ကိုရိုနာဗိုင်းရပ်စ်ကုသဆေးအသစ်ဖြစ်သည့် Remdesivir ဆေးကို လူများ၌ စမ်းသပ်ရာ အောင်မြင်ခြင်းမရှိ
ကိုရိုနာဗိုင်းရပ်စ်ကို ကုသရန် စမ်းသပ်ဆေးဝါးအဖြစ် သွေးပြန်ကြောထဲသို့ ထိုးသွင်းရသည့် ဆေးရည်ဖြစ်သည့် Remdesivir ကို ပထမဆုံး စမ်းသပ်ချက်အဖြစ် လူများ၌ စမ်းသပ်ကုသရာ အောင်မြင်ခြင်းမရှိကြောင်းနှင့် ဧပြီ ၂၃ ရက်တွင် မရေရာသော ရလဒ်များသာ ထွက်ပေါ်လာကြောင်း WHO မှမတော်တဆပေါက်ကြားလာသောသတင်းများအရ သိရှိခဲ့ရသည်ဟုဆိုပါသည်။ အဆိုပါဆေးသည် လက်တလော ကိုရိုနာဗိုင်းရပ်ရောဂါအားတိုက်ဖျက်ရန် လူပြောအများဆုံးနှင့် အောင်မြင်မှုရှိနိုင်ကြောင်း မျှော်လင့်ချက်အရှိဆုံးဆေးလည်းဖြစ်ပါသည်။
ယင်းအကျဉ်းချုပ်ဖော်ပြချက်တွင် တရုတ်နိုင်ငံ၌ စမ်းသပ်ရာတွင် လူနာ ၂၃၇ ဦး ပါဝင်ပြီး ၁၅၈ ဦးကို အဆိုပါဆေးဝါးကို ပေးလျက် ကျန် ၇၉ ဦးကို နှိုင်းယှဉ်ရန် အုပ်စုအဖြစ် ထားခဲ့သည်ဟု ပြောကြားထားသည်။ ယင်းတို့အနက် လူနာ ၁၈ ဦးတွင် ဘေးထွက် ဆိုးကျိုးများ ထွက်ပေါ်လာသည်ကို တွေ့ရှိရသောကြောင့် Remdesivir အားဆက်လက်ပေးခြင်းမပြုတော့ ကြောင်းသိရှိရပါသည်။
ထို့အပြင် Remdesivir ပေးထားသည့် လူနာမျာ၏ ၁၃.၉ ရာခိုင်နှုန်း သည် သေဆုံးခဲ့ပြီး (ယင်းဆေးကို ပေးထား ခြင်းမရှိသည့်) နှိုင်းယှဉ်အုပ်စုမှ ၁၂.၈ ရာ ခိုင်နှုန်းသာ သေဆုံးခဲ့သောကြောင့် ယင်း ခြားနားမှုသည် စာရင်းအင်းပညာအရ ခိုင်လုံမှုမရှိ ကြောင်းလည်းသိရှိရပါသည်။
WHO ကမူ ယင်းအကြမ်းဖျင်းဖော်ပြချက်သည် တန်းဝင်သည့် သုံးသပ်ချက်ဖြစ်အောင် သွားနေဆဲသာဖြစ်ပြီး အစောပိုင်းသုံးသပ်ချက်များသည် မှားယွင်းဖော်ပြခဲ့ခြင်းသာဖြစ်သည်ဟု Financial Times သို့ ပြောကြားခဲ့သည်။
Gilead Sciences ကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက “အဲ့ဒီပို့စ်မှာ လေ့လာချက်ရဲ့ မခိုင်လုံတဲ့ သတ်မှတ်ဖော်ပြချက်တွေ ပါဝင်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်” ဟု ပြောကြားခဲ့ပြီး ယင်းပို့စ်ကို တန်း မဝင်သောကြောင့် စောစီးစွာ ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်းနှင့် စာရင်းအင်းပညာအချက်အလက်အရ အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့သည်။
“အဲဒီလိုမျိုး လေ့လာချက်ရလဒ်တွေက မခိုင်လုံပေမဲ့ အချက်အလက်တွေရဲ့ လမ်းကြောင်းက Remdesivir ဟာ အကျိုးဖြစ်ထွန်းနိုင်တဲ့အလားအလာရှိကြောင်း ထောက်ပြနေပါတယ်။ အထူးသဖြင့် ရောဂါကို စော စောစီးစီး ကုသတဲ့ လူနာတွေမှာပေါ့” ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ယင်းလေ့လာချက်သည် ယခုဆေးဝါးနှင့် ပတ်သက်၍ နောက်ဆုံးကောက်ချက်ကို ကိုယ်စားမပြုကြောင်း၊ လာမည့်အဆင့်များ အတွက် အတိုင်းအတာကျယ်ပြောသည့် စမ်းသပ်ကုသမှုများပြုလုပ်သွားမည်ဟုလည်းသိရှိရပါသည်။
Ref - BBC & Eleven Media Group
0 comments:
Post a Comment