ီတက္လာမည္ဟု ခန႔္မွန္းထားေသာ္လည္း ဂ်ပန္တို႔သည္ ထိုမွဆက္၍ခ်ီတက္လာခဲ့ေလသည္။ မဟာမိတ္တို႔သည္ ေတာင္ငူတြင္စစ္ဌာနခ်ဳပ္အားအေျခစိုက္ၿပီး ရန္ကုန္ရွိအဂၤလိပ္တပ္မ်ားဆုတ္ခြာရန္ စီစဥ္ေတာ့သည္။ ေျမာက္အာဖရိကတြင္နာမည္ရရွိထားေသာ အမွတ္(၇)တင့္ကားတပ္ကို ျမန္မာနိုင္ငံသို႔ျပန္လည္ေခၚထား ရန္ကုန္အားခုခံရႏွင့္ ရန္ကုန္ၿမိဳ႕အတြင္းရွိတပ္မ်ားဆုတ္ခြာရန္ အစီအစဥ္မ်ားျပဳလုပ္ေလေတာ့သည္။ 


၁၉၄၂ ခုႏွစ္ မတ္လ ၈ ရက္ေန႔တြင္ ဂ်ပန္အမွတ္(၂၁၅)ေျခလၽွင္တပ္မႀကီးႏွင့္ BIA တပ္မ်ားမွ ရန္ကုန္ၿမိဳ႕အား ဝင္ေရာက္သိမ္းပိုက္ေလေတာ့သည္။ အဂၤလိပ္တပ္မ်ားသည္ တင့္တပ္ဖြဲ႕မ်ားကိုအကာအကြယ္ယူရန္ ရန္ကုန္ၿမိဳ႕မွစတင္ဆုတ္ခြာေတာ့သည္။ မဟာမိတ္တို႔သည္ ဆုတ္ခြာစဥ္ သိမ္ႀကီးေဈးအပါအဝင္ သန္လ်င္ၿမိဳ႕ရွိေရနံခ်က္စက္႐ုံမ်ား၊ ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးစက္႐ုံ၊ ရန္ကုန္ဆိပ္ကမ္းမ်ားဝန္ခ်ီကရိန္းႀကီးမ်ားအား ေဖာက္ခြဲဖ်က္ဆီးသြားခဲ့ေလသည္။ ထိုေခတ္ထိုအခါရန္ အာရွတြင္ေခတ္အမီဆုံးၿမိဳ႕ျဖစ္ခဲ့သည့္ ရန္ကုန္ၿမိဳ႕၏ ေကာင္းကင္ျပင္သည္ ထိုေန႔တြင္ေနေရာင္ပင္မထိုးနိုင္ေလာက္ေအာင္ အေမွာင္ႀကီးက်သည္အထိ တစ္ၿမိဳ႕လုံးနီးပါးပ်က္စီးသြားေလေတာ့သည္။ ထို႔မတ္လ (၈)ရက္ေန႔မွစတင္၍ ေလးလေက်ာ္ၾကာသည့္တိုင္ အဂၤလိပ္မဟာမိတ္တပ္မ်ားသည္ ၎တို႔တပ္စြဲထားရာစခန္းမ်ား၊ ၿမိဳ႕မ်ားဆီမွ တစ္ဆုတ္တည္းဆုတ္ခြာထြက္ေျပးခဲ့ရ သျဖင့္ အဂၤလိပ္တို႔၏သမိုင္းတြင္ ခရီးအၾကာဆုံးဆုတ္ခြာခဲ့ရျခင္းျဖစ္ေလသည္။





သက္တံ့ေနာင္(Wizardry Myanmar)











သင်မသိလိုက်တဲ့ မြန်မာနိုင်ငံအတွင်းကဘာသာရေးဝါဒပြိုင်ပွဲ အပိုင်း(၂)

အပိုင်း(၁) မှအဆက်
Unicode ဖြင့်ဖတ်ရန်

နှစ်ဦးနှစ်ဖက်သဘောတူညီချက်များပြုလုပ်ပြီးနောက် ဟောပြောဝါဒပြိုင်မည့်သူများအားရှာကြလေတော့သည်။ ခရစ်ယာန်ဘာသာဝင်တို့ဘက်မှ ယှဉ်ပြိုင်ဟောပြောမည်သူ ဦးစွာပေါ်လာလေသည်။ ၎င်းမှာ ဦးရွှေမှန်၊ ဦးသာဒင်(ရန်ကုန်)နှင့် ဦးသာဒင်(မန္တလေး)တို့ကြပြီး ၎င်းတို့အားလုံးသည် ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ပြောင်းလဲသွားကြသူများဖြစ်ကြပြီး ပဋိကတ်တော်များကို ထုံးလေချေရေလိုနှောက်အထူးကျွမ်းကျင်သူများလည်းဖြစ်ကြသည်။

ထို့အခါ ဗုဒ္ဓဘာသာဝင်များဘက်မှ အခက်အခဲကြီးဖြစ်တော့သည်။ ခရစ်ယာန်ဘာသာဝင်များဘက်မှ ဟောပြောမည့်သူများသည် ဗုဒ္ဓဘာသာအကြောင်းကောင်းကောင်းမွန်မွန်သိရှိသူဖြစ်သဖြင့် ဗုဒ္ဓဘာသာဘက်မှ ဟောပြောမည့်သူသည် ပဋိကတ်တော်များကိုကျွမ်းကျင်သူဖြစ်ယုံနှင့်ပင်မရ စကားပြောလည်းကျွမ်းကျင်ပိုင်နိုင်မည့်သူဖြစ်မှရတော့မည်။ မဟုတ်လျှင် ဝါဒပြိုင်ပွဲကြီးတွင် ဗုဒ္ဓဘာသာသည်အရှုံးနှင့်ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ဦးလှောင်တို့ရွာ၏အနီးတွင် အလိုတော်ရဂိုဏ်းရှိသည်။ ဦးလှောင်တို့လည်း အလိုတော်ရဂိုဏ်းချုပ်အားအကူအညီတောင်းရာ ၎င်းဂိုဏ်းတွင်လည်းပိဋိကတ်တော်ကိုသာကျွမ်းကျင်၍ စကားအပြောကောင်းသော ပုဂ္ဂိုလ်မရှိ။ သို့ဖြစ်သောကြောင့် အလိုတော်ရဂိုဏ်းချုပ်ဆရာတော်မှဦးဆောင်ကာ ဗုဒ္ဓဘာသာအတွက် ဟောပြောမည့်သူကိုရှာဖွေလေတော့သည်။

ရန်ကုန်မှဆရာတော်အချို့မှ နာမည်ကြီးဆရာတော်ဦးဉေယျကိုပင့်ဖိတ်ရန်အကြံဉာဏ်ပေးလေသည်။ ဦးဉေယျသည် ထိုခေတ်ထိုအခါက ခရစ်ယာန်ဘာသာကို ရှုတ်ချသည့်စာများရေးသားပြီး လူသိများထင်ရှားသော ဆရာတော်တစ်ပါးလည်းဖြစ်ပါသည်။ သို့သော်ဦးလှောင်တို့မှ စာဖြင့်ပင့်ဖိတ်သော်လည်း ၎င်းဆရာတော်မှ ပြန်လည်အကြောင်းပြန်ခြင်းမရှိသဖြင့် အခက်တွေ့တော့သည်။

ထို့နောက်အလိုတော်ရဂိုဏ်းချုပ်ဆရာတော်မှ တစ်ဆင့်ဆရာတော် ဦးဥက္ကဌအား အကျိုးအကြောင်းပြောပြ၍ ပိတ်ဖိတ်သောအခါ ဆရာတော်မှဟောပြောပြသရန် လက်ခံလိုက်လေသည်။

ဗုဒ္ဓဘာသာဘက်မှ ယှဉ်ပြိုင်ဟောပြောမည့်သူပေါ်လာသည့်အခါတွင်မှ ဝါဒပြိုင်ပွဲကြီးကိုအောက်ပါအတိုင်း စီစဉ်ကြလေသည်။

  • နံနက် (၇) နာရီတွင် ယှဉ်ပြိုင်ပွဲကို စရန်။
  • သဘာပတိအနေဖြင့် ခရစ်ယာန်ဘက်က တစ်ဦး၊ ဗုဒ္ဓဘာသာဘက်က တစ်ဦး၊ နှစ်ဦးတင်ရန်။
  • ၇ နာရီမှ ၇ နာရီ ၁၅ မိနစ်အထိ ခရစ်ယာန်ဘက်မှ သဘာပတိ မိန့်ခွန်းပြောရန်။
  • ၇ နာရီ ၁၅ မိနစ်မှ ၇ နာရီ ၃၀ မိနစ်အထိ ဗုဒ္ဓဘာသာဝင် သဘာပတိက မိန့်ခွန်းပြောရန်။
  • ၇ နာရီ ၃၀ မိနစ် မှ ၈ နာရီ ၁၅ မိနစ်အထိ ခရစ်ယာန်တို့ဘက်မှ ဗုဒ္ဓဘာသာကို ဝေဖန်ပြောကြားရန်။
  • ၈ နာရီ ၁၅ မိနစ် မှ ၉ နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာကို ဝေဖန်ပြောကြားရန်။
  • ၉ နာရီ မှ ၁၂ နာရီအထိ ဟောပြောပွဲကို ရပ်နားရန်။
  • နေ့လယ် ၁၂ နာရီတွင် ဟောပြောပွဲကို ပြန်လည်ဖွင့်လှစ်ရန်။
  • ၁၂ နာရီ မှ ၂ နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ဝေဖန်ပြောကြားရန်။
  • ၂ နာရီ မှ ၄ နာရီအထိ ခရစ်ယာန်ဘက်မှ ဝေဖန်ပြောကြားရန်။
  • ညနေ ၄ နာရီတွင် နှစ်ဖက်သဘာပတိများ လက်မှတ်ရေးထိုးထားသော ဟောပြောပွဲ ရုပ်သိမ်းစာကို ဖတ်၍ ဟောပြောပွဲကြီး ပြီးကြောင်း ကြေညာရန်တို့ ဖြစ်သည်

ထို့ဟောပြောပွဲကို ပရိဿာတ် (၁)သောင်းကျော်တက်ရောက်ခဲ့ပါသည်။ ပွဲစစချင်း ခရစ်ယာန်ဘာသာဝင်တို့ဘက်မှ ဦးသာဒင်မှစတင်ဟောပြောလေသည်။ ဦးသာဒင်သည် ထိုဝါဒပြိုင်ပွဲကို နာမည်ကျော်ဆရာတော် ဦးဉေယျတက်ရောက်မည်အထင်နှင့် ဦးဉေယျရေးသားသည့် စာပေများမှ အချက်အလက်များကိုကောက်နုတ်ကာ "ဗုဒ္ဓဝင်ကျမ်းသည် ဗုဒ္ဓဘုရားရှင်၏ဖြစ်စဉ်သာဖြစ်ကြောင်း ၎င်းကျမ်းတွင်ပါသောအချက်အလက်များ သည်ယုတ္တိမရှိကြောင်း ထို့အပြင်မြတ်စွာဘုရားရှိသည် ဝါခေါင်လပြည့်နေတွင် ပဋိသန္ဓေနေတော်မူသဖြင့် သုဒ္ဓေါဒနမင်းကြီးနှင့်မယ်တော်မာယာတို့သည် ဝါတွင်းကြီးပင်လျှင်မေထုန်အမှု(လိင်ဆက်ဆံခြင်း)ကိုရှောင်ကျဉ်ပုံမရကြောင်း၊ ထို့အပြင် ဘုရားလောင်းပဋိသန္ဓေနေသည့်အချိန်တွင် ဘုရားဖြစ်မည့်သူမှန်းမည်သူမျှ မသိဘဲ မွေးဖွားကာနီးမှ ပုဏ္ဏားတို့၏ပြောပြချက်အရ သိရှိရခြင်းသည် အဓိပ္ပာယ်မရှိကြောင်း ဗုဒ္ဓဘုရားသည် သာမာန်လူသာဖြစ်ကြောင်း"စတင်ဟောပြောလေသည်။

ထို့အပြင်၎င်းမှဆက်၍ " ဘုရားလောင်း၏ဖွားဖက်တော် ၇ ဦးတွင် မြင်းလည်းပါကြောင်း၊ ရွှေအိုးကြီးများလည်းပါသဖြင့် ယုတ္တိမရှိကြောင်း ညီတော်အာနန္ဒါအရှင်သည်လည်း ဘုရားလောင်း၏ညီဖြစ်သော်လည်း ဖွားဘက်တော်ဟုဖော်ပြခြင်းသည် အဓိပ္ပာယ်မရှိကြောင်း"ဟောပြောပြန်လေသည်။  နောက်ထပ်တစ်ဖန် ဘရားရှင်မှ စိဥ္ဇမာနအားအောင်မြင်တော်မူခန်းတွင် တရားပွဲတွင်အခြားအမျိုးသမီးများလည်းရှိပါလျှက်နဲ့ စိဉ္ဇမာန၏ ဗိုက်အားမစမ်းသပ်ဘဲ သိကြားမင်းသည် စိဥ္ဇမာန၏ဗိုက်တွင်ကာရံထားသည့် ပျဉ်ချပ်များအား ကိုက်ဖျက်ကာ ထဘီအတွင်းသို့ဝင်သဖြင့် ဗုဒ္ဓဘာသာအယူအရ အဓိပ္ပာယ်မရှိကြောင်း မိန်းမ ထဘီအတွင်းသို့ပင်ဝင်သည့် သိကြားမင်းဖြစ်ကြောင်း၊ ထို့အပြင်နန္ဒေါပနန္ဒနဂါးမင်းအားချေချွတ်ခန်းတွင်လည်း တန်ခိုးရှင်ဘုရားရှင်သည် ကိုယ်တိုင်နှိမ်နင်းခြင်းမပြုဘဲ ရှင်မောဂ္ဂလာန်ကိုနှိမ်နင်းခိုင်းခြင်းသည် အဓိပ္ပာယ်မရှိကြောင်း၊ ထို့အပြင်နဂါးမင်းအား ရှင်မောဂ္ဂလာန်ဖန်ဆင်းထားသည့်နဂါးမှ မြင်းမိုရ်တောင်နှင့်ညှပ်၍ ရစ်ပတ်သဖြင့် ဘုရားရှင်ဟောပြောသည့် သတ္တဝါတို့အား မညှင်းဆဲရဟူသောအချက်နှင့် ကွဲပြား၍ ဘုရား၏ရှေ့တွင်ပင် နဂါးမင်းသားညှင်းဆဲခြင်းဖြစ်ကြောင်း၊ ထို့အပြင်ထိုမျှတန်ခိုးကြီးသော ရှင်မောဂ္ဂလာန်သည် သာမန်သူခိုးတို့၏ရိုက်သတ်ခြင်းကိုခံရသည် ဆိုခြင်းသည် အဓိပ္ပာယ်ရှိပမလားဟုပင် ဗုဒ္ဓဘာသာပရိဿာတ်ကိုမေးခွန်းထုတ်ပြန်လေသည်။

ဆက်၍ "ဗုဒ္ဓဘုရားရှင်သည် ၎င်း၏တပည့်သံဃာများအား တန်ခိုးမပြရန်စည်းကမ်းထုတ်ထားပြီး ၎င်းကိုယ်တိုင်က ရောင်ချည်တော်များလွှတ်ခြင်း၊ ရေမီးတို့ဖြင့် တန်ခိုးပြခြင်းများဆောင်ရွက်ခြင်းသည် မိမိထုတ်ထားသေည့်စည်းကမ်းကို မိမိကိုယ်တိုင်ဖျက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့အပြင်တာဝတိံသာနတ်ပြည်ကို တန်ခိုးတော်နှင့်တက်သွားသည့် ဘုရားရှင်အား ပြန်လာသည့်အခါ နတ်သိကြားတို့က ပြန်လည်ပို့ဆောင်ရခြင်းသည်မဖြစ်နိုင်ကြောင်း၊ ထို့အပြင် သစ္စကပရိဗိုက်အားအောင်မြင်တော်မူခန်းတွင် သစ္စကပရဗိုက်ကြီးသည် ဘုရားရှင်မေးသည့်မေးခွန်းများကို မဖြေဘဲရှိစဉ် သိကြားမင်းက ဘီလူးပုံဖန်ဆင်းခြိမ်းခြောက်တော့မှဖြေကြောင်းဖော်ပြထားသဖြင့် ဘုရားသည်မိမိကိုယ်တိုင်တန်ခိုးရှင်ဖြစ်၍ တန်ခိုးမပြဘဲ ဘာကြောင့် သိကြားမင်းကဝင်ပါရသလဲ" ဟုမေးခွန်းထုတ်ပြန်ပါသည်။

ထို့အပြင်တန်ခိုးတော်အနန္တဖြစ်သောဘုရားရှင်သည် ပဋိနိဗ္ဗာန်စံတော်မူခါနီးတွင် ဝမ်းတော်လား၍ သက်တော်(၈၀)အရွယ် ဗုဒ္ဓရှင်ကိုညီတော်အာနန္ဒာက ကုသိနာရုံအရောက်တွဲခေါ်သွားရခြင်းဆိုသည်မှာ အဓိပ္ပာယ်မရှိကြောင်း၊ တန်ခိုးကြီးပုဂ္ဂိုလ်ဖြစ်သည့်ဘုရားသည် ဝမ်းသွားခြင်းကြောင့် လမ်းပင်မလျှောက်နိုင်ခြင်းဆိုသည်မှာအဓိပ္ပာယ်မရှိကြောင်း၊ ဘုရားရှင်ထိုသို့ဖြစ်နေစဉ်တွင်လည်း မည်သည်နတ်မှကူညီခြင်းမရှိဘူးလားဟု ဆက်တိုက်မေးခွန်းများထုတ်နေပါသည်။

ထို့အပြင် ဘုရားတစ်ဆူပွင့်တော်မူရန်အတွက် ဘုရားလောင်းဖြစ်မည့်ပုဂ္ဂိုလ်အား ရှေ့ဘုရားမှာ ဗျာဒိတ်ပေးခြင်းဖြစ်သဖြင့် ပထမဦးဆုံးဘုရားရှင်ကိုမည်သူကဗျာဒိတ်တော်ပေးသလဲ ဟူသောအချက်သည်စဉ်းစားစရာပင်ဖြစ်ကြောင်းမေးခွန်းများဆက်တိုက်ထုတ်၍ ဗုဒ္ဓဘာသာကျမ်းစာအသီးသီးမှ ဟောပြောချက်၊ ပါရှိချက်များကိုတစ်ချက်ချင်းထောက်၍ ဝေဖန်တိုက်ခိုက်လေတော့သည်။ ထို့နောက်၎င်း၏ဟောပြောချက်အားနိဂုံးချုပ်ရာတွင် ၎င်းသည်မူလကဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း သို့သော်ထိုကဲ့သို့အဓိပ္ပာယ်မရှိသည့်အချက်များ ကိုတွေ့မြင်ရသည့်အတွက် ခရစ်ယာန်ဘာသာဘက်သို့ပြောင်းလဲခြင်းဖြစ်ကြောင်း၊ အဓိပ္ပာယ်မရှိသော ဗုဒ္ဓဘာသာကိုဆက်၍ကိုးကွယ်မလား၊ ထာဝရဘုရားသခင်၏ ခရစ်ယာန်ဘာသာအားကိုးကွယ်မလားဟု မေးခွန်းထုတ်၍ ၎င်း၏ဟောပြောချက်အား အဆုံးသတ်လိုက်ပါသည်။

၎င်း၏စကားအဆုံးတွင် ခရစ်ယာန်ပရိဿာတ်မှ လက်ခုတ်လက်ဝါးတီး၍ အားပေးကြပြီး ဦးသာဒင်၏ဟောပြောချက်များသည် အချို့သော ဗုဒ္ဓဘာသာဝင်များပင် သေချာစွာသိရှိခြင်းမရှိသည့်အချက်များဖြစ်သဖြင့် ဗုဒ္ဓဘာသာပရိဿာတ်သည် ချွေးသီးချွေးပေါက်များကျကာ ၎င်းမေးသည့်မေးခွန်းများအပေါ် မည်သို့တုံပြန်ရမှန်းမသိဖြစ်ပြီး ဗုဒ္ဓဘာသာဘက်မှ ဟောပြောမည့် ဦးဥက္ကဌ၏မျက်နှာတော်ကိုသာ အားကိုးတစ်ကြီးကြည့်နေရတော့သည်။ 

ဦးသာဒင်၏ဟောပြောချက်များအပြီးတွင် ၎င်း၏ဟောပြောချက်များအား ချေပဟောပြောရန် ဆရာတော် ဦးဥက္ကဌ၏အလှည့်သို့ရောက်ရှိလာလေသည်။ ဆရာတော်လည်း ထိုင်ရာမှထ၍ ပရိဿာတ်တို့အား နှုတ်ခွန်းဆက်၍ ဦးသာဒင်နှင့်မိမိသည်ယခင်ကတွေ့ဖူးထားသည့်သူများမဟုတ်သဖြင့် ပုဂ္ဂိုလ်ရေးအရ အညှိုးအာဃာတများမရှိကြောင်း ယခုအချိန်တွင်လည်း မတူညီသည့်အယူအဆနှင့်ဘာသာနှစ်ခုဟောပြောခြင်းသာဖြစ်သဖြင့် ပုဂ္ဂိုလ်ရေးအရမစဉ်းစားဘဲ ဓမ္မသဘောအနှစ်သာရကိုသာ စဉ်းစားဆုံးဖြတ်ရန်ဦးစွာပြော၍ ဟောပြောမှုအားစတင်ရန် ပြင်ဆင်လေတော့သည်။

ဆက်လက်ဖော်ပြပါမည်။
သက်တံ့နောင်(Wizardry Myanmar)
ကိုးကား
သခင်မြတ်ဆိုင်၏ ကျောက်ကွင်းအရေးတော်ပုံကျမ်း
Wiki Myanmar ၏ ကျောက်ကွင်းဝါဒပြိုင်ပွဲဆောင်းပါး

Zawgyi ျဖင့္ဖတ္ရန္



ႏွစ္ဦးႏွစ္ဖက္သေဘာတူညီခ်က္မ်ားျပဳလုပ္ၿပီးေနာက္ ေဟာေျပာဝါဒၿပိဳင္မည့္သူမ်ားအားရွာၾကေလေတာ့သည္။ ခရစ္ယာန္ဘာသာဝင္တို႔ဘက္မွ ယွဥ္ၿပိဳင္ေဟာေျပာမည္သူ ဦးစြာေပၚလာေလသည္။ ၎မွာ ဦးေရႊမွန္၊ ဦးသာဒင္(ရန္ကုန္)ႏွင့္ ဦးသာဒင္(မႏၲေလး)တို႔ၾကၿပီး ၎တို႔အားလုံးသည္ ဗုဒၶဘာသာမွ ခရစ္ယာန္ဘာသာသို႔ေျပာင္းလဲသြားၾကသူမ်ားျဖစ္ၾကၿပီး ပဋိကတ္ေတာ္မ်ားကို ထုံးေလေခ်ေရလိုေႏွာက္အထူးကၽြမ္းက်င္သူမ်ားလည္းျဖစ္ၾကသည္။



ထို႔အခါ ဗုဒၶဘာသာဝင္မ်ားဘက္မွ အခက္အခဲႀကီးျဖစ္ေတာ့သည္။ ခရစ္ယာန္ဘာသာဝင္မ်ားဘက္မွ ေဟာေျပာမည့္သူမ်ားသည္ ဗုဒၶဘာသာအေၾကာင္းေကာင္းေကာင္းမြန္မြန္သိရွိသူျဖစ္သျဖင့္ ဗုဒၶဘာသာဘက္မွ ေဟာေျပာမည့္သူသည္ ပဋိကတ္ေတာ္မ်ားကိုကၽြမ္းက်င္သူျဖစ္ယုံႏွင့္ပင္မရ စကားေျပာလည္းကၽြမ္းက်င္ပိုင္နိုင္မည့္သူျဖစ္မွရေတာ့မည္။ မဟုတ္လၽွင္ ဝါဒၿပိဳင္ပြဲႀကီးတြင္ ဗုဒၶဘာသာသည္အရႈံးႏွင့္ရင္ဆိုင္ရေတာ့မည္ျဖစ္သည္။



ဦးေလွာင္တို႔ရြာ၏အနီးတြင္ အလိုေတာ္ရဂိုဏ္းရွိသည္။ ဦးေလွာင္တို႔လည္း အလိုေတာ္ရဂိုဏ္းခ်ဳပ္အားအကူအညီေတာင္းရာ ၎ဂိုဏ္းတြင္လည္းပိဋိကတ္ေတာ္ကိုသာကၽြမ္းက်င္၍ စကားအေျပာေကာင္းေသာ ပုဂၢိဳလ္မရွိ။ သို႔ျဖစ္ေသာေၾကာင့္ အလိုေတာ္ရဂိုဏ္းခ်ဳပ္ဆရာေတာ္မွဦးေဆာင္ကာ ဗုဒၶဘာသာအတြက္ ေဟာေျပာမည့္သူကိုရွာေဖြေလေတာ့သည္။



ရန္ကုန္မွဆရာေတာ္အခ်ိဳ႕မွ နာမည္ႀကီးဆရာေတာ္ဦးေဉယ်ကိုပင့္ဖိတ္ရန္အႀကံဉာဏ္ေပးေလသည္။ ဦးေဉယ်သည္ ထိုေခတ္ထိုအခါက ခရစ္ယာန္ဘာသာကို ရႈတ္ခ်သည့္စာမ်ားေရးသားၿပီး လူသိမ်ားထင္ရွားေသာ ဆရာေတာ္တစ္ပါးလည္းျဖစ္ပါသည္။ သို႔ေသာ္ဦးေလွာင္တို႔မွ စာျဖင့္ပင့္ဖိတ္ေသာ္လည္း ၎ဆရာေတာ္မွ ျပန္လည္အေၾကာင္းျပန္ျခင္းမရွိသျဖင့္ အခက္ေတြ႕ေတာ့သည္။



ထို႔ေနာက္အလိုေတာ္ရဂိုဏ္းခ်ဳပ္ဆရာေတာ္မွ တစ္ဆင့္ဆရာေတာ္ ဦးဥကၠဌအား အက်ိဳးအေၾကာင္းေျပာျပ၍ ပိတ္ဖိတ္ေသာအခါ ဆရာေတာ္မွေဟာေျပာျပသရန္ လက္ခံလိုက္ေလသည္။



ဗုဒၶဘာသာဘက္မွ ယွဥ္ၿပိဳင္ေဟာေျပာမည့္သူေပၚလာသည့္အခါတြင္မွ ဝါဒၿပိဳင္ပြဲႀကီးကိုေအာက္ပါအတိုင္း စီစဥ္ၾကေလသည္။



နံနက္ (၇) နာရီတြင္ ယွဥ္ၿပိဳင္ပြဲကို စရန္။
သဘာပတိအေနျဖင့္ ခရစ္ယာန္ဘက္က တစ္ဦး၊ ဗုဒၶဘာသာဘက္က တစ္ဦး၊ ႏွစ္ဦးတင္ရန္။
၇ နာရီမွ ၇ နာရီ ၁၅ မိနစ္အထိ ခရစ္ယာန္ဘက္မွ သဘာပတိ မိန႔္ခြန္းေျပာရန္။
၇ နာရီ ၁၅ မိနစ္မွ ၇ နာရီ ၃၀ မိနစ္အထိ ဗုဒၶဘာသာဝင္ သဘာပတိက မိန႔္ခြန္းေျပာရန္။
၇ နာရီ ၃၀ မိနစ္ မွ ၈ နာရီ ၁၅ မိနစ္အထိ ခရစ္ယာန္တို႔ဘက္မွ ဗုဒၶဘာသာကို ေဝဖန္ေျပာၾကားရန္။
၈ နာရီ ၁၅ မိနစ္ မွ ၉ နာရီအထိ ဗုဒၶဘာသာဘက္မွ ခရစ္ယာန္ဘာသာကို ေဝဖန္ေျပာၾကားရန္။
၉ နာရီ မွ ၁၂ နာရီအထိ ေဟာေျပာပြဲကို ရပ္နားရန္။
ေန႔လယ္ ၁၂ နာရီတြင္ ေဟာေျပာပြဲကို ျပန္လည္ဖြင့္လွစ္ရန္။
၁၂ နာရီ မွ ၂ နာရီအထိ ဗုဒၶဘာသာဘက္မွ ေဝဖန္ေျပာၾကားရန္။
၂ နာရီ မွ ၄ နာရီအထိ ခရစ္ယာန္ဘက္မွ ေဝဖန္ေျပာၾကားရန္။
ညေန ၄ နာရီတြင္ ႏွစ္ဖက္သဘာပတိမ်ား လက္မွတ္ေရးထိုးထားေသာ ေဟာေျပာပြဲ ႐ုပ္သိမ္းစာကို ဖတ္၍ ေဟာေျပာပြဲႀကီး ၿပီးေၾကာင္း ေၾကညာရန္တို႔ ျဖစ္သည္


ထို႔ေဟာေျပာပြဲကို ပရိႆာတ္ (၁)ေသာင္းေက်ာ္တက္ေရာက္ခဲ့ပါသည္။ ပြဲစစခ်င္း ခရစ္ယာန္ဘာသာဝင္တို႔ဘက္မွ ဦးသာဒင္မွစတင္ေဟာေျပာေလသည္။ ဦးသာဒင္သည္ ထိုဝါဒၿပိဳင္ပြဲကို နာမည္ေက်ာ္ဆရာေတာ္ ဦးေဉယ်တက္ေရာက္မည္အထင္ႏွင့္ ဦးေဉယ်ေရးသားသည့္ စာေပမ်ားမွ အခ်က္အလက္မ်ားကိုေကာက္ႏုတ္ကာ "ဗုဒၶဝင္က်မ္းသည္ ဗုဒၶဘုရားရွင္၏ျဖစ္စဥ္သာျဖစ္ေၾကာင္း ၎က်မ္းတြင္ပါေသာအခ်က္အလက္မ်ား သည္ယုတၱိမရွိေၾကာင္း ထို႔အျပင္ျမတ္စြာဘုရားရွိသည္ ဝါေခါင္လျပည့္ေနတြင္ ပဋိသေႏၶေနေတာ္မူသျဖင့္ သုေဒၶါဒနမင္းႀကီးႏွင့္မယ္ေတာ္မာယာတို႔သည္ ဝါတြင္းႀကီးပင္လၽွင္ေမထုန္အမႈ(လိင္ဆက္ဆံျခင္း)ကိုေရွာင္က်ဥ္ပုံမရေၾကာင္း၊ ထို႔အျပင္ ဘုရားေလာင္းပဋိသေႏၶေနသည့္အခ်ိန္တြင္ ဘုရားျဖစ္မည့္သူမွန္းမည္သူမၽွ မသိဘဲ ေမြးဖြားကာနီးမွ ပုဏၰားတို႔၏ေျပာျပခ်က္အရ သိရွိရျခင္းသည္ အဓိပၸာယ္မရွိေၾကာင္း ဗုဒၶဘုရားသည္ သာမာန္လူသာျဖစ္ေၾကာင္း"စတင္ေဟာေျပာေလသည္။



ထို႔အျပင္၎မွဆက္၍ " ဘုရားေလာင္း၏ဖြားဖက္ေတာ္ ၇ ဦးတြင္ ျမင္းလည္းပါေၾကာင္း၊ ေရႊအိုးႀကီးမ်ားလည္းပါသျဖင့္ ယုတၱိမရွိေၾကာင္း ညီေတာ္အာနႏၵါအရွင္သည္လည္း ဘုရားေလာင္း၏ညီျဖစ္ေသာ္လည္း ဖြားဘက္ေတာ္ဟုေဖာ္ျပျခင္းသည္ အဓိပၸာယ္မရွိေၾကာင္း"ေဟာေျပာျပန္ေလသည္။  ေနာက္ထပ္တစ္ဖန္ ဘရားရွင္မွ စိဥၨမာနအားေအာင္ျမင္ေတာ္မူခန္းတြင္ တရားပြဲတြင္အျခားအမ်ိဳးသမီးမ်ားလည္းရွိပါလၽွက္နဲ႔ စိဥၨမာန၏ ဗိုက္အားမစမ္းသပ္ဘဲ သိၾကားမင္းသည္ စိဥၨမာန၏ဗိုက္တြင္ကာရံထားသည့္ ပ်ဥ္ခ်ပ္မ်ားအား ကိုက္ဖ်က္ကာ ထဘီအတြင္းသို႔ဝင္သျဖင့္ ဗုဒၶဘာသာအယူအရ အဓိပၸာယ္မရွိေၾကာင္း မိန္းမ ထဘီအတြင္းသို႔ပင္ဝင္သည့္ သိၾကားမင္းျဖစ္ေၾကာင္း၊ ထို႔အျပင္နေႏၵါပနႏၵနဂါးမင္းအားေခ်ခၽြတ္ခန္းတြင္လည္း တန္ခိုးရွင္ဘုရားရွင္သည္ ကိုယ္တိုင္ႏွိမ္နင္းျခင္းမျပဳဘဲ ရွင္ေမာဂၢလာန္ကိုႏွိမ္နင္းခိုင္းျခင္းသည္ အဓိပၸာယ္မရွိေၾကာင္း၊ ထို႔အျပင္နဂါးမင္းအား ရွင္ေမာဂၢလာန္ဖန္ဆင္းထားသည့္နဂါးမွ ျမင္းမိုရ္ေတာင္ႏွင့္ညႇပ္၍ ရစ္ပတ္သျဖင့္ ဘုရားရွင္ေဟာေျပာသည့္ သတၱဝါတို႔အား မညႇင္းဆဲရဟူေသာအခ်က္ႏွင့္ ကြဲျပား၍ ဘုရား၏ေရွ႕တြင္ပင္ နဂါးမင္းသားညႇင္းဆဲျခင္းျဖစ္ေၾကာင္း၊ ထို႔အျပင္ထိုမၽွတန္ခိုးႀကီးေသာ ရွင္ေမာဂၢလာန္သည္ သာမန္သူခိုးတို႔၏ရိုက္သတ္ျခင္းကိုခံရသည္ ဆိုျခင္းသည္ အဓိပၸာယ္ရွိပမလားဟုပင္ ဗုဒၶဘာသာပရိႆာတ္ကိုေမးခြန္းထုတ္ျပန္ေလသည္။



ဆက္၍ "ဗုဒၶဘုရားရွင္သည္ ၎၏တပည့္သံဃာမ်ားအား တန္ခိုးမျပရန္စည္းကမ္းထုတ္ထားၿပီး ၎ကိုယ္တိုင္က ေရာင္ခ်ည္ေတာ္မ်ားလႊတ္ျခင္း၊ ေရမီးတို႔ျဖင့္ တန္ခိုးျပျခင္းမ်ားေဆာင္ရြက္ျခင္းသည္ မိမိထုတ္ထားေသည့္စည္းကမ္းကို မိမိကိုယ္တိုင္ဖ်က္ျခင္းပင္ျဖစ္ေၾကာင္း၊ ထို႔အျပင္တာဝတႎသာနတ္ျပည္ကို တန္ခိုးေတာ္ႏွင့္တက္သြားသည့္ ဘုရားရွင္အား ျပန္လာသည့္အခါ နတ္သိၾကားတို႔က ျပန္လည္ပို႔ေဆာင္ရျခင္းသည္မျဖစ္နိုင္ေၾကာင္း၊ ထို႔အျပင္ သစၥကပရိဗိုက္အားေအာင္ျမင္ေတာ္မူခန္းတြင္ သစၥကပရဗိုက္ႀကီးသည္ ဘုရားရွင္ေမးသည့္ေမးခြန္းမ်ားကို မေျဖဘဲရွိစဥ္ သိၾကားမင္းက ဘီလူးပုံဖန္ဆင္းၿခိမ္းေျခာက္ေတာ့မွေျဖေၾကာင္းေဖာ္ျပထားသျဖင့္ ဘုရားသည္မိမိကိုယ္တိုင္တန္ခိုးရွင္ျဖစ္၍ တန္ခိုးမျပဘဲ ဘာေၾကာင့္ သိၾကားမင္းကဝင္ပါရသလဲ" ဟုေမးခြန္းထုတ္ျပန္ပါသည္။



ထို႔အျပင္တန္ခိုးေတာ္အနႏၲျဖစ္ေသာဘုရားရွင္သည္ ပဋိနိဗၺာန္စံေတာ္မူခါနီးတြင္ ဝမ္းေတာ္လား၍ သက္ေတာ္(၈၀)အရြယ္ ဗုဒၶရွင္ကိုညီေတာ္အာနႏၵာက ကုသိနာ႐ုံအေရာက္တြဲေခၚသြားရျခင္းဆိုသည္မွာ အဓိပၸာယ္မရွိေၾကာင္း၊ တန္ခိုးႀကီးပုဂၢိဳလ္ျဖစ္သည့္ဘုရားသည္ ဝမ္းသြားျခင္းေၾကာင့္ လမ္းပင္မေလၽွာက္နိုင္ျခင္းဆိုသည္မွာအဓိပၸာယ္မရွိေၾကာင္း၊ ဘုရားရွင္ထိုသို႔ျဖစ္ေနစဥ္တြင္လည္း မည္သည္နတ္မွကူညီျခင္းမရွိဘူးလားဟု ဆက္တိုက္ေမးခြန္းမ်ားထုတ္ေနပါသည္။



ထို႔အျပင္ ဘုရားတစ္ဆူပြင့္ေတာ္မူရန္အတြက္ ဘုရားေလာင္းျဖစ္မည့္ပုဂၢိဳလ္အား ေရွ႕ဘုရားမွာ ဗ်ာဒိတ္ေပးျခင္းျဖစ္သျဖင့္ ပထမဦးဆုံးဘုရားရွင္ကိုမည္သူကဗ်ာဒိတ္ေတာ္ေပးသလဲ ဟူေသာအခ်က္သည္စဥ္းစားစရာပင္ျဖစ္ေၾကာင္းေမးခြန္းမ်ားဆက္တိုက္ထုတ္၍ ဗုဒၶဘာသာက်မ္းစာအသီးသီးမွ ေဟာေျပာခ်က္၊ ပါရွိခ်က္မ်ားကိုတစ္ခ်က္ခ်င္းေထာက္၍ ေဝဖန္တိုက္ခိုက္ေလေတာ့သည္။ ထို႔ေနာက္၎၏ေဟာေျပာခ်က္အားနိဂုံးခ်ဳပ္ရာတြင္ ၎သည္မူလကဗုဒၶဘာသာဝင္ျဖစ္ေၾကာင္း သို႔ေသာ္ထိုကဲ့သို႔အဓိပၸာယ္မရွိသည့္အခ်က္မ်ား ကိုေတြ႕ျမင္ရသည့္အတြက္ ခရစ္ယာန္ဘာသာဘက္သို႔ေျပာင္းလဲျခင္းျဖစ္ေၾကာင္း၊ အဓိပၸာယ္မရွိေသာ ဗုဒၶဘာသာကိုဆက္၍ကိုးကြယ္မလား၊ ထာဝရဘုရားသခင္၏ ခရစ္ယာန္ဘာသာအားကိုးကြယ္မလားဟု ေမးခြန္းထုတ္၍ ၎၏ေဟာေျပာခ်က္အား အဆုံးသတ္လိုက္ပါသည္။



၎၏စကားအဆုံးတြင္ ခရစ္ယာန္ပရိႆာတ္မွ လက္ခုတ္လက္ဝါးတီး၍ အားေပးၾကၿပီး ဦးသာဒင္၏ေဟာေျပာခ်က္မ်ားသည္ အခ်ိဳ႕ေသာ ဗုဒၶဘာသာဝင္မ်ားပင္ ေသခ်ာစြာသိရွိျခင္းမရွိသည့္အခ်က္မ်ားျဖစ္သျဖင့္ ဗုဒၶဘာသာပရိႆာတ္သည္ ေခၽြးသီးေခၽြးေပါက္မ်ားက်ကာ ၎ေမးသည့္ေမးခြန္းမ်ားအေပၚ မည္သို႔တုံျပန္ရမွန္းမသိျဖစ္ၿပီး ဗုဒၶဘာသာဘက္မွ ေဟာေျပာမည့္ ဦးဥကၠဌ၏မ်က္ႏွာေတာ္ကိုသာ အားကိုးတစ္ႀကီးၾကည့္ေနရေတာ့သည္။ 



ဦးသာဒင္၏ေဟာေျပာခ်က္မ်ားအၿပီးတြင္ ၎၏ေဟာေျပာခ်က္မ်ားအား ေခ်ပေဟာေျပာရန္ ဆရာေတာ္ ဦးဥကၠဌ၏အလွည့္သို႔ေရာက္ရွိလာေလသည္။ ဆရာေတာ္လည္း ထိုင္ရာမွထ၍ ပရိႆာတ္တို႔အား ႏႈတ္ခြန္းဆက္၍ ဦးသာဒင္ႏွင့္မိမိသည္ယခင္ကေတြ႕ဖူးထားသည့္သူမ်ားမဟုတ္သျဖင့္ ပုဂၢိဳလ္ေရးအရ အညႇိုးအာဃာတမ်ားမရွိေၾကာင္း ယခုအခ်ိန္တြင္လည္း မတူညီသည့္အယူအဆႏွင့္ဘာသာႏွစ္ခုေဟာေျပာျခင္းသာျဖစ္သျဖင့္ ပုဂၢိဳလ္ေရးအရမစဥ္းစားဘဲ ဓမၼသေဘာအႏွစ္သာရကိုသာ စဥ္းစားဆုံးျဖတ္ရန္ဦးစြာေျပာ၍ ေဟာေျပာမႈအားစတင္ရန္ ျပင္ဆင္ေလေတာ့သည္။



ဆက္လက္ေဖာ္ျပပါမည္။

သက္တံ့ေနာင္(Wizardry Myanmar)

ကိုးကား

သခင္ျမတ္ဆိုင္၏ ေက်ာက္ကြင္းအေရးေတာ္ပုံက်မ္း

Wiki Myanmar ၏ ေက်ာက္ကြင္းဝါဒၿပိဳင္ပြဲေဆာင္းပါး







မြင်ကွန်းမင်းသား ဘယ်လိုလူစားလည်း အပိုင်း(၁)


ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလများတွင် မြန်မာ့မင်းနေပြည်တော်တွင် မှူးမတ်များမညီမညွတ်ဖြစ်ခြင်း၊ မင်းသားတို့သွေးကွဲကြခြင်း စသည့်အပျက်အပျက်ဖြင့် နှာခေါင်းသွေးထွက်မည့်ကိစ္စမျိုးတွေအများကြီးဖြစ်ခဲ့ပါသည်။ ထိုခေတ်ကာလ မြန်မာ့သမိုင်းတွင် အထင်ရှားဆုံးဗီလိမ်ကြီး သို့မဟုတ် လူမိုက်ကြီးအဖြစ်ကျော်ကြားသူမှာ မြင်ကွန်း မြင်းခုန်တိုင်အရေးတော်ပုံကြီး၏ပဲ့ကိုင်ရှင် မြင်ကွန်းမင်းသားပင်ဖြစ်ပါသည်။

ထို့အပြင် မြန်မာ့ရာဇဝင်ကို ပြန်ပြောင်းပြောကြသူတိုင်း၏နှုတ်ဖျားတွင် အိမ်ရှေ့စံကနောင်ကိုယ်တော်ကြီးကို လုပ်ကြံခဲ့သည့် မြင်ကွန်းမင်းသားသည် ရာဇဝင်လူဆိုးတစ်ဦးအနေဖြင့် အမြဲတစေပါနေတတ်လေသည်။ ထို့အပြင် ကနောင်မင်းသားကြီးကိုချစ်ကြသော နှောင်းမြန်မာလူမျိုးတို့၏ပုံပြင်ထဲတွင်လည်း မြင်ကွန်းမင်းသားသည် လူဆိုးကြီးအဖြစ်သာပါဝင်လေ့ရှိသည်။ သို့သော်ရာဇဝင်လူဆိုး မြင်ကွန်းမင်းသားသည် မြန်မာတို့၏ ရာဇဝင်သူရဲကောင်း ကနောင်မင်းသားကြီး၏ သားမက်တော်ဖြစ်လေသည်။

မြင်ကွန်းမင်းသားကို ၁၂၀၅ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၄ ရက်တွင်ဖွားမြင်၍ ငယ်အမည်မှာ မောင်မျိုးအေးဖြစ်သည်။ ငယ်စဉ်ကတည်းက မရယ်မပြုံးခပ်တည်တည်နေတတ်သဖြင့် သီလဝ ဟူသောဘွဲ့ရခဲ့သော သူဖြစ်သည်။ မြင်ကွန်းမင်းသားသည် ငယ်စဉ်ကတည်းကပင်ဘာသာတရားကိုင်းရှိုင်းတတ်သော်လည်း မဟုတ်မခံ ဆတ်ဆတ်ကြဲစိတ်ဓာတ်မျိုးရှိသူဖြစ်သည်ဟုရာဇဝင်ကျမ်းတို့တွင်ဖော်ပြထားပါသည်။

ကိုယ်တိုင်လဲ ပညာရှိတို့ကိုရိုသေကိုင်းရှိုင်းတတ်ပြီး ဓားခုတ်လှံထိုးစသောအတတ်ပညာ မြင်းစီးဆင်စီး စသောအတတ်ပညာတို့တွင် ဘကြီးတော်သူ ကနောင်မင်းသားကြီးကိုအားကျခဲ့သူဖြစ်ပြီး ထိုပညာရပ်တို့တွင် အလွန်ထူးချွန်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ အစပိုင်းတွင် ကနောင်မင်းသားကြီးနှင့်မြင်ကွန်းမင်းသားတို့သည် အလွန်ချစ်ခင်ကြသူများဖြစ်ပြီး  မြင်ကွန်းမင်းသားသည် ကနောင်မင်းသားကြီး၏ အိမ်တော်ကိုလာလည်ပါက ကနောင်မင်းသားကြီးလက်တော်သုံးကွမ်းအစ်ကို ပေးသည်အထိချစ်ခင်ကြသူဖြစ်သည်ဟု မြင်ကွန်းမင်းသား၏မြေးတော် ထိပ်တင်မြင့်မှ BBCနှင့်အင်တာဗျူးတွင်ဖြေကြားခဲ့သည်ကို မှတ်သားဖူးပါသည်။

မြင်ကွန်းမင်းသားနှင့်မိသားစုပန်းချီကား (BBC)


သို့သော် ၁၂၁၄ ခုနှစ် တပေါင်းလဆန်း ၁၁ ရက်နေ့တွင် မင်းတုန်းမင်းသားကြီးနန်းတက်၍ ကနောင်မင်းသားကို အိမ်ရှေ့အရာပေးရာမှပြဿနာစလေတော့သည်။ အဘယ်ကြောင့်ဆိုသော် မြင်ကွန်းမင်းသားသည် မင်းတုန်းမင်းသားကြီး အိမ်နိမ့်စံ(ဘုရင်မဖြစ်ခင်က)ရွှေရေးဆောင်မိဖုရားမှ မွေးသောသားဖြစ်ပြီး မင်းတုန်းမင်းသား၏ သား/သမီးများထဲတွင် အကြီးဆုံးဖြစ်၍ အိမ်ရှေ့စံအရာကိုရထိုက်သူဟု နောက်ပါတို့နှင့် နယ်ချဲ့အင်္ဂလိပ်တို့၏မြောက်ပင့်ပေးချက်အရ ကနောင်မင်းသားကြီး အိမ်ရှေ့စံဖြစ်သည်ကို အလိုလိုအငြိုးဖွဲ့လေသည်။

ကနောင်မင်းသားကြီးသည် ထက်မြက်သူဖြစ်သကဲ့သို့ပင် မြင်ကွန်းမင်းသားသည်လည်းခေသည့်သူမဟုတ်။ ဘုရင်ဖြစ်သူ မင်းတုန်းမင်းကြီးကိုပင်မထင်လျှင်မထင်သလို ခဏခဏပြန်ပြန်ပြောတတ်သည့် မဟုတ်မခံ အကျင့်ရှိသူဖြစ်သည်။ တစ်ခါသား မင်းတုန်းမင်းမှ သားတော်များစုံသည့်အချိန် ဟင်းချက်ခိုင်းလေရာ အခြားမင်းသားများက မချက်တတ်ကြောင်းလျှောက်သော်လည်း မြင်ကွန်းမင်းသားမှ မိမိအမဲသားဟင်းချက်တတ် ကြောင်း ခမည်းတော်ဘုရင်ကြီးစားသုံးလိုပါက ချက်ကျွေးမည်ဖြစ်ကြောင်း ပြန်လျှောက်လေသည်။ မင်းတုန်းမင်းသည် အမဲသားစားသူမဟုတ်သဖြင့် မြင်ကွန်းမင်းသား၏လျှောက်တင်ချက်ကိုကြားသောအခါ "ဟင်" တစ်လုံးသားရွတ်နိုင်၍ အတွင်းတော်သို့ဝင်သွားလေသည်။

၎င်းအကြောင်းကို မင်းသားငယ်များကကြားသောအခါ မြင်ကွန်းမင်းသားအား "နောင်တော်ဒါတော့လွန်တာပေါ့ ခမည်းတော်ကအမဲသားမှမဘုန်းတာကို" ဟုပြောသည်ကို မြင်ကွန်းမင်းသားက " နောင်တော်သိသားပဲ နန်းတော်မှာ လိုရာချက်ခိုင်းလို့ရတဲ့ စားဖိုမှူးတွေခန့်ထားပါလျှက် ဒို့ကိုအလုပ်မရှိ ဟင်းချက်ခိုင်းလို့ တမင်လျှောက်လိုက်တာ" ဟုသာပြန်လည်ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့သောမင်းသားပါပေ။

မင်းတုန်းမင်းသည် သားတော်များသာမဟုတ် မိဖုရားများလည်း ဟင်းချက်ခိုင်းခြင်း၊ တစ်ခါတစ်ရံမုန့်များ လုပ်၍ ဆက်သခိုင်းတတ်သူဖြစ်လေသည်။ တစ်ခါသော် မင်းတုန်းမင်းအတွက် မိဖုရားတို့မှ ဆက်သလာသော မုန့်မျိုးစုံတို့တွင် အလွန်နူးညံ့သည့်ပုံပေါ်သော်လည်း ကိုက်မရဖဲ့မရ မုန့်တစ်မျိုးပါလာသဖြင့် မိဖုရားတို့အား ခေါ်စစ်ရာ လက်သည်မပေါ်၊ မည်သူဆက်သမှန်းမသိ၊ နောက်ဆုံးမစားဘဲလွှင့်ပစ်လိုက်ရလေသည်။ စင်စစ်ထိုမုန့်သည် မြင်းကွန်းမင်းသား၏ မယ်တော် ရွှေရေးဆောင်မိဖုရားမှ ဆက်သသည့်မုန့်နေရာတွင် မြင်ကွန်းမင်းသားမှ ဆင်၏ လိင်အင်္ဂါကြီးအားကြော်ကာ မုန့်ပုံစံဖန်တီး၍ ဆက်သလိုက်ခြင်းဖြစ်လေသည်။

တစ်ခါလည်း မြင်းကွန်း မြင်းခုံတိုင်မင်းသားတို့သည် ငယ်ကျွန်များနှင့်အတူ မင်းတုန်းမင်းကြီး၏ မင်္ဂလာနွားတစ်ရှဉ်းလုံးကို ချက်ပြုတ်ကြော်လှော်၍ စားသောက်လိုက်ကြသဖြင့် မင်းတုန်းမင်းကြီး၏စေခိုင်းချက်အရ ဘကြီးတော် ကနောင်မင်းသားက နှစ်ပတ်ချုပ်ထား၍ ပြန်လွှတ်ပေးလိုက်လေသည်။ ထိုအခါနဂိုရန်ညှိုးမှ ပို၍ညှိုးလေတော့သည်။

ထို့ကဲ့သို့အညှိုးပေါ်အညှိုးဆင့်၍ ယောက်ခမတော်နှင့်မင်းတုန်းမင်းကြီးကိုပုန်ကန်၍ ထီးနန်းကိုလုရန် ညီတော်မြင်းခုန်တိုင်မင်းသားနှင့်တိုင်ပင်လေသည်။ ထိုအကြောင်းကိုရိပ်မိသွားသော ကနောင်မင်းသား၏သမီး မြင်းကွန်းမင်းသား၏ ဇနီးမှ ဖခင်ကနောင်မင်းသားကြီးအား ပရိယာယ်ဖြင့်လျှောက်ထားသည်ကို မြင်ကွန်းမင်းသားသိသွားသဖြင့် အိမ်တော်တွင် အင်္ဂတေဆုံထဲထည့်ထောင်း၍သတ်လိုက်လေသည်။

ထို့အကြောင်းကိုကနောင်မင်းသားကြီးကသိရှိသော်လည်း တူတော်မောင် သားမက်အားအပြစ်မယူဘဲရှိပြန်လေသည်။ စိတ်ထားကြမ်းတမ်း၍ ဆတ်ဆတ်ကြဲ မြင်ကွန်းမင်းသားသည် ငယ်ကျွန်များအားစုဆောင်း၍  မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် (၇)ရက်၊ ခရစ်နှစ် ၁၈၆၆ ခုနှစ်  ြသဂုတ်လ ၇ ရက်နေ့တွင် အရေးတော်ပုံကြီးအားစတင်ရန်ကြံစီလေတော့သည်။

ထို့နေ့တွင် မင်းတုန်းမင်းကြီးသည် လောကမာရဇိန်ဘုရားတွင် ပိဋိကတ်တော်များအား ကျောက်စာရေးထိုးနေမှုအားကြီးကြပ်နေသည့်အချိန်ဖြစ်၍ ကနောင်မင်းသားကြီးသည် ယာယီလွှတ်တော်အနီးရှိ မင်းတဲထဲတွင် ပခန်းမင်းကြီးဦးရန်ဝေး၊ မြတောင်ဝန်ကြီးဦးမှိုတို့နှင့်အတူ သဿမေဓ အခွန်ကိစ္စများဆွေးနွေးနေသည့်အချိန်ဖြစ်သည်။ ပုန်ကန်မှုကြီးစတင်သည့်အချိန်တွင် မြင်ကွန်းနှင့်မြင်းခုန်တိုင်မင်းသားတို့သည် အချိန်းအချက်လုပ်၍ မြင်းခုန်တိုင်မင်းသားက ရှေ့မှပြေး၍ မြင်ကွန်းမင်းသားကဓားကိုင်၍ နောက်မှလိုက်လေသည်။ ၎င်းကိုကနောင်မင်းသားကြီးက တူတော်များရန်ဖြစ်သည်အထင်နှင့်တားရန်ကြိုးစားလေသည်။ 

သို့သော်လွှတ်တော်ဝင်းအတွင်းတွင် အိမ်ရှေ့စံကနောင်မင်းသားကြီးပင် ဓားကိုင်ခွင့်မရှိဘဲ မြင်ကွန်းတို့ညီနောင်တစ်စုမှ ဓားကိုင်၍ပြေးလာသည်ကို အိမ်ရှေ့စံမင်းသားကြီးကသတိပြုမိသွားလေသည်။ မြင်ကွန်းညီနောင်တို့၏အပြုအမူသည် မူမမှန်သဖြင့် စုံစမ်း၍ရှေ့သို့တိုးသွားသည့် မြတောင်ဝန်ကြီးဦးမှိုသည်လည်း နေရာတွင်ပင် မြင်ကွန်းမင်းသားမှ ဓားဖြင့်ခုတ်သဖြင့် ကွယ်လွန်လေသည်။

ကနောင်မင်းသားကြီးလည်း အန္တရာယ်ကိုမြင်သဖြင့် အမြန်ရှောင်ရန်လွှတ်တော်ပေါ်သို့ပြေးအတက်တွင် မြင်းကွန်းမင်းသား၏နောက်လိုက် ငဖြူသီးဆိုသူမှ နောက်မှဓားဖြင့်ခုတ်ရာ ခြေထောက်ထိပြီးလဲကျသွားစဉ်တွင် မြင်ကွန်းမင်းသားမှ အိမ်ရှေ့စံကနောင်ကိုယ်တော်ကြီး၏ခေါင်းအားဖြတ်ယူလိုက်လေတော့သည်။

ဆက်လက်ဖော်ပြပါမည်

သက်တံ့နောင်(Wizardry Myanmar)


ဘုရင့်ကိုပုန်ကန်တဲ့သားဖြစ်သူကို ကိုယ်တိုင်စီရင်ခဲ့တဲ့ မြန်မာရာဇဝင်ထဲကမွန်သူရဲကောင်း


မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်၊ ခရစ်နှစ် ၁၈၈၆ ခု  ဩဂုတ်လ(၂)ရက်၊ ကြာသာပတေးနေ့တွင် ရှေးမြန်မာနိုင်ငံတွင်ဆုံးရှုံးမှုအကြီးဆုံးပုန်ကုန်မှုကြီးတစ်ခုဖြစ်သွားခဲ့သည်။ ၎င်းမှာမြင်ကွန်း မြင်းခုန်တိုင်အရေးတော်ပုံဟုအသိများသည့် ပုန်ကန်မှုကြီးပင်ဖြစ်သည်။ ထိုပုန်ကန်မှုကြီးတွင် အိမ်ရှေ့စံကနောင်မင်းသားကြီးကျဆုံးခဲ့ပြီးနောက် ကနောင်မင်းသား၏သားတော် ပတိမ်းမင်းသားသည် ကနောင်မင်းသားကြီးအား လုပ်ကြံရန် မင်းတုန်းမင်းကြီးက မြင်ကွန်းနှင့် မြင်းခုန်တိုင်တို့အား မြောက်ပင့်၍စေခိုင်းခြင်းဖြစ်သည်ဟု ထင်မှတ်ပြီး မင်းတုန်းမင်းကြီးအားပုန်ကန်ရန် ရွှေဘိုသို့အပေါင်းအပါများနှင့်ထွက်ခွာသွား လေသည်။

ပတိမ်းမင်းသားရွှေဘိုသို့ထွက်သွားခြင်းမှာ ၎င်းရွှေဘိုသည် အလောင်းမင်းတရားကြီး၏အောင်မြေဖြစ်ခြင်းကြောင့်လည်းတစ်ကြောင်းအပါအဝင်ဖြစ်လေသည်။ ပတိမ်းမင်းသား ရွှေဘိုအရောက်တွင် မင်းတုန်းမင်းအားပုန်ကန်ရန် သူပုန်တပ်ကြီးအားဖွဲ့စည်းလေတော့သည်။ ထိုသူပုန်တပ်ကြီးတွင် ကုန်းဘောင်မင်းဆက်တွင် လူသန်ကြီး၏ နာမည်ကျော်သူ မင်းတုန်းမင်းကြီး၏လူယုံတော် မြန်မာရာဇဝင်တွင် မင်းလက်ဝါးဟုနာမည်ကြီးသူ အမြင့်ငါးမြို့ဝန် မဟာသမိန်ဗရမ်း၏သားဖြစ်သူလည်းပါဝင်လေသည်။

မင်းလက်ဝါးသည် သမိန်ထောရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန်၏သားဖြစ်၍ ငယ်အမည်မှာမောင်လတ်ဖြစ်၍ မွန်လူမျိုးဖြစ်သည်။ မင်းလက်ဝါးငယ်စဉ်ကပင် ဖခင်ဖြစ်သူပုသိမ်မြို့ဝန်ကွယ်လွန်သွားသဖြင့် ရေကင်းဘုန်းတော်ကြီးမှခေါ်ယူမွေးစား၍စာပေများသင်ကြားပြသ ပေးခဲ့လေသည်။ ဤတွင်ပင်မင်းလက်ဝါးလေးသည် ၎င်း၏မိခင်နှင့်အစ်မများနှင့်ကွဲကွာသွားလေသည်။ လူပျိုအရွယ်ရောက်သောအခါ တောထဲတွင်သစ်ခုတ်ရင်းသစ်ငုတ်တိုစူးသဖြင့် မျက်စိတစ်ဖက်ကွယ်သွားလေသည်။

မင်းလက်ဝါးသည် လယ်ယာအလုပ်ကိုဝါသနာပါသူမဟုတ် အိမ်ထောင်ကျပြီးသောအခါ လယ်ယာအလုပ်ကို စိတ်မဝင်စားပဲရှိသဖြင့် ဇနီးလုပ်သူကငြူစူလာကာ ယောက္ခများကအမြင်မကြည်သဖြင့် မင်းနေပြည်တော်တွင် သူရဲဝန်ကတော်ဖြစ်နေသည့် အစ်မကြီးထံ ၁၈၄၄ ခုနှစ်တွင်ဇနီးကိုစွန့်၍ထွက်ခွာလာခဲ့လေသည်။ သူရဲဝန်ကြီးလည်း ၎င်း၏ယောက်ဖအသွင်အပြင်ကိုကြည့်၍ အားကိုးရမည့်သူဖြစ်ကြောင်းသိသောအခါ အနီးအနားတွင်ခေါ်ထား၍ နန်းတွင်းရေးရာများသင်ကြားပေးသည်။ တစ်ခါတစ်ရန် ဆင်စီးမြင်းစီး ဓားလှံ လေးမြားအတတ်များသင်ကြားပေးလေသည်။ 

သူရဲဝန်သည်အခွင့်အရေးရသည့်အခါ မင်းတုန်းမင်းကြီး၏အနီးအပါးတွင်ခေါ်ယူ၍ခစားစေသည်။ မင်းတုန်းမင်းကြီးလည်း မင်းလက်ဝါးလေး၏အရည်အချင်းကိုသဘောကျသဖြင့် ချောင်းဦးရွာစားအဖြစ်ခန့်အပ်လေသည်။ ထို့နောက်အမြင့်မြို့စားအဖြစ်တိုးမြှင့်ခန့်အပ်လေသည်။ အမြင့်မြို့ဝန်ဖြစ်လာသည့် ဦးလတ်သည် ထိုစဉ်ကမင်းလက်ဝါးအဖြစ်နာမည်မကျော်သေး၊ နာမည်ကျော်လာသည့်အကြောင်းမှာ ၎င်းအပိုင်စားရသည့် နယ်မြေအတွင်း သူပုန်သူကန်၊ သူခိုးသူဝှက်များရှိပါက ၎င်းကိုတိုင်လက်ဝါးဖြင့်ရိုက်၍ ဆုံးမလေသည်။ သို့သော် ဦးလတ်ဆုံးမခံရသူတိုင်းသည် ဦးလတ်၏လက်ဝါးဒဏ်ကိုမခံနိုင်သဖြင့် သေသောသူကများသည်။ ထို့ကြောင့် မူလဦးလတ်ဟူသောအမည်ပျောက်၍ အမြင့်မြို့စားမင်းလက်ဝါးဟုသာလူအများက ခေါ်တွင်လေတော့သည်။

အမြင့်မြို့အတွင်းတွင် သူခိုးသူဝှက်များအထူးကင်းစင်ကြောင်းသတင်းသည် နေပြည်တော်ရှိ မင်းတုန်းမင်းထံ ရောက်ရှိသွားသောအခါ မင်းတုန်းမင်းမှခေါ်ယူမေးမြန်းရာ ဖြစ်ကြောင်းကုန်စင်ကိုသိသည့်အပြင် နဂိုသူကောင်းမျိုးရိုးဖြစ်သဖြင့် ၁၈၆၅ ခုနှစ်တွင် ဖခင်၏ဘွဲ့အမည်ဖြစ်သော မဟာသမိန်ဗရမ်းဟူသောဘွဲ့ကို ချီးမြှင့်လေသည်။ 

ပတိမ်းမင်းသားအရေးအခင်းဖြစ်သောအခါ မင်းနေပြည်တော်သို့အဝင်အထွက်ရှိသော မင်းလက်ဝါး၏သားသည် ပတိမ်းမင်းသားတို့၏သူပုန်တပ်ဖြင့်လိုက်ပါသွားလေတော့သည်။ ပတိမ်းမင်းသားရွှေဘိုတွင်အင်အားစုဆောင်းနေစဉ် မင်းတုန်းမင်းကြီး၏ဘုရင့်တပ်တော်မှာ မြင်းကွန်းမြင်းခုန်တိုင်အရေးအခင်းအပြီးတွင် အင်အားချိနဲ့နေချိန်ဖြစ်သည်။ ထို့ကြောင့်ပတိမ်းမင်းသားလည်း ရွှေဘိုမှ ရတနာပုံနေပြည်တော်သို့ စစ်ကြီးပြင်၍ထွက်ခွာလာလေသည်။ ပတိမ်းမင်းသား၏သူပုန်တပ်တော်အား ဘုရင့်တပ်တော်မှ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသား၊ သုံးဆယ်မင်းသားနှင့်အတူ မင်းလက်ဝါးအားခုခံတိုက်ခိုက်ရန်တာဝန်ပေးအပ်လေသည်။ မင်းလက်ဝါးလည်းစစ်သည်များကိုရသမျှစုဆောင်းပြီး ပတိမ်းမင်းသား၏တပ်များအား ဖြည်းဖြည်းချင်းအချိန်ဆွဲ၍တိုက်ခိုက်လေသည်။ 

စင်စစ်ထိုတိုက်ပွဲများသည် အဖေနှင့်သားတို့တိုက်ခိုက်သောတိုက်ပွဲများဖြစ်လေသည်။ ကာလကြာရှည်သောအခါ ပတိမ်းမင်းသားတပ်များတွင် လက်နက်ခဲယမ်းရှားပါးလာခြင်းကြောင့် ပတိမ်းမင်းသားနှင့်ခေါင်းဆောင်များသည်  ဧရာဝတီမြစ်အတိုင်းကျောက်မြောင်းကိုပြန်လည်ဆုတ်ခွာရလေသည်။ မက္ခရာမင်းသားနှင့် မင်းလက်ဝါးတို့၏တပ်များမှ နောက်မှလိုက်သဖြင့် ကျောက်မြောင်းတွင် မင်းသားတစ်စုနှင့်အတူ သူပုန်ဗိုလ်ဖြစ်နေသည့် မင်းလက်ဝါး၏သားကိုဖမ်းမိလေသည်။ 

ပတိမ်းမင်းသားနှင့်ကျန်မင်းသားများမှာ ဘုရင့်သားတော်ဖြစ်သဖြင့်‌ နေပြည်တော်တွင်အကျဉ်းချထားခြင်းခံ ရပြီး  လက်အောက်ခံတပ်ဗိုလ်၊ တပ်မှူးများတားနေသည့်ကြားမှပင် သူပုန်ဗိုလ်ဖြစ်နေသည့် မိမိ၏သားအား မင်းလက်ဝါးမှ သစ္စာဖောက်အဖြစ်သတ်မှတ်ကာ ကိုယ်တိုင်ကွပ်မျက်လိုက်လေသည်။ မင်းလက်ဝါး၏သစ္စာရှိပုံအား မင်းတုန်းမင်းကြီးမှကြားသိရသောအခါ မင်းကြီးမင်းခေါင်သူရိန်ဟူသောဘွဲ့ကို ထပ်မံချီးမြှင့်၍ ရတနာကိုးပါးစီချယ်သောရွှေဓားကိုပေးအပ်ကာ မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ကို ၁၈၇၄ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။

တစ်ခါသော် အင်္ဂလိပ်လူမျိုးများသည် မင်းတုန်းမင်းကြီးရှေ့တွင်ခစား၍ မိမိတို့လူမျိုးသည် ကမ္ဘာပေါ်တွင်နေမဝင်အင်ပါယာကိုပိုင်ဆိုင်၍ ခွန်အားအလွန်ကြီးသူများဖြစ်ရာ ကမ္ဘာပေါ်တွင်မိမိတို့ကိုမည်သူမျှမနိုင်ဟုကြွားလုံးထုတ်သောအခါ သက်တော်ရှည်ဘွဲ့ရ မင်းလက်ဝါးသည် မခံမရပ်နိုင်ဖြစ်၍ အင်္ဂလိပ်ကြီးနှင့်ခွန်အားချင်း ယှဉ်ပြိုင်ရာမင်းလက်ဝါးကအနိုင်ရခဲ့သည်ဟူ၏။

မင်းတုန်းမင်းကြီးလွန်ပြီးနောက် သီပေါမင်းတရားလက်ထက်တွင် အမြင့်မြို့စားအဖြစ်ခန့်အပ်ပြီး မင်းကြီးသူရမဟာမင်းခေါင် သမိန်ဗရမ်းဟူသောဘွဲ့အမည်ဖြင့် လက်ဝဲဝင်းမှူး(ဘုရင့်ကိုယ်ရံတော်တပ်အကြီးအမှူး) ဖြစ်လာခဲ့လေသည်။ ၁၈၈၅ ခုနှစ်တွင် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ အောက်မြစ်စဉ်တိုက်ပွဲများတွင် မင်းလှခံတပ်ကြီးကျဆုံးပြီးနောက် မဟာသက်တော်ရှည်မင်းလက်ဝါးသည် အင်္ဂလိပ်တို့အားပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်သည်ကို မြန်မာလွှတ်တော်မှ မေတ္တာရပ်ခံခဲ့သဖြင့် လက်နက်ချခဲ့ရလေသည်။ 

မင်းလက်ဝါးကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိ၍ ဇနီး ၁၀ ဦး၊ သား ၂၀၊ မြေး ၁၀ ဦးကျန်ရစ်ခဲ့လေသည်။

သက်တံ့နောင်(Wizardry Myanmar)

မြန်မာ့သမိုင်းမှာအထူးခြားဆုံးဖြစ်ရပ်နှင့် မြန်မာ့ရာဇဝင်မှာ အတုံးဆုံးဘုရင်


မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၈ရက် ခရစ်နှစ် ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့
ထို့နေ့သည် မြန်မာရာဇဝင်တွင်ထူးခြားသောနေ့တစ်နေ့လည်းဖြစ်ပါသည်။ ထို့နေ့တွင် နန်းတောင်၏တောင်ဘက်အရပ်မှ နန်းတောင်၏မြောက်ဘက်အခြမ်းသိုလိပ်ပြာများဖြတ်ပျံခြင်း၊၊၊၊၊၊မြို့အရှေ့ဘက်တံခါးတွင် ဆင်ရိုင်းလာသေခြင်း၊ နန်းတော်ရှိဘုရင့်တံခွန်ကျခြင်း၊ မိုးကောင်းကင်တစ်ခုလုံးသွေးကဲ့သို့နီရဲခြင်း၊ နန်းတော်မြို့ရိုးတို့အက်ကွဲခြင်း၊ ပင်းယရှိရွှေစည်းခုံစေတီတို့ပြိုကျခြင်းများဖြစ်ခဲ့ကြောင်း မြန်မာရာဇဝင်တို့တွင်ဖော်ပြထားပါသည်။

ထိုဖြစ်ရပ်ဆန်းများဖြစ်နေသည့်အချိန် စဉ်ကူးမင်းသည် နန်းတော်တွင်မရှိ ခင်ဦးမြို့ရှိ အညာသီဟတောဘုရားသို့ဘုရားဖူးထွက်ခွာနေသည့်ကာလဖြစ်ပါသည်။ ထိုအချိန်တွင်အလောင်းမင်းတရားကြီး၏မြေးတော်၊ နောင်တော်ကြီးမင်း၏သားတော်ဖြစ်သည့် ဖောင်းကားရွာစားမောင်မောင်သည် ရုပ်တည်ကြီးနှင့် မင်းမြှောက်တန်ဆာငါးပါးအားဝတ်ကာ ပုလ္လင်ပေါ်တက်ထိုင်၍နန်းသိမ်းလိုက်လေသည်။ ထိုအချိန်သည် ကုန်းဘောင်မင်းနေပြည်တော်တွင် ဘုရင်စဉ်ကူးမင်းလည်းမရှိ ဘုရင့်စစ်တပ်လည်းမရှိသည့်အချိန်ဖြစ်သည်။ 
ဖောင်းကားစားမောင်မောင်သည် ကုန်းဘောင်နေပြည်တော်၏ဘုရင်ဖြစ်လာသည့်တိုင် ၎င်းတွင် စစ်တပ်လည်းရှိ သူရဲကောင်းဟူ၍လည်းမရှိ ၎င်းအပိုင်စားရသည့်ဖောင်းကားရွာမှာ ကျွန်ယုံတစ်ချို့သာပါလာလေသည်။ စိတ်ကူးယဉ်ဇာတ်လမ်းဆန်ဆန် နန်းသိမ်းခဲ့သော မောင်မောင်သည် လောလောလတ်လတ်တွင် တတိယမြန်မာနိုင်ငံတော်၏ ဘုရင်တစ်ပါးအဖြစ်စာရင်းဝင်သွားလေသည်။

နန်းတက်ပြီးနောက် ၎င်းကိုးကွယ်သည့် ဗေဒင် နက္ခတ်ကျွမ်းကျင်သည့် ဆရာတော်အားနန်းတော်သို့ ပင့်ဖိတ်၍ ဆွမ်းကပ်ရာ ဆရာတော်မှ ၎င်း၏ဗေဒင်ပညာဖြင့် အနောက်အရပ်မှကုက္ကိုလ်ပင်အားခုတ်မှသာ နန်းသက်ရှည်မည်ဖြစ်ကြောင်း ဝိနည်းလွတ်အခါပေးခဲ့သည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်၍ ဤမျှသာမိန့်သော်လည်း ဆရာတော်ပြောလိုသည့် အဓိပ္ပာယ်မှာ စဉ်ကူးမင်းနန်းတက်စဉ်က နန်းလုမည်စိုး၍အဝေးသို့ပို့ထားသည့် မင်းသားဦးဝိုင်း(ဗဒုံမြို့စား)အား သုတ်သင်ရန်ဖြစ်လေသည်။

သို့သော် မဟာပညာကျော်ဖောင်းကားစားမောင်မောင်မင်းသည် နန်းတော်အနောက်ဘက်ရှိ ကုက္ကိုလ်ပင်ကြီးအားအမှန်တကယ်ပင်ခုတ်လှဲလိုက်လေသည်။ ဤသို့ဖြင့် နန်းတက်ပြီး (၇)ရက်အကြာ မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၄ ရက် တနင်္လာနေ့တွင် ဗဒုံမြို့စားမင်းသားမောင်ဝိုင်းသည် ပင်းတလဲမင်းသား၊ စည်သာမင်းသားတို့နှင့်ပူးပေါင်း၍ စစ်သည် ၃၀၀ ခန့်ဖြင့်သာ ဝိုင်းဝန်းလုပ်ကြံလိုက်ပြီး ခုခံပေးမည့်သူမရှိသည့် ဖောင်းကားစားမောင်မောင်ဘုရင်အား နန်းချလိုက်လေတော့သည်။ ထိုနေ့တွင် နန်းတော်တွင် အာဏာလုပွဲကြီးဖြစ်ပွားသည်ကို တိုင်းသူပြည်သားတို့ပင်သိရှိလိုက်ခြင်းမရှိဟု ရာဇဝင်တို့တွင်ဖော်ပြထား ပါသည်။

ဗဒုံမင်းနန်းတက်ပြီးနောက် ဖောင်းကားစားမောင်မောင်အား ကတ္တီပါအိတ်ဖြင့်ထုတ်၍ ဧရာဝတီမြစ်အတွင်း ပစ်ချအဆုံးစီရင်လိုက်လေသည်။ ဖောင်းကားစားမောင်မောင်ဆက်ဆော့သဖြင့် အချောင်နန်းကျဘုရင်ဖြစ်သွားသည့် စဉ့်ကူးမင်းသည်လည်း အညှိုးရှိသည့် ဗဒုံမင်းက ဖမ်းပြီးကွပ်မျက်သဖြင့် ကံကုန်ရရှာလေသည်။

ဤသို့ဖြင့် မြန်မာ့ရာဇဝင်တွင် ထူထူးဖြစ်ရပ်ဆန်းများဖြစ်ခဲ့သည့် နေ့တစ်နေ့တွင် မြန်မာ့ရာဇဝင်တွင် အတုံးဆုံးပုဂ္ဂိုလ်ဖြစ်လာမည့် ဖောင်းကားရွာစားမောင်မောင်သည် ကုန်းဘောင်မင်းဆက်၏မင်းတစ်ပါးဖြစ်ခဲ့ပါသည်။

သက်တံ့နောင်(Wizardry Myanmar)


Contact To Me

Contact Me
U Natyale
+15812004630
Myanmar

Powered by Blogger.

မွန်ဂိုတွေပုဂံကိုသိမ်းပိုက်ခဲ့ပေမဲ့ ဘာလို့မြန်မာပြည်တရုတ်လက်ထဲမရောက်ခဲ့ရသလဲ

  ခရစ်နှစ် ၁၂၈၇ ခုနှစ် ကူဗလိုင်ခန်မင်းကြီး၏ မွန်ဂိုတပ်များသည် ပုဂံနိုင်ငံတော်အားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပုဂံတပ်များ ငဆောင်ချမ်းတိုက်ပွဲတွင်ရ...

Search This Blog

Blog Archive

International

Auto News

Stay Updated

Subscribe your e-mail address and get to know about fresh stuff!

Entertainment

Fun & Fashion

Get All The Latest Updates Delivered Straight Into Your Inbox For Free!

Subscribe Us

Random Products

Sed pellentesque nibh enim, quis euismod enim lacinia nec. Phasellus quam diam, semper in erat eu. Consectetur adipiscing elit. Sed pellentesque nibh enim, quis euismod enim lacinia nec.

Advertisement

Popular Posts